အဲ့ဒီကဗျာလေးကို
ကျွန်တော်နှစ်သက်သွားတာ
မနေ့တစ်နေ့ကလေးတင်ပါ..
နှစ်သုံးဆယ်လုံးလုံး
ကျွန်တော် ကြံကြံ့ခံထားတဲ့တောင်ကုန်းကို
သူမ ပြုံးပြုံးကြီးသိမ်းပိုက်သွားတာ..
ဒီနေ့လည်း အဲ့ကဗျာလေးကို
ကျွန်တော်ရွတ်နေမိတယ်
နှစ်အတော်ကြာ
ကျွန်တော်မေ့ထားခဲ့တဲ့ ရင်ဘက်ကြီးကို
ချစ်သူက ဖွဖွလေးလှုပ်နိုးသွားတာ..
ဖန်သားပြင်ပေါ်မှာမမြင်ရတဲ့
သူ့အပြုံးဟာ
ကျွန်တော်အတွက့် အေးချမ်းလိုက်တာ..
ဘာမှမတည်မြဲတဲ့လောကကြီးမှာ
အချစ်ဆိုတာကရော မတည်မြဲပါဘူး
မတည်မြဲခြင်းကြားမှာနေထိုင်ရင်း
ချစ်သူကို ကျွန်တော်ငေးကြည့်ချင်သူပါ..။
No comments:
Post a Comment