Friday, November 11, 2016

ဒုက္ခ



4 days
5 hours
some minutes..

ကျွန်တော်ရူးချင်နေပါပြီ..

သတိရလွန်းလို့ပါ အမှတ်မရှိတဲ့ အသဲက ဘယ်နှစ်ခါတောင် ကွဲချင်နေလဲ မသိချင်တော့ပါဘူး..

အချစ်တဲ့ စကားလုံးလေး နှစ်လုံးထဲ တည်ဆောက်ထားလို့သာ စကားလုံးများများနဲ့သာ တည်ဆောက်ထားရင်တော့ ကျွန်တော်တစ်ယောက် ကျွမ်းပြန်နေပါပြီ အခုလဲ ကျွမ်းမပြန်ယုံတမယ်ပါပဲ..

အလွမ်းတဲ့ ဘာမှမထူးပါဘူး စကားလုံးတည်ဆောက်ခဲ့တဲ့ ဆရာသမားတွေပဲ ဦးကုန်းချရမလား ချစ်တက် လွမ်းတတ်လွန်းတဲ့ ကိုယ့်ကိုကိုယ် ကော်ပြီးဆဲရမလား မတွေးတော့ပါဘူး..

သောက်မှတ်မရှိတဲ့ ရင်ဘက်က အချစ်ဆိုတာကို နောက်တစ်ကြိမ် ပေးဝင်တယ်..

သောက်ကျင့်မကောင်းတဲ့ နှလုံးသားက သူ့ကိုဗျာ တသဲထဲသဲနေမိတယ်..

တနေ့တနေ့ ကျွန်တော်ရေးမိတဲ့ စကားလုံးတွေကိုသာ စုထားမယ်ဆိုရင်..

ကမ္ဘာသူ ကမ္ဘာသားအားလုံး ချစ်တက်ကြပါစေ ချစ်နိုင်ကြပါစေ ကျွန်တော်တစ်ယောက်ထဲ ချစ်တက်နေရင် မတရားဘူးလေဗျာ..

No comments: