19th December..
တစ်လတောင် ပြည့်သွားပြီ ကျွန်တော်ရက်စွဲတွေကို သတိရနေတုန်းပဲဗျာ တဖြည်းဖြည်းတော့ မေ့သွားနိုင်မှာပါ..။
၂၀၁၆နှစ်ကုန်ဖို့ ၁၂ရက်ပဲလိုတော့တယ် ၁၂ရက်ဆိုတာ ကျွန်တော့်အတွက် ရုတ်တရက် ပျောက်ကွယ်သွားတော့မှာ
ကျွန်တော် New year ကို ချစ်ပါတယ် သင်္ကြန်လိုပဲ New year ကို နှုတ်ဆက်ရတာ နဲနဲတော့ Feel ဖြစ်တယ်ဗျ
မှတ်မှတ်ရရ ၂၀၁၁ New year ကို သတိရနေတုန်းပဲ ဗျာ Malaysia မှာ သူငယ်ချင်းတစ်သိုက် Company က ငှားပေးထားတဲ့ အိမ်ရှေ့မှာ စုပြီး
New year ကျင်းပတာ အဲ့အချိန်တွေ ပြန်တမ်းတမိတယ်
၂၀၁၂ New year ကိုတော့ စိတ်ကူးယဉ်ခဲ့ဘူးတယ် ချစ်သူနဲ့တူတူ အင်းယားကန်ဘောင်မှာ မီးပန်းတွေဖောက် မီးပုံးပျံလွှတ် မြက်ခင်းပေါ်ပက်လက်လှန်အိပ်ရင်းနဲ့ ကောင်းကင်ကို
မော့ကြည့်ချင်ခဲ့တာ ( New year မပြောနဲ့ Ygn ပြန်ရောက်ပြီး ကျွန်တော့်မွေးနေ့တောင် မရောက်လိုက်ပါဘူး The End. ဖြစ်သွားတာ)
အခုတော့ အသက်ကလေးရလာတော့ ကဗျာမဆန်တော့ဘူး ဗျာ
အများပိုင်ပန်းခြံထဲမှာ ဘီယာလေးသောက်ရင်း ခပ်ဖြောင့်ဖြောင့် Crush လေးတွေကိုရင်ခုန် သီချင်းလေးညီးရင်း New year ကို သာသာယာယာလေး နှုတ်ဆက်လိုက်မယ်
မိသားစုဘဝကို လိုချင်ခဲ့ပေမယ့် မိသားစုဘဝကိုတည်ဆောက်ဖို့ အချစ်နဲ့ပတ်သတ်မိတိုင်း ကျွန်တော်ပဲနာကျင်နေရတော့
အကုန်လုံးကို စွန့်လွှတ်လိုက်ပါပြီ
Single life ကတော့ တစ်ခါတလေ Lonely ဖြစ်ပါတယ် ( ပိုက်ဆံမရှိလို့ မသုံးမဖြုန်းရတဲ့ အချိန်တွေမှာ ပိုပြီးအထီးကျန်ဆန်တာပေါ့ ဗျာ ) ဒါပေမယ့် ကျွန်တော့်အတွက် အသားကျနေပါပြီ
နှစ်သစ်ကူးဆိုတာ ကလေးတွေပဲ ဆင်နွှဲရမယ်လို့ ဘယ်သူမှ မသတ်မှတ်ထားသလို လူတိုင်းဆင်နွှဲနိုင်ပါတယ် အရက်၊ဘီယာသောက်ရမယ်လို့ ဘယ်သူကမှ မသက်မှတ်ပါဘူး ကျွန်တော်ကတော့ 2016 က နာကျင်တာနည်းနည်းများသွားတော့ ဘီယာနဲ့နှုတ်ဆက်တာပါ တစ်ခါတလေတော့ ကျွန်တော့်ကိုကျွန်တော် လွှတ်ပေးလိုက်အုန်းမယ်ဗျာ။
Peace Beloved.
No comments:
Post a Comment