Tuesday, November 1, 2016


အသက်၃၈နှစ်အရွယ် သူက အသက်၃၆နှစ်အရွယ် ကျွန်တော်ကို့ ချစ်မိတဲ့အခါ ဒုက္ခတော်တော်ရောက်ရပါတယ် ကျွန်တော်က မရင့်ကျတ်သေးတော့ ကျွန်တော်လုပ်သမျှ သူ့အတွက့်အနှောင့်အယှက် ဖြစ်စေပါတယ်..

   ကျွန်တော်ကလည်း ကျွန်တော်ပါပဲ အခုထိကိုမရင့်ကျတ်နိုင်သေးဘူး သူကလူကြီးဆန်ဆန် တည်တည်ငြိမ်ငြိမ် နေသလောက့်  ကျွန်တော်ကတော့ လုပ်ငန်းကိစ္စကလွဲရင် ပေါ့ပေါ့ပါးပါးပဲနေပါတယ် သူပြောသလိုဆိုရင်တော့ အလေးမထားဘူး ပေါ့ပေါ့နေတယ်ပေါ့ဗျာ..

   ကျွန်တော်နှစ်ယောက် ငယ်သူချင်းဆိုပေမယ့် သူငယ်ချင်းအတိုင်းအတာလောက့်သာ ရင်းနှီးခဲ့ရတာပါ အခုတော့ ကျွန်တော်တို့နှစ်ယောက် ချစ်သူဖြစ်တော့ ကွာဟချက်တွေ အများကြီးပါ အများဆုံးက ကျွန်တော့်ဘက်က လိုအပ်ချက်တွေပါ..

   သူမကြိုက်ဆုံးအလုပ်က ကျွန်တော်သူ့ကို ကစားသွားမှာ ကျွန်တော်ဘက်ကလည်း မကစားရက်ပါဘူး ကျွန်တော်ကိုယ်တိုင် ကစားခံရတဲ့သူဖြစ်ခဲ့တော့ အဲ့ဒီခံစားချက်ကို ကျွန်တော်အသိဆုံးပါပဲ..

   မနေ့က ကျွန်တော့်ဘက်က မှားသွားတယ် သူသံယဝင်စရာ လုပ်မိသွားတယ် ကျွန်တော့်ဘက်က ပြန်တောင်းပန်ပေမယ့် သူစိတ်ဆိုးသွားတယ် ဟူး မောပါတယ်ဗျာ..

   အချစ်ဆိုတာကျွန်တော့်အတွက့် အသက်အရွယ်နဲ့ မဆိုင်ဘူးထင်ပါတယ် ကျွန်တော်အသက် သက်တမ်းတဝက်ကျော်ပေမယ့် သူနဲ့ပတ်သက်ရင် ခံစားချက်တွေ အပွန်းအပဲ့မခံနိုင်သေးပါဘူး..

   သူနဲ့ပတ်သတ်ရင် ကျွန်တော်ရဲ့ ခံစားချက်တွေ မကုန်နိုင်ပါဘူး ကျွန်တော့်ဘက်က အမှားလုပ်မိတော့လဲ ကျွန်တော်သီးခံပေးပါတယ် ကျွန်တော်အလျော့ပေးတာ အချစ်ဆိုတဲ့ ခံစားခံကြာင့်ပါ..

No comments: