Wednesday, November 30, 2016

Good bye




Feel @ ခံစားချက်

28th November 2016!!

3:25 Pm

ကလေးတွေပြောတာ ခဏခဏကြားနေရတာ Feel နေတယ် ကျွန်တော်လဲ Feel နေတယ်ပေါ့ဗျာ..


အခုတစ်ခေါက်ကတော့ ချစ်သူကိုလဲ အပြစ်မတင်သလို ကျွန်တော့်ကိုကျွန်တော်လဲ အပြစ်မတင်ရက်ပါဘူး ရင်ဘက်နဲ့ချစ်ခဲ့လို့ ရင်နာရတာ နောက့်ဆို ရင်ဘက်နဲ့မချစ်တက်အောင် ကျွန်တော်သင်ယူရမှာပေါ့ဗျာ..


ကျွန်တော်က ခံစားချက်ကို ရှေ့တန်းတင်လွန်းတော့ ရင်နာရပြီဆိုရင် အကွဲအပြဲခံစားရတာ ငယ်တော့တဲ့အရွယ်မဟုတ်တော့ အရင်လို အကြမ်းကြီးမဟုတ်ပဲ လိမ်လိမ်မာမာလေး အသည်းကွဲတက်သွားပါတယ်..


ချစ်ခဲ့ပါတယ် ချစ်နေဆဲပါပဲ အချိန်ကြာသွားရင်တောင် ချစ်နေအုန်းမှာပဲ ချစ်တယ်ဆိုတဲ့ ခံစားချက်နဲ့တော့ ကျွန်တော်ချစ်သူစီ ဝပ်ဆင်းမှာမဟုတ်ပါဘူး ကျွန်တော်လဲလူသားတစ်ယောက်ဖြစ်လို့ အတ္တ မာန်မာန မကင်းပါဘူး ကျွန်တော်ကို မယုံကြည်တဲ့ နာကျင်အောင်လုပ်နေတဲ့ လူတစ်ယောက်ကို ကျွန်တော့်ဘဝလို့ မခံယူတော့ပါဘူး..


ကျွန်တော်က ထိရှလွယ်တယ် အပွန်းအပဲ့မခံနိုင်ဘူး ကျွန်တော်ပေးနိုင်တာ အချစ်တစ်ခုပဲရှိတယ် ကျွန်တော်လိုချင်တာလဲ အချစ်တစ်ခုပါပဲ ကျွန်တော်ပေးဆပ်သလောက် ပြန်မပေးနိုင်ရင်တောင် မစော်ကားပါနဲ့..


အရည်အချင်းရှိတဲ့ ယောင်္ကျားတစ်ယောက်အတွက့် မိန်းမမရှားပါဘူး ချစ်သူ ခင်ဗျားစီက အချစ်တစ်ခုပဲ လိုအပ်တဲ့ သူတော့တွေ့နိုင်မှာပါ..


ကျွန်တော် Feel တုန်းမှာပါ ၂လ ၃လလောက်တော့ ကျွန်တော့်ကို ကျွန်တော်လဲ Feel ခွင့်ပြုထားပါတယ် ဘယ်သူမှနားလည်မပေးလဲ ကိုယ့်ကိုကိုယ် နားလည်ပေးပါတယ်..


ကျွန်တော်ကိုကျွန်တော် ၁လလောက်တော့ အနားပေးလိုက်အုန်းမယ် နာကျင်တာတွေ မပျောက်သွားပေမယ့် သက်သာသွားပါစေဆိုတဲ့ အတွေးနဲ့ပေါ့ဗျာ..


နှုတ်ဆက်ခဲ့ပါတယ် ဒီဇင်ဘာ ကျွန်တော် ၂၀၁၆ကို ကြိုနှုတ်ဆက်ထားတာပါ နှစ်ကုန်ခါနီး ကျွန်တော်ရင်နာရတဲ့ အဖြစ်နဲကြုံခဲ့ရတော့ ' သူ ' မနှုတ်ဆက်ခင် ကျွန်တော်ကြိုနှုတ်ဆက်ခဲ့တာပါ..


Good Bye 2016 & Good Luck to you.

No comments: