Credit : https://goo.gl/images/0LmUlA
I am so sorry beloved cus I try to forget to you.
အချစ်ဆိုတာ ဖန်တီးလို့မရသလို ဖျက်စီးလို့လဲ မရနိုင်ပါဘူး ဒါပေမယ့်..
အချစ်ကြောင့် နာကျင်နေတဲ့ ကျွန်တော့်နှလုံးသားကို လူသားတစ်ယောက်အတိုင်း မခံစားတက်အောင် ပျက်စီးမသွားခင် သိမ်းဆည်းထားလိုက်ပါပြီ..
၂၀၁၂မှာ ကျွန်တော့်ဘဝမှာ ပထမဆုံးကြိမ် ဘဝပျက်သလို ခံစားခဲ့ရဘူးတယ်
( အခုအချိန်မှာ အသားကျသွားပေမယ့် အဲ့အချိန်တုန်းကတော့ သွေးတွေခြောက်ခမ်းသွားသလို နာကျင်ခဲ့ပါတယ်)..
ကျွန်တော်တစ်ယောက်ထဲ ပြန်ရပ်တည်နိုင်ဖို့ကို အချိန်တော်တော်ကြာကြာ ပေးဆပ်ခဲ့ရသူပါ လူမသိ၊သူမသိ အဲ့ဒီကာလတွေမှာ လဲကျမသွားအောင်
ကြံ့ကြံ့ခံဖြတ်သန်းခဲ့ရတာ ဘယ်သူမှမသိပါဘူး..
၂၀၁၆မှာ ကျွန်တော်အနည်ထိုင်လို့ ငါကွလို့ ခေါင်းမမော့သေးခင်မှာ ကျွန်တော်ကပဲ ခလုပ်တိုက်မိတာလား သူကပဲ ချော်လဲသွားတာလား ဓါးစာခံကျွန်တော်ရင်ဘက်က ဒုတိယမိဒဏ်ရာထပ်ရသွားတယ်..
ကျွန်တော်ဆိုတဲ့ကောင်ကလဲ သနားစရာတော်တော်ကောင်းပါတယ် ကိုယ့်ဘာသာ Crush ကို ရင်ခုန်နေရင် အကောင်းသား Crush ဆိုတာ ကျွန်တော့်ရင်ဘက်ထဲ ရောက်မလာသလို နာကျင်စရာ ခံစားစရာ မလိုပါဘူး အခုတော့ လူသားဆန်လိုက်မိတာ..
ကျွန်တော့်ဦးနှောက်က မေ့ပြစ်လိုက်ပေမယ့် ရက်စွဲတွေရေရွတ်နေတဲ့ နှလုံးသားကိုတော့ လျစ်လျှူ ရှုထားပါတယ်..
ဇော်ဝင်းထွဋ် သီချင်းလိုပေါ့
တနေ့ ပင်လယ်ရေတွေ ခန်းတဲ့တနေ့
နေရောင်ခြည်တွေ မလင်းတဲ့တနေ့
ကိုယ်နဲ့မင်းနဲ့ ဝေးတဲ့တနေ့
အဆုံး ကမ္ဘာမှာရှင်သန်ခြင်းများ အဆုံး
အရာရာပျက်သုန်းလို့ ြပြီးဆုံး
ဇာတ်လမ်းလေးလဲ အဲ့ဒီအချိန်မှာအဆုံး။
တောင်းပန်ပါတယ် ချစ်သူ ကျွန်တော်ကို နာကျင်စေတဲ့ ခင်ဗျားလေးကို မျှော်လင့်နေမယ့်အစား ကျွန်တော့်ရင်ဘက်ထဲ ရောက်မလာတဲ့ Crush ကိုပဲ ရင်ခုန်နေပါတော့မယ်..
သစ္စာမဲ့တာလား သစ္စာဖောက်တာလား ကြိုက်တဲ့ပုဒ်မတွေတပ်ပြီး ကျွန်တော်ကို့ စွပ်စွဲလိုက်ပါ ကျွန်တော့် မေတ္တာက အဖြူရောင်ပါ ခင်ဗျားအရောင်ဆိုးခဲ့လို့ အရောင်ပြောင်းသွားရတာပါ..
No comments:
Post a Comment