Sunday, July 30, 2017

ဟင်းလင်းပြင်






 
ရင်ဘက်တစ်ခုလုံးကို ဟင်းလင်းဖွင့်ထားြပြီး
အလုံပိတ်အခန်းလွတ်ထဲ ထည့်ထားလိုက်တယ်
Flueထက်ဆိုးဝါးတဲ့ အရာတွေကိုကျွန်တော်ကြောက်တယ်..



ပြတင်းတစ်ချပ်ဖောက်ထွက်ယုံနဲ့ လောကကိုထိတွေနိုင်ပေ့မယ့် Summer လို့ ခင်ဗျားလိပ်ခေါင်းထွက်အောင်အော်နေတောင်မှ ကျွန်တော့်အတွက့်က Hurricane တစ်လုံးတိုက်ခတ်နေတာ..



ခံစားချက်တွေမွန်းကြပ်နေတာထက် 
ခံစားမှုကင်းမဲ့နေတာကိုကျွန်တော်နားလည်နိုင်ခဲ့ရင်
ပုထုဇဉ်ဘဝကို အေးချမ်းစွာစွန့်လွှတ်နိုင်မှာ..။

Friday, July 28, 2017

Bad Feeling 36






 
Blog မဝင်ခင်လေးတင် ကျွန်တော့်ဘာသာ တွေးမိနေတာ နောက့်၄နှစ်ဆို မိုးမိုးသီချင်းဆိုနေရြပြီလို့ " အသက်လေးဆယ် လူတွေမေးတယ် ဘယ်တော့များမှ စားရမှာလဲ လူတွေမသိအောင်ဟန်ဆောင်ရပြီ အပြုံးလေးနဲ့လိမ်ရပြီ.. "


Enough လုံလောက်ပါပြီ ကျွန်တော်လို့ ငပိန်းတစ်ကောင်အတွက့် 2011 May လ ထဲက အချစ်ဆိုတဲ့ခံစားချက်အတွက်
ကျွန်တော်တစ်ယောက် စောက်ပြဿနာတက်လိုက်ရတာ
2017 May လ အထိတိုင်..


May ဆိုတဲ့လက ကျွန်တော့်ကို တော်တော်ချစ်တယ်
12 ရက်ဆိုတဲ့ ကိန်းဂဏန်းကလဲ ကျွန်တော့်ကို
တော်တော်လေး သဘောကျခဲ့တယ်ထင်တယ်..


အဲ ရေးချင်တာတွေ လမ်းလွဲသွားပြန်ြပြီ Internet ဝင်ရင် Blog ကို ဝင်ကြည့်မိတယ် ဘယ်နှစ်ယောက်ဝင်ဖတ်တယ်ဆိုတာ ဘယ်သူဖတ်မှန်းမသိပေမယ့် ဝင်ဖတ်တဲ့လူရှိတယ်ဆိုရင် ကျွန်တော်ပျော်တယ်ဗျာ..


Main ကတော့ ဒီ Blog ပေါ့ ကျန်တဲ့ ၂ခုကိုတော့ တစ်ခါတလေ ဝင်ကြည့်မိတယ် အခု အတိတ်အရပ်ဝင်ကြည့်မိတော့ တစ်ယောက်ဝင်ဖတ်ထားတာ Feeling 30 ကျွန်တော်စိတ်ဝင်စားသွားတယ် ကိုယ်ရေးထားတာ ကိုယ်မမှတ်မိတော့တာ..


အဲ့ဒါနဲ့ ဝင်ဖတ်မိလိုက်တော့ 2011 August က ရေးထားတာ
ရောဂါထစအချိန်ဆိုတော့ စာကောင်းကောင်းရေးဖြစ်သေးတယ် ကျွန်တော့်ဘာသာ စိတ်ပျက်သွားတယ်ဗျာ လွန်ခဲ့တဲ့၆နှစ်ကတောင် သုံးစားလို့ရသေးတယ် အခုလက်ရှိအချိန်မှာတော့ စောက်သုံးတော်တော်မကျတော့တာ..


ကတိမပေးချင်ဘူးဗျာ ကြိုးစားကြည့်မယ်ဗျာ အရင်လိုသုံးစားလို့ရတဲ့ အခြေအနေပြန်ရောက်အောင်..



Feeling 30 ကို ဟိုဘက် Blog ကနေ ကျွန်တော်မလာတာဗျ..


Mom, i need u now coz i really disappointed my life

someone said life is a serious of disappointments

but that time i don't agreement that word

now true already 21 days how i across my life?



အမေ.. လူတစ်ယောက်က ပြောခဲ့ဖူးတယ် ဘဝဆိုတာ အရမ်းကြောက်ဖို့ကောင်းတဲ့ စိတ်ပျက်စရာကောင်းတဲ့ ထောင်ခြောက်တဲ့ အဲ့ဒီ့အချိန်က ကျွန်တော်သတ္တဝါတစ်ကောင် ကိုယ့်ရှေ့မှာရောက်နေသလိုထင်ခဲ့မိတယ် အခု သူ့ရှေ့မှာ ကျွန်တော်သတ္တဝါပြန်ဖြစ်သွားတာ..



Sometimes careless anything is enjoyable for me

but can't stay always don't care anything!!

Stay abroad more distress other people so try stable myself!!

wanna be but now can't be so must be

I wanna die but i didn't choose this way

I'm physcho may be I'm crazy

but i will be finally i believed myself!!

Mom, let it be!!



တစ်ခါတစ်ခါ ကျွန်တော် ဘာမှကိုယ် ေ_ာက်ဂရုမစိုက်ဘဲ နေမိတယ် စိတ်တော့ချမ်းသာတယ် ဒါပေမယ့် လူဆိုတာ ပတ်ဝန်းကျင်နဲ့ ကင်းကွာလို့ မရဘူးဆိုတာ ကျွန်တော် နားလည်ထားတယ်..


စိတ်ဓါတ်အရမ်းကျနေတဲ့ အချိန်မျိုးမှာ ကျွန်တော် သတ်သေချင်တယ် ဒါပေမယ့် ကျွန်တော်လုပ်မှာ မဟုတ်ပါဘူး ထေဒဝါရဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည့်တဲ့ အကျိုးကျေးဇူးပါ..




Mom, today I did portrayed of a drama.

I think so I’ll be deceiving all of them.

Finally I’ll be capitulate them because

I’m illiterate!!



အမေ.. ကျွန်တော် အရမ်းဟာသပြောတက်တယ် ကျွန်တော်က လူဆိုတဲ့အရာတွေကို ပုံပြောချင်တယ် ကိုယ့်ကိုကိုယ်ရွှေယုန်ဆိုတဲ့ စိတ်ကြီးဝင်နေခဲ့တယ် တကယ်တော့ ကျွန်တော် ခပ်ညံ့ညံ့ရွှေကျားဆိုတာ အမြီးမသိမ်းတက်မှ နားလည်သွားတယ်.. စာသင်လိုက်အုံး ကလေးရယ်တဲ့ လောကကြီးက ဟတ်ကနဲ တစ်ချက်ရယ်ရင်းပြောသွားတယ်..



Mom, I Known Already Everything Damn All!!

Mom, before September

I will be trying adjustable my life.

I want be smart lady already.

Because she (My Mom) said to me,

Lady look out the world already.

Looking disposed eye saw everything will be good.



Feeling 30 နှစ် ၃၀ လုံး ကျွန်တော် အချိန်တွေကို သွန်ချခဲ့ပြီးပြီ ငွေတွေကို မီးရှို့ခဲ့ပြီးပြီ ရပ်တန့်သင့်ပါပြီ ကျွန်တော် မောနေပြီ အမေ ကလေးတစ်ယောက်လို ထင်ရာစိုင်းပြီးပြီ လူကြီးလုပ်ရတော့မယ် အချိန်ဆိုတာကမေးနေပြီ မင်းသက်တမ်း တစ်ဝက်ကုန်သွားပြီ ဘာလုပ်အုံးမှာလဲတဲ့ ကျွန်တော် အချိန်ဆိုတာကို အဖြေပေးရတော့မယ် 


“ ကျွန်တော် ကြိုက်တဲ့ စကားပုံလေးပါ အဖေလဲ ပြောဖူးတယ် လုပ်တဲ့သူက မပြောဘူးတဲ့၊ ပြောတဲ့သူက မလုပ်ဖူးတဲ့။ ” ကျွန်တော် ဘယ်လိုလူ အများကြီးမဟုတ်တောင် ကျွန်တော့်ကိုကျွန်တော် သိဖို့ လိုအပ်နေပြီ။

Thursday, July 20, 2017

သနပ်ခါးနှင့်ကျွန်တော်



 
ကိုယ့်မှာက သူများတွေလို ခါးခါးလိမ်းပေးစရာ ကလေးမရှိတော့ ကိုယ့်ဘာသာကိုယ်ပဲ သနပ်ခါးလိမ်းပေးလိုက်ရော..


ငယ်ငယ်က ရေချိုးပြီးတိုင်း သနပ်ခါးလိမ်းရင် အမေကသနပ်ခါးခွံ့တက်တာ၊ မူကြိုသွားခါနီး သနပ်ခါးလိမ်းပေးတာ၊ နေ့လည်မူကြိုမှာ ရေချိုးပေးပြီးတိုင်း ဆရာမက သနပ်ခါးလိမ်းပေးတာ တိတိကျကျကြီးမဟုတ်ပေမယ့် ကျွန်တော်မှတ်မိနေသေးတယ်..



သနပ်ခါးကို ကြိုက်လားဆိုတော့  ကြိုက်တဲ့အဆင့်လွန်သွားတာ ချစ်တာ၊မြတ်နိုးတာ သနပ်ခါးလိမ်းထားရင် ကိုယ့်ဘာသာကိုယ် အလှဆုံးထင်မိတယ်၊ မိတ်ကပ်မလိမ်းဘူးလားဆိုတော့ လိမ်းပါတယ် ဒါပေမယ့် အသက်၃၆နှစ်မှာ သနပ်ခါးလိမ်းတာက သက်တမ်းအပြည့်နီးပါးပဲ မိတ်ကပ်လိမ်းတာ ၄၊၅နှစ်လောက်ပဲရှိမယ် ကျန်တဲ့အချိန်က သနပ်ခါးလိမ်းထားတာများတယ်..


အခုခေတ်က တိုးတက်လာတော့ မွေးခါစကလေးကနေ ၁နှစ်သားလောက့်ထိ Lotion လိမ်းပေးတာများကြတယ် သနပ်ခါးက မလိမ်းသင့်ဘူးဆိုတော့ Feeling တစ်မျိုးကြီးဗျာ သနပ်ခါးဘူးတွေတော့ အားမပေးပါဘူး သနပ်ခါးတုံးကို အဲ့လိုပြောတာတော့ လက်မခံပါဘူး အပင်ကိုရေနွေးနဲ့ပြုတ်ပြီး လိမ်းတာက Lotion ဆိုတဲ့ ဓာတုပစ္စည်းထက်စာရင် ဘေးပိုကင်းပါတယ် ကျွန်တော်တို့အဘေး၊အဘိုးလက်ထပ်ထဲက ကလေးငယ်တွေကို သနပ်ခါးလိမ်းပေးလာတာပါ ဘေးဖြစ်ရင် ကျွန်တော်တောင် လူလားမြောက်ြပြီး အဒေါ်ကြီးဖြစ်မလာတော့ဘူး..
(ရေနွေးနဲ့ပြုတ်တာက ပိုးသတ်ပြီးသားဖြစ်သလို သနပ်ခါးရနံ့လဲ ပိုမွှေးလာပါတယ်။)



ဆောက်ဖြစ်မှ ကျောင်းတကာပါဗျာ ကျွန်တော်သာ ကလေးရှိလို့ကတော့ သနပ်ခါးတုံးကို ပြစ်နေအောင်သွေးပြီး တစ်ကိုယ်လုံးမွှေးနေအောင် လိမ်းပေးထားမှာဗျ..


ဟီး သနပ်ခါးအကြောင်း ကိုယ်မရေးတက်တော့ သူများရေးထားတာ မလာတာဗျ အောက်ဆုံးမှာ Link ပါထည့်ပေးထားပါတယ်..




MOGAUNG EXPRESS

ကြွရောက်လာသော မိတ်သဟာ ချမ်းသာ ကိုယ့်စိတ်မြဲပါစေ



Monday, August 10, 2015

ဆေးဖက်ဝင် မြန်မာ့ သနပ်ခါး အကြောင်း သိကောင်းစရာ။




(အပင် ပုံသဏ္ဍာန်)အမြင့် ၂၀-၃၀ ပေထိမြင့်တဲ့ ပင်လတ်မျိုး ဖြစ်ပါတယ်။ ပင်စည်ရဲ့ အကိုင်း အခက် တွေမှာ ၁/၂ လက်မ မှ ၁ လက်မ အထိ ရှည်သော ချွန်ထက် မာကျောတဲ့ ဆူးများ ရှိကြ ပါတယ်။ အပင်နုစဉ်မှာ အပွေးမဲ့ပြီး အပင်ရင့် လာတဲ့ အခါ အပွေးထူလာ ပါတယ်။


(အရွက် ပုံသဏ္ဍာန်) ရွက်ပေါင်းဖြစ်ပြီး ရွက်လွှဲ ထွက်ပါတယ်။ အလျား ၃ လက်မ မှ ၅ လက်မထိ ရှည်ပြီး ရွက်ညှာမှာ အတောင်ပါ ရှိပါတယ်။ ရွက်မြွှာ ၂ စုံ မှ ၃ စုံထိ ရှိပြီး ထိပ်ရွက် တစ်ရွက်ပါ ပါတယ်။ ရွက်ပြား ပြောင်ချောပြီး တောင့်တင်း မာကျော၍ အစ်ိမ်း ရင့် ရောင် ရှိပါတယ်။


(အပွင့် ပုံသဏ္ဍာန်) ရနံ့သင်းပြီး သေးငယ်၍ အဝါနုရောင် ရှိပါတယ်။ တန်ခူး နဲ့ ကဆုန်လများမှာ အဆုပ် လိုက်ပွင့်ပါတယ်။


(အသီး ပုံသဏ္ဍာန်) ချဉ်သော အရသာရှိ၍ အပြွတ်လိုက် သီး ပါတယ်။ အဝါနုရောင် ဖျော့ဖျော့ အစေ့ဖြစ်ကာ အရွယ်အစားမှာ ငရုပ် ကောင်းစေ့ခန့်ဖြစ်ပါတယ်။ ဝါခေါင် နဲ့တော်သလင်း လတွေမှာ အသီးမှည့် ပါတယ်။


(အမြစ် ပုံသဏ္ဍာန်) အလွန် ရှည်လျားသော ရေသောက်မြစ် ဖြစ်ပါတယ်။ ဘေးမြစ်များ မှာလည်း ရှည်လျားပြီး ဖြန့်ထွက်နေ ကြပါ တယ်။ အပွေး အခေါက်များ ပါရှိကာ၊ ပင်စည်ထက် အရောင်ပို၍ ဝါပါတယ်။


သနပ်ခါး၏ ဆေးဖက်ဝင် အသုံးပြုပုံများ။


မြန်မာ့ ဆေးကျမ်း အရ သနပ်ခါးသည် ပူ၏ ၊ သွေးကို ကြွစေ၏ ၊ ပူခါးချုပ်ပွင့် ဖြစ်၏ ၊ ငန်းမန်းကို နိုင်စေ၏ ၊ အပူနာ အအေးနာ နှစ်မျိုး လုံးတွင် သုံးနိုင်၏ ၊ အပင်၏ အရွက် အသီး ပင်စည် အမြစ် အားလုံးကို အသုံးပြုနိုင် ၏လို့ ဖော်ပြ ထားပါတယ်။


အရွက်၏ ဆေးဖက်ဝင်ပုံ။


(၁) ဝက်ရူးပြန် ရောဂါကု ဆေးဖော်စပ်ရာတွင် အသုံးပြု နိုင်ပါတယ်။


(၂) အနာကြီး ရောဂါသည် များအတွက် အရွက်ကို ပြုတ်၍ ရေချိုးပြီး ချွေးအောင်း ပေးပါ။


(၃) အရွက်ပြုတ် ရည်ကို ဆားများများ ခတ်၍ သောက်ပါက ဌက်ဖျား ရောဂါ ပျောက်စေ ပါတယ်။


(၄) မြုံ နေသော အနာများ အတွက် အရွက်ကို ကြိတ်၍ ဆန်ဆေးရေနှင့် သောက်ပေးပါ။


(၅) အရွက် အခြောက်ကို နေလှန်း အမှုန့်ပြုပြီး ကွမ်းသီး လုံးခန့်ပမာဏ အမှုန့်တို့ကို ရေနှင့် သောက်ပါက အဖေါ အရောင် အနာအဆာနှင့် ကိုယ်တွင်း ရောဂါ ဟူသမျှ ကင်းရှင်းပ ပျောက်စေ ပါတယ်။


အသီး၏ ဆေးဖက်ဝင်ပုံ။


(၁) အဆိပ်ဖြေဆေး၊ ခွန်အားတိုးဆေး၊ ကျောက်ရောဂါ ကာကွယ်ဆေးနှင့် ပြင်းထန်သော အဖျားရောဂါ များအတွက် ဖေါ်စပ်သော ဆေးများတွင် ထည့်သွင်း အသုံးပြု နိုင်ပါတယ်။


ပင်စည်၏ ဆေးဖက်ဝင်ပုံ။


(၁) နေလောင်ဒဏ်မှ ကာကွယ်ပေးပါတယ်။


(၂) ဝက်ခြံစိုများအတွက် သနပ်ခါးတုံးကိုသွေး၍ သံပုရာရည် အနည်းငယ်ထဲ့၍ လိမ်း ပေးပါ။


(၃) ဝက်ခြံ အမာရွတ်များအတွက် သနပ်ခါးတုံးကို ပျစ်ပျစ်သွေး၍ နေ့ည လိမ်းပေးပါ။


(၄) သနပ်ခါးတုံးသွေး၍ ဆားအနည်း ငယ်ရောထဲ့ လိမ်းပေးခြင်းဖြင့် မိတ်အင်ပျင် တို့ ယားယံခြင်းမှ သက်သာစေပါတယ်။


(၅) ရေနွေးပူလောင် မီးပူလောင်ဒဏ်ရာများ အတွက် သနပ်ခါးထူထူ လိမ်းအုံပေးခြင်းဖြင့် ပကတိအတိုင်း အသားအရေကို ပြန်ရရှိစေပါတယ်။


(၆) အရေပြားပါးလွှာပြီး၊ ယားနာဖုတွေ မကြာခဏ ထွက်လေ့ ရှိသူများ အဖို့ ကာဘော်လိပ် (သို့) ဒတ်တောလ် ကိုယ်တိုက် ဆပ်ပြာသုံး၍ ရေချိုးသန့်စင်ပြီးနောက် သနပ်ခါး ထူထူ လိမ်းပါ။


(၇) ငှက်ဖျား၊ ဝက်ရူးပြန်ရောဂါ၊ အနာကြီးရောဂါ၊ နှလုံးရောဂါနဲ့ အစာအိမ်နာတို့ကို ကုသရာမှာလည်း သနပ်ခါးကို ဆေးအဖြစ် အသုံးပြုနိုင် ပါတယ်။


(၈) သနပ်ခါးတုံး အနှစ်သားကို သွေး၍ လိမ်းပေး ခြင်းဖြင့် အသားအရေ ချောမွေ့အေးမြ စေပါတယ် (ခြွင်းချက် အနေဖြင့် သနပ်ခါးလိမ်းတဲ့ အခါ နုနယ်တဲ့ မျက်ဝန်း တဝိုက်ကို ရှောင် လိမ်းသင့် ပါတယ်။ အဘယ် ကြောင့် ဆိုသော် သနပ်ခါး ပျစ်ပျစ် ထူထူကို လိမ်း၍ ခြောက်သွားတဲ့ အခါ အရေပြားကို တင်းဆွဲနေ သလို ခံစား ရပါ လိမ့်မယ်။ ဒါ့ပြင် မျက်ဝန်း တဝိုက် အရေပြားကို ဆွဲ-ဆန့်-ကျုံ့တွန်းအားဖြစ် စေပြီး မျက်ဝန်း တစ်ဝိုက် အရေပြားများကို တွန့်စေ နိုင်ပါတယ်)


အမြစ်၏ဆေးဖက်ဝင်ပုံ။


(၁) ဝမ်းနှုတ်ဆေး၊ ချွေးထုတ်ဆေးတို့ဖော်စပ်ရာမှာ ထည့်သုံးလေ့ ရှိပါတယ်။


(၂) အမြစ်ကို နနွင်းမှုန့်နှင့်သွေး၍ လိမ်းပေးပါက မီး ယပ်ရောဂါသည်များ သွေးသားမှန်ကန်စေပါတယ်။


(၃) ဆားနှင့်သွေးလိမ်းပါက အညောင်း အညာပျောက်စေပါတယ်။


(၄) ကလေးချွဲကြပ်ခြင်းအတွက် အမြစ်ကိုသွေး၍ ကွမ်းရွက် စိမ်းရေနှင့် ဆတူ တိုက်ပေးခြင်းဖြင့် ချွဲအမြန်ကျစေပါတယ်။


(၅) သနပ်ခါးမြစ် ငါးပဲသားကို ပျားရည် ခြောက်ပဲ စားနှင့်ရော ၍ လျက်ပေးခြင်းဖြင့် မြွေဆိပ်ပျောက်ကင်း စေပါတယ် (သို့) သနပ်ခါးမြစ်ကို သကြား၊ ပျားရည်တို့နှင့်ရော၍ လျှက်ပေးပါက အစာအိမ်ရှိအဆိပ်ကို ပြေစေပါတယ်။


(၆) အမြစ်ကိုသွေး၍ နေ့စဉ်မှန်မှန် လိမ်းပေးခြင်းဖြင့် အသားအရေနုချော ဝင်းမွတ်စေပါတယ်။


သနပ်ခါး လူးလေ့ရှိတဲ့ သူအများစု ဆီက သနပ်ခါး ကောင်းကြောင်း အမွှမ်းတင်ပြောဆိုရာမှာ အမြဲကြားနေ ရတာတွေကတော့ " မိုးလင်းတာနဲ့ မျက်နှာပေါ်မှာ သနပ်ခါးလေးရှိမှ ကျက်သရေ ရှိတာ " "မြန်မာ မိန်း ကလေးတိုင်း သနပ်ခါးကို အမြတ်တနိုးနဲ့ လိမ်းကြ တယ် " "မြန်မာမိန်းကလေးတွေရဲ့ အသားအရေ လှတာဟာ သနပ်ခါးကြောင့်ပေါ့ " "သနပ်ခါး လူးထားရင် လူကလန်းဆန်းတယ် " " သနပ်ခါး နံ့က စိတ်ကြည်တယ် ဒါကြောင့် သနပ်ခါးကို အမြဲလူးတယ် " ဆိုတဲ့ စကားလေးတွေဘဲဖြစ်ပါတယ်။ မြန်မာနိုင်ငံ ၏ သနပ်ခါးအမျိုးစားထဲမှာ ရှင်မတောင် သနပ်ခါးတို့ ၊ ရွှေဘို သနပ်ခါးတို့ ဆိုတာ နာမည် ကြီးတွေ ပါ။


တေးပြုစာဆို နန်းတော်ရှေ့ဆရာတင်ကတောင် “ရွှေဘိုသနပ်ခါးတုံးများ ရန်ကုန်လိမ်းဖို့ယူ ဘယ်လို အသားမည်းမည်း ဝါဝါညက်ညက်ဖြူူ” ဆိုပြီးတော့ ရေးဖွဲ့ခဲ့ပါသေးတယ်။ မှန်ပါတယ်။ တချို့ဆိုလျှင် မွေးတုန်း က တော်တော်လေး အသားမဲခဲ့သော်လည်း၊ သနပ်ခါး အ နှစ်သားတုံးကို ရေအနည်း ငယ်ဖြင့် ကျောက်ပြင်ပေါ်သွေး၍ ရလာတဲ့ မပျစ်မကျဲ သနပ်ခါး ရည်ဖြင့် နေ့ စဉ်နေ့တိုင်း ခြေဆုံး ခေါင်းဆုံး လိမ်းခဲ့ တာကြောင့် အသားရေဟာ သနပ်ခါးရောင်လို ဝါဝါ ဝင်းဝင်းလေး ဖြစ်လာခဲ့ ပါတယ်ဆိုတဲ့ သာဓက များစွာလည်း ရှိခဲ့ တာကြောင့် သနပ်ခါး ဆိုတာ ကျွန်မတို့ မြန်မာ အမျိုးသမီးတွေ အစဉ်အဆက် သုံးစွဲခဲ့ ကြတဲ့ ရိုးရာ အလှပြင် ပစ္စည်း တစ်မျိုးဘဲ ဖြစ်ပါတယ်။


ရှေးမြန်မာ အညာ ကျေးလက် တောသူလေး များရဲ့ ဓလေ့ တစ်ခု ရှိပါသေးတယ်။ အဲဒါကတော့ သနပ်ခါးကို လက်ကလေးနဲ့ သပ်ယူ ကာ နဖူးပေါ်ကို တင်၍ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ၊ညာဘက်ပါးပေါ် တင်ကာ ဓမ္မံ သရဏံ ဂစ္ဆာမိ ၊ ဘယ်ဘက်ပါးပေါ် တင်ကာ သံဃံ သရ ဏံဂစ္ဆာမိ ဟုဆိုကာ သနပ်ခါး လိမ်းရင်း သရဏဂုံ တည်ဆောက် တတ်ကြ ပါတယ်။ အဘိုးအဘွားများ လက်ထက်တုန်းက ကလေးငယ်များ ကို သနပ်ခါး လိမ်းပေးတိုင်း ပါးစပ်ထဲကို သနပ်ခါး အနည်းငယ် ခွန့်ပေးလေ့ ရှိပါတယ်။ ကလေးငယ်တွေကို သနပ်ခါးကျွေးခြင်းဖြင့် ကျောက်ရောဂါနှင့် ဝက်သက်ရောဂါမှ ကာကွယ်ပေးတဲ့ အပြင် ဝမ်းအတွင်းမှ အပူ ကိုပါ ငြိမ်းစေပါတယ်။


၂၀၁၀ ပြည့်နှစ်မှာ ထိုင်းနိုင်ငံရှိ သုတေသီတစ်စုဟာ သနပ်ခါး အခေါက်မှာ ပါတဲ့ ဓာတ်ပစ္စည်းတွေကို အသေးစိတ် လေ့လာခဲ့ကြ ရာမှာ သနပ်ခါးမှာ အင်တီအောက်ဆီဒင့်(ခေါ်) ခန္ဓာကိုယ် အကျိုးပြု ဓာတ်တိုးဆန့့်ကျင် ပစ္စည်းတစ်မျိုး ပါဝင်သလို၊ အသားအရေ ရောင်ရမ်းခြင်းကို သက်သာစေတဲ့ ဓာတ်များ အပြင် ဘက်တီးရီးယား တွေကို သေစေတဲ့ ဓာတ်နဲ့ အရေပြား အရောင်ကို အပြောင်း အလဲဖြစ်စေတဲ့ ဟော်မုန်း ထွက်ရှိမှုကို ဟန့်တားပေးတဲ့ ဓာတ်တွေလည်း ပါဝင်နေ တာကို တွေ့ရှိခဲ့ ကြပါတယ်တဲ့။ သနပ်ခါးက နေပူ ဒဏ်အပြင် နေလောင်ခြင်း ဖြစ်စေသည့် အဆင့်မြင့် ခရမ်းလွန် ရောင်ခြည်ကိုပါ ကာကွယ် ထားနိုင် တယ်လို့ အရေပြား အထူးကု ဆရာဝန်ကြီး များကလည်း အကြံပြု ပြောကြား ခဲ့ပါတယ်။


ယနေ့အလှကုန်ဈေးကွက်ထဲမှာ သဘာ၀ သနပ်ခါး အတုံး စစ်စစ်များ ရှိကြသလို၊ လွယ်ကူမြန်ဆန် အသုံးပြုန်ိုင် ဖို့အတွက် ကြိတ် ပြီးသား အသင့်သုံး သနပ်ခါးတွေကို တာရှည် ခံအောင်ပြုလုပ်၍ သနပ်ခါး အရည်၊ အနှစ် စသဖြင့် ဗူးတွေ ပုလင်းတွေဖြင့် အလွယ် တကူ ဝယ်ယူ ရရှိနိုင် ပါတယ်။ ၎င်းအသင့် သုံး သနပ်ခါး ဗူးနှင့် ပုလင်းတွေမှာတော့ တာရှည်ခံစေဖို့နဲ့တခြား အမွှေး အနံ့ပစ္စည်းတွေ ပါဝင်နေ တာမို့ လူတချို့မှာ ဓာတ်မတည့် မှုတွေဖြစ်စေ နိုင်ပါတယ်။ သို့သော် ဈေးကွက်ထဲမှာ စံချိန် စံနှုန်းပြည့် အသိအမှတ်ပြု သနပ်ခါးဗူး၊ ပုလင်းတွေ ရှိကြရာ မိမိ အသားအရေနှင့် ဓာတ်တည့်သော အသင့်လိမ်း သနပ်ခါးဗူးတွေကို ရွေးချယ် အသုံးပြုတတ်ပါ စေ။ သနပ်ခါး ပါးကွက်ကြားလေးဟာ မြန်မာ မိန်းကလေးတွေရဲ့ မူပိုင်လေး ပါ။ ခေတ်တွေ ဘယ်လောက် ပြောင်းပြောင်း သနပ်ခါး ဆိုတာ Myanmar Traditional Make-Up အဖြစ် လက်ခံ ထားကြ တာကိုတော့ စိုးစဉ်းမျှ ယုံမှား သံသယ ဖြစ်ဖွယ် မရှိနိုင်ပေ။


သနပ်ခါးတုံး ကောင်းကောင်းရွေးချယ်နည်း။


သနပ်ခါးပင်၏ တန်ဖိုးဟာ သူ၏ အခေါက်၊ အပွေးဖြစ်ပါတယ်။ ဒါကြောင့်လည်း “အပွေးမြင် အပင်သိ” ဟူသော ဆိုရိုးစကားရှိပါတယ်။ အပင်အရပ်မည်မျှ ရှည်စေကာမူ အပွေးမကောင်းပါက ရနံ့မမွှေးတတ်သလို တာရှည်လည်းအသွေးမခံတော့ပေ။ သနပ် ခါးချစ်သူများအတွက် ကောင်းမွန်တဲ့ သနပ်ခါးတုံးရွေးချယ်နည်း များကို အောက်ပါအတိုင်း မျှဝေလိုက်ပါရစေ။


(က) ရေစကြိုမြို့နယ်က ရှင်မတောင် သနပ်ခါးဟာ ဒေသရှိ ရေမြေသဘာဝက ပေးထားသော ထူးခြားချက် များကြောင့် အခြားနယ် ထွက် သနပ်ခါးများထက် ပြောစမှတ်ပြု ရလောက်အောင် အပွေးညို၍ အမွှေး ပိုလေ့ ရှိပါတယ်။


(ခ) အပင်တုတ် မတုတ်ထက်၊ အပွေးအရောင် အသွေးနှင့် သူ၏ အထူကို ကြည့်လိုက်ပါ။ အပွေး အခေါက်ပါပြီး အညိုရောင်အ ခေါက်ကြီးများ အချောင်းချောင်း ကပ်နေမည်။ ယင်းတို့ အကြား (အမြောင်းကြား) တွင် အခေါက်သားမှာ အက်ကွဲရာ ကလေးများ ကဖြူနေပြီး သူ့ဘေးက အခေါက်သားတွင် ပုဇွန်ဆီသွေးရောင် ကလေး ထင်နေမည် ဆိုပါက သင့်သနပ်ခါး တုံးသည် မွှေးမည်ဟု ဆိုနိုင်ပါပြီ။


(ဂ) လက်သည်းဖြင့် အပွေးကို အသာ ဖိဆိတ်ကြည့်ပါ။ နစ်ဝင် သွားပါက အခေါက်သားနုတာမို့ မဝယ်ပါနှင့်။


(ဃ) လက်ဖြင့် ကိုင်ဆကြည့်ပါက ပေါ့လွန်းနေလျှင် ပြန်ချ ထားလိုက်ပါ။ ယင်းအတုံးဟာ အသားကျစ် မှုနည်းခြင်း၊ ခုတ်ဖြတ်ထားသည့် ကာလကြာနေခြင်းတို့ကြောင့် အတွင်းမှ ရေဓာတ် ခန်းသွားပြီမို့ အလေးချိန် ပေါ့နေခြင်း ဖြစ်ပါတယ်။ သက်တမ်း ရင့်ရင့် အပင်ဟာ အသားကျစ် သိပ်မှုကြောင့် ရေငွေ့ပျံနှုန်းနှေး ကာ အခြားအပင်များ ထက် ပိုမိုလေးတစ် နေပါတယ်။


(င) ဖြတ်ထားကာစ သနပ်ခါးတုံး၏ အတွင်းသား ကလေးမှာ စွဲမက်စရာ ချိုသင်းသော အနံ့ကလေးဖြစ် ပါတယ်၊ သို့မဟုတ်ဘဲ ချဉ်စူးစူး အနံ့ ရနေလျှင် မှှိုစွဲနေပြီဟု မှတ်ပါ။ သနပ်ခါးတုံး၏ ထိပ်ဝရှိ အခေါက်နှင့် အတုံးသားအကြားမှာ ပြာမှိုင်းမှိုင်း အရောင်ဝင်နေ ပြီဆိုပါက မှိုတက်နေပါပြီ။ အလယ်က အသားနေ ရာမှာပါ ပြာနေပြီဆိုပါက ယင်းသည် သေနေသော သနပ်ခါးပင်ခြောက်ကို ခုတ် လာခဲ့ခြင်းမို့ ကိုင်ကြည့် လိုက်ရုံဖြင့် ပေါ့ရွွှတ်နေ ပါလိမ့်မယ်။ ထိုအပင်မျိုး၊ အတုံးမျိုးကို မည်မျှပင် ဈေးချိုချိုနှင့် ပေးသော်လည်း မဝယ် ပါနှင့်။ သွေးလျှင်လည်း မွှေးမည် မဟုတ်ပါ။


ယခုအခါ စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်မှာ သနပ်ခါးပင် စိုက်ပျိုးဧက ၃၅၀၀၀ မှ ၄၀၀၀၀ ခန့် စီးပွားဖြစ် ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလျှက် ရှိပါတယ်။ အဆိုပါမြို့နယ်ရှိ သနပ်ခါး စိုက်ပျိုး တင်ပို့ရောင်းချ သူများ အသင်းမှ သနပ်ခါးကို ဓာတု ပစ္စည်းတွေ မပါတဲ့ ကုန်ချော ထုတ်လုပ်နိုင်အောင် စီစဉ်နေပြီး၊ ဓာတု ကင်းစင်တဲ့ ကုန်ချောရရင် မြန်မာ့ သနပ်ခါး စစ်စစ် အဖြစ် ပြည်ပန်ိုင်ငံ တွေကို ထိုးဖောက် မည်ဖြစ်ရာ အထူးသဖြင့် ထိုင်း၊ မလေးရှားန်ိုင်ငံတို့လို မြန်မာ လူမျိုးတွေ အများဆုံးနေထိုင် လျက်ရှိသော နိုင်ငံများသို့ ဦးစွာတင်ပို့၍ဈေးကွက် ရှာမည် ဖြစ်ကြောင်း သိရပါတယ်။ သို့ပါ၍ မဝေးသော ကာလ မှာ မြန်မာ့ သနပ်ခါးကို Myanmar Traditional Make-Up အဖြစ် ကမ္ဘာ့အလှ ကုန်ဈေးကွက် တွင် မြင်တွေ့နိုင်တော့ မည် ဖြစ်ပါကြောင်း။

(ဆောင်းပါးရှင်ပေါက်ပေါက်)

Credit : Mogaung Expres

http://mogaungexpress.blogspot.com/2015/08/blog-post_32.html?m=1

Tuesday, July 18, 2017

ကိုယ်ဝန်ဆောင်မှတ်စု



https://nyawaykyal.blogspot.com/2012/03/blog-post_29.html?m=1#links



 ဒီအသက်အရွယ်ကျမှ အိမ်ထောင်ပြုဖို့လဲ မစဉ်းစားတော့ပါဘူး အိမ်ထောင်မပြုတော့ဘူးဆိုတော့ ကလေးယူဖို့ဆိုတာ အဝေးကြီးပါဗျာ.. 😂😂


အခုတလော Blog ရှင်းလင်းရေးလုပ်နေမိတော့ ဟိုဘက် Blog ကနေ Link လုပ်ြပြီး ဒီဘက်ကို မချလာတာ ကျွန်တော့်အတွက့်မဟုတ်တာတောင် တစ်ယောက်ယောက့်အတွက့် အသုံးဝင်ရင် ကျေနပ်ပါပြီ..။


Lenovo လေးက 2014က ကျွန်တော်ကလိလိုက်တာ Power မတက်လို့ သုံးမရတော့ပြစ်ထားမိတယ် မနေ့တနေ့ကမှ အဖေက Service ပို့ပေးတော့ Motherboard ကြွသွားပြီတဲ့ အသစ်တစ်လုံးဝယ်လိုက်ပါတဲ့ အဖေကတော့ ဈေးနည်းတဲ့တစ်လုံးတော့ ဝယ်ခိုင်းနေတယ် ကျွန်တော်ကလဲ အလုပ်ထွက်လိုက်ြပြီဆိုတော့ ဝင်ငွေမရှိတော့ အဖေ့ကိုအားနာမိတယ် နောက်အလုပ်တစ်ခု မရခင်အိမ်မှာနေတုန်းလေး စာကောင်းကောင်းရေးချင်တယ်ဗျာ..။

Wednesday, July 5, 2017

အားတုံ့အားနာ



 
ကျွန်တော်ပိုက်ဆံမက်တယ်
ချစ်တာမဟုတ်ဘူးနော် ကြိုက်တာဗျ
(ပိုက်ဆံကိုသူများထက်သုံးတက်လွန်းလို့)..


ကျွန်တော့်အရည်အချင်းနဲ့ ထိုက်တန်တဲ့လစာရပြီးပြီပဲ
ကျွန်တော့်အစွမ်းအစမပါတဲ့ Allowance ဆိုတာထပ်မလိုချင်ဘူး ပေးတဲ့သူကိုလဲအားနာမိသလို့
ကျွန်တော်လိုမရတဲ့သူအတွက့်စာနာမိတယ်
(နှစ်ဖက်လုံးကို အားတုံ့အားနာဖြစ်ရတယ်)..


အဲ့ဒီတော့
သူ့ဆန်စားရင်ရဲရမယ်ဆိုတဲ့ စကားပုံကို
လူတစ်ကိုယ်လုံးအပြည့် ရိုက်သွင်းလိုက်တယ်
Let Drive for Her!!
(ရိုးရိုးလေးပါပဲ ပိုက်ဆံက လူကိုခိုင်းစေနိုင်သလို
သစ္စာတရားကလဲ လူကိုကြိုးမိန့်ပေးနိုင်တယ်..။)


#w a i n e

Saturday, July 1, 2017

ချာတိတ် ရေး - ဂျော်နီ ၊ ဆို - အထွန်း (၁၉၈၉)




၁၉၈၉ဆိုတော့ ကျွန်တော်၈နှစ်သားပေါ့ အသက်၈နှစ်အရွယ်က သီချင်းကို
အသက်၃၆နှစ်ကျမှ နားထောင်မိတာ အံဩမိပါတယ်ဗျာ..။


မာယာ




 
လောကကြီးက လက်ဆောင်ပေးခဲ့တော့ အဲ့ဒီ့အမည်လေးကို
ကျွန်တော်အမြတ်တနိုး သိမ်းထားလိုက်ပါတယ် သဲရယ်..
#w a i n e


မာယာ ၁

နှင်းဆီပန်းအိုးကိုမြင်တော့
စိတ်ထဲမှာတွေးမိလိုက်တာ
တစ်ယောက်ယောက်များ
ကျွန်တော့်ကိုလာပေးခဲ့ရင်..။
#w a i n e


မာယာ ၂

အဆွေးသီချင်းနားထောင်ရင်
သတိရမိတယ်
ကျွန်တော့်ကိုများ လွမ်းနေလားလို့..။
#w a i n e


မာယာ ၃

မနက်အိပ်ယာနိုးတော့ 
မှတ်မှတ်ရရသတိမရမိလို့ ကျွန်တော်အံဩသွားတယ်
ညအိပ်ယာဝင်ခါနီးတော့ သတိရပြန်တယ်..။
#w a i n e


မာယာ ၄

တဖွဖွနမ်းချင်တယ်
စိတ်ကူးနဲ့တင်ရင်ခုန်ခဲ့ဘူးသည်
ဒီလိုနဲ့ဘဲ အသက်တွေတစ်နှစ်ကြီးပြီး
ဘဝတွေတစ်ဆစ်ချိုးခဲ့ပြီ..။
#w a i n e


မာယာ ၅

Just miss!!
သတိရတယ် ခင်းဗျား(သို့)တစ်ယောက်ယောက်ပေါ့
သေချာတာတစ်ခုက ကျွန်တော်လွမ်းနေတယ်..။
#w a i n e


မာယာ ၆

I need hate!!
တစ်ခါတလေတော့
ရွှေရည်စိမ်ခံစားချက်အတွက့်
အက်ဆစ်လိုအမုန်းတရား
ကျွန်တော်ဆိုတဲ့ကောင်အတွက် လိုအပ်ပါတယ်..။
#w a i n e