Wednesday, October 12, 2016

အပြုံး

Credit : https://goo.gl/images/wfPRPl


အဲ့ဒီကဗျာလေးကို

ကျွန်တော်နှစ်သက်သွားတာ

မနေ့တစ်နေ့ကလေးတင်ပါ..

နှစ်သုံးဆယ်လုံးလုံး

ကျွန်တော် ကြံကြံ့ခံထားတဲ့တောင်ကုန်းကို

သူမ ပြုံးပြုံးကြီးသိမ်းပိုက်သွားတာ..


ဒီနေ့လည်း အဲ့ကဗျာလေးကို

ကျွန်တော်ရွတ်နေမိတယ်

နှစ်အတော်ကြာ

ကျွန်တော်မေ့ထားခဲ့တဲ့ ရင်ဘက်ကြီးကို

ချစ်သူက ဖွဖွလေးလှုပ်နိုးသွားတာ..


ဖန်သားပြင်ပေါ်မှာမမြင်ရတဲ့

သူ့အပြုံးဟာ

ကျွန်တော်အတွက့် အေးချမ်းလိုက်တာ..


ဘာမှမတည်မြဲတဲ့လောကကြီးမှာ

အချစ်ဆိုတာကရော မတည်မြဲပါဘူး

မတည်မြဲခြင်းကြားမှာနေထိုင်ရင်း

ချစ်သူကို ကျွန်တော်ငေးကြည့်ချင်သူပါ..။

Thursday, October 6, 2016

ပြစ်ဒဏ်


သူက ကျွန်တော့်ကို 

နားလည်မပေးနိုင်ခဲ့တာ မဟုတ်ခဲ့ပါဘူး

လောကသင်ရိုးမကျေခဲ့တဲ့ ကျွန်တော်သာ 

သူနားလည်နိုင်အောင် မကြိုးစားခဲ့မိတာပါ..


ဝဋ်လည်တယ်လို့ပဲ

သဘောထားလိုက်ပါတယ်

တစ်ဦးတစ်ယောက်ကို အနိုင်ယူခဲ့သမျှ

တစ်ခြားတစ်ယောက်ကို အရှုံးပေးခဲ့ပါတယ်..


တစ်ချိန်က နာကျင်ရင် 

ရွှေဘုန်းလူကဗျာတွေနဲ့ 

ဖြေသိမ့်ခဲ့ပေမယ့်

အခုတော့ နာကျင်ရင်

အကြည်တော်ဝတ္တုတွေနဲ့ 

ကုစားလိုက်ပါတယ်..


အနုပညာဆန်တယ်လို့

မခိုင်းနှိုင်းရဲပါဘူး

ကျွန်တော့်စိတ်ဓာတ်က

ပျော့ညံ့လွန်းလို့ပါ..


ရင်ဘက်ကို ဟောင်းလောင်းဖွင့်လည်း

ထွက်ကျလာစရာ စကားလုံးမရှိတော့ပါဘူး

အရှင်လတ်လတ် လွမ်းပြရအောင်လည်း

ချစ်သူဆိုတာ ဘုရားမပေးခဲ့တဲ့ 

ကျွန်တော်အတွက့် ပြစ်ဒဏ်ပါ..


မျိုးကြီးရဲ့

ဆန့်ကျင်ဘက်နဲ့ ကတ္တီပါလမ်းခွဲက

ကျွန်တော်ဆိုတဲ့ လူအတွက် အခုချိန်မှာ

အရမ်းချို မြနေသလိုပါပဲ..။

Tuesday, October 4, 2016

သူမ


ဘုရားစူး

ရွက်ကြမ်းရည်ကျို

သူမအတွက့်

အမေမွေးပြီး

ဘုရားပေးခဲ့တဲ့အလှ..


ဘာသားနဲထုထု

မိန်းမဆိုတာ

လှချင်တဲ့စိတ်အတွက့်

တစ်ကိုယ်လုံး သေခဲ့ဘူးသူ..


ရူးခဲ့သမျှသာအရာထင်ရင်

မယ်စင်္ကြာဝဠာက

ဦးညွတ်အရှုံးပေးရမှာ..


ပုံပြင်လေးအဆုံးမှာတော့

ချစ်သူရဲ့ စိတ်ကူးထဲမှာတောင်

သူမ မလှပနိုင်ခဲ့ပါဘူး..


ဘုရားမကြားမှာစိုးရိမ်လို့

အကျယ်ကြီး ဆုတောင်းလိုက်ပါတယ်

နောက့်ဘဝသာရှိခဲ့ရင်

လှလှလေး မွေးပေးပါအမေ..။