Sunday, November 27, 2016

Accept



အတိတ်ဆိုတာ ပြန်သွားလို့မရပါဘူး
ပစ္စုပန်ကိုပဲ ကျွန်တော်လက်ခံလိုက်ပါတယ်

တချို့အမှန်တရားတွေက လက်မခံချင်လောက်အောင် ခါးသက်လွန်းတယ် ဒါပေမယ့် ကျွန်တော်လက်ခံလိုက်တယ်

အချစ်နဲ့စစ်မှာ မတရားတာမရှိဘူးတဲ့ ကျွန်တော်များ တရားသဖြင့်တိုက်ပွဲဝင်ခဲ့မိသူလား

အချစ် အရှုံး အမုန်း အ နဲ့စတဲ့ စကားလုံးတွေကို ကျွန်တော်မုန်းသွားပြီ ဒဏ်ရာမကျက်သေးသရွေ့

နှစ်ခါသေဘူးတဲ့ ကျွန်တော်အတွက့် အချစ်ဆိုတာ ကပ်ဆိုး ရောဂါဆိုးလို ရွံ့ကြောက်ကြီး ဖြစ်သွားရတာ

အကောင်းမြင်ကြည့်တာပါ ဘုရားကများ တားစီးပေးတာလား ဒါမှမဟုတ် မာန်နတ်ကပဲ နှောင့်ယှက်နေတာလား တစ်ခုမှ မဟုတ်ဘူး ကျွန်တော်ကိုကျွန်တော် နှစ်သိမ့်ပေးတာ

စိတ်နုရင် ဒဏ်ရာထင်တယ် ကျွန်တော်စိတ်က နုတာများသွားလို့ နူသွားရတာပါ

ရင်ဘက်ချင်းနီးနီး ဝေးဝေး နားလည်မှုမပါဘဲ တည်ဆောက်ခဲ့ရင် ပြိုကျနိုင်တာပဲ ကျွန်တော်အုတ်မြစ်က သိပ်မနက်ပဲ မြေပျော့သွားတာ နေမယ်..

No comments: