Saturday, November 19, 2016

Thanks



ထပ်ကာ ထပ်ကာ တွန်းထုတ်နေတဲ့ လူတစ်ယောက်စီမှာ ဒီထက်ပိုပြီး ကျွန်တော် တွယ်ကပ်မနေတော့ပါဘူး ဗျာ..
ဒီလထဲ ပြဿနာက အကြိမ်မရေတွက်နိုင်အောင် ဖြစ်ခဲ့ပါတယ် သူ့ဘက်ကလျော့ပေးခဲ့လို့ ကျွန်တော်လဲ ကျေအေးပေးခဲ့ပါတယ်..
ပြီးခဲ့တဲ့ စနေနေ့က ပြဿနာတက်တယ် ကျွန်တော်ကပြဿနာရှာမိလိုက်တာ စကားများရင်းနဲ့ ကလေးတစ်ယောက်ပုံ ပို့လိုက်မိတယ်..
ပို့ပို့ချင်း ပြဿနာကြီးသေးဘူး ကျွန်တော် အလုပ်ပြန်မှ ကျွန်တော်အဆက်အသွယ်လုပ်လို့ရသမျှ အကုန်ဖြတ်ပြစ်လိုက်တယ် စနေနေ့ တစ်ညလုံး ကျွန်တော်တောင်းပန်တယ် တနင်္ဂနွေနေ့ ကျွန်တော် Rush ဖြစ်နေတာတောင် Messenger ကနေ စာပို့ပေးနေတုန်း..
တနင်္ဂနွေညတော့ ကျွန်တော်ဒေါသထွက်ပြီး ကျွန်တော်ခံစားသမျှ ရေးပို့ပြီး သူ့ Account ကို Un လိုက်တယ် စောက်သုံးမကျပါဘူးဗျာ ညဘက်ကျတော့ ပြန် Add လိုက်ပါတယ် ကျွန်တော်ပဲ ကျေအေးလိုက်ပါတယ်..
တနင်္လာ အင်္ဂါ ဗုဒ္ဓဟူး ကျွန်တော်တောက်လျောက် အဆက်အသွယ်လုပ်ပါတယ် Don't care ဗျာ စောက်ဂရုစိုက်စရာ မလိုဘူးပေါ့ဗျာ ကျွန်တော်က ယောင်္ကျားမမြင်ဘူးဖူးလို့ သတ်မှတ်ထားတာနေမှာပေါ့..
စောက်သုံးမကျတဲ့ ကျွန်တော်က ကြာသာပတေးနေ့မှာ အရုပ်ကြိုးပြတ်သွားတယ် တနေ့လုံးခွေနေတယ် ညနေကျတော့ ဒုတိယမိ ရင်တွင်းဖြစ်တွေရေး ထပ်ပို့ Account ကို Un ကျွန်တော်က ပုဇွန်ဦးနှောက်ကောင်လေ ခေါင်းထဲမှာ ချီးပဲရှိတယ်..
အမှတ်မရှိတဲ့ ရင်ဘက်က ပြန်ပြီးဝပ်တွားတာတောင် ကျွန်တော့်ကို စောက်ဂရု နဲနဲလေးမှ မစိုက်ဘူးဗျာ..
သောကြာ ထုံးစံအတိုင်း အချော့တော်ပေါ့ဗျာ ကျွန်တော့်စီတော့ မပို့ပါဘူး သူ့ Account မှာ ဓါတ်ပုံတင်တယ် ကျွန်တော်ဝမ်းသာလုံးစို့ပြီး Down လိုက်တယ်..
ဒီနေ့ ၈ရက်မြောက့်နေ့ မိုးလင်းထဲက ကျွန်တော်တစ် ' ကို ' ထဲ ' ကို ' နေမိတယ် အဲ့လိုခေါ်ရတာ ကျွန်တော်တက်မြတ်နိုးတာပါ စနေဆိုပေမယ့် japan side က supplier က viber ကနေ စာတဒေါင်ဒေါင်ပို့ ဖုန်းတဂွမ်ဂွမ်ခေါ် ကျွန်တော်လဲ Busy ဖြစ်နေတာတောင် သူ့စီစာပို့နေပါတယ်
သူ့ Messenger က Active Now ပြနေတာ..
၁နာရီခွဲမှာ ပြဿနာအကြီးကြီးတက်တော့တာပဲ မနေ့ကသူ့ပုံကို ကျွန်တော် Cover photo တင်လိုက်ပါတယ် ကျွန်တော်ခွင့်တောင်းပါတယ် ခပ်ရိုင်းရိုင်းပြောမယ်ဗျာ
ကျွန်တော့်စောက့်ဆင့်နဲ့ တက်မလာနဲ့ပေါ့ အဖတ်မလုပ်ဘူးပေါ့ဗျာ ကျွန်တော့်စကားလုံး အရမ်းကြမ်းနေပါမည် သီးခံပါ..
Blocked သွားပါသည် FB ရော Messenger ရော..
သေလောက်အောင်ချစ်ပါသည် ထပ်ပြီးတော့ မခံစားတော့ပါဘူး လွမ်းလွန်းလို့ သတိရလွန်းလို့ ကျွန်တော်မသာဖြစ်သွားရင်တောင် ထပ်ြပြီးတော့ မဆက်သွယ်တော့ပါဘူး မပတ်သတ်တော့ပါဘူး ဗျာ။
ကျုပ်ခံစားချက်တွေ ခင်ဗျားရေးပါဆိုတောင်မှ
ကျုပ်ဘယ်တော့မှ မရေးတော့ဘူး ဗျ။
ခင်ဗျားက မင်းသားဇာတ်ရုပ်နဲ့ ပိုသင့်တော်ပါတယ်
အထာရဿ ၁၈ပါးလုံးကျွမ်းကျင်လို့
ကျုပ်ကတော့ လူကြမ်းကြီးပဲလုပ်ပါတော့
မယ် ချစ်တာတစ်ခုထဲ သင်ခဲ့မိလို့
ဒါပေမယ့်
ကျုပ် ဒဿတော့မဟုတ်ပါဘူး
ရာမမင်းသားလဲမဖြစ်ချင်ခဲ့ပါဘူး
လူမသိသူမသိ လက္ခဏာဖြစ်ခဲ့ရင် ကျုပ်
ကျေနပ်ပါပြီ..
#မကြာမကြာအတိတ်ကိုကျွန်တော်ပြန်တမ်းတရန်
#Thanks_for_post_2020

No comments: