Wednesday, December 7, 2016

တဒင်္ဂ



နာကျင်ပေမယ့် ကျွန်တော်အမြဲတမ်း ဆုပ်ကိုင်ထားခဲ့တဲ့ လက်တစ်စုံကို ဒီတကြိမ်တော့ လွှတ်ချလိုက်ပြါပြီ။

တဒင်္ဂလေးဖြစ်ဖြစ် သူ့ကို ကျွန်တော်တင်းတင်းကျပ်ကျပ် ဖက်ထားချင်ခဲ့သူပါ..

တခါတလေကျတော့ ဘဝဟာလှပခဲ့ပေမယ့် တခါတလေကျတော့ ရက်စက်လွန်းပြန်တယ်..

အရင်ကတော့ နာကျင်သမျှကို ရင်ဘက်ထဲသိမ်းဆည်းထားခဲ့ပေမယ့် ဒီတစ်ကြိမ်တော့ ကျွန်တော်အန်ချလိုက်မိတယ်..

နာကျင်မှုနဲ့အတူ အချစ်တွေ အလွမ်းတွေ အမုန်းတွေ အကုန်လုံးအန်ချပြစ်လိုက်ချင်တာ စိတ်မကောင်းစွာနဲ့ပဲ ကျွန်တော့်အသွေးအသားထဲ သူတို့ရောက်နေတာ သိလိုက်ရတယ်..

၁နဲ့၁ပေါင်း ၂ပါ ကျွန်တော်က ၁နဲ့၁ပေါင်း ၁ရချင်သူဆိုတော့ ကျွန်တော့်ဘဝကိုပဲ ပြန်နှုတ်ပေးလိုက်ပါတယ်..

ခေါင်းမော့ ရင်ကော့ပြီး ဘဝကြီးကို ဟားတိုက်ရယ်မောလိုက်ချင်တယ် ကျွန်တော်အဓိပတိဖွားဆိုပြီးတော့ ခက်တာက ကျွန်တော့်အသဲကနူနေတယ်..

တစ်ချောင်းငင်မဟုတ်ပါဘူး နှစ်ချောင်းငင်ပါ ခဏခဏ နုပြနေတဲ့နှစ်လုံးသားကို နူပေးလိုက်တာပါ..

တဒင်္ဂလေးပါပဲ ချစ်သူကို ကျွန်တော် တင်းတင်းကျပ်ကျပ် ဖက်ထားပြီးတော့ ခပ်ဖွဖွလေး သူ့နဖူးနဲ့မေးဖျားလေးကိုနမ်းမယ် ပြီးရင် ကျွန်တော်သူ့ကို ထွက်သွားခွင့်ပေးလိုက်ပါပြီဆိုတာ ပြောပြချင်ယုံလေးပါ။

No comments: