Thursday, October 6, 2016

ပြစ်ဒဏ်


သူက ကျွန်တော့်ကို 

နားလည်မပေးနိုင်ခဲ့တာ မဟုတ်ခဲ့ပါဘူး

လောကသင်ရိုးမကျေခဲ့တဲ့ ကျွန်တော်သာ 

သူနားလည်နိုင်အောင် မကြိုးစားခဲ့မိတာပါ..


ဝဋ်လည်တယ်လို့ပဲ

သဘောထားလိုက်ပါတယ်

တစ်ဦးတစ်ယောက်ကို အနိုင်ယူခဲ့သမျှ

တစ်ခြားတစ်ယောက်ကို အရှုံးပေးခဲ့ပါတယ်..


တစ်ချိန်က နာကျင်ရင် 

ရွှေဘုန်းလူကဗျာတွေနဲ့ 

ဖြေသိမ့်ခဲ့ပေမယ့်

အခုတော့ နာကျင်ရင်

အကြည်တော်ဝတ္တုတွေနဲ့ 

ကုစားလိုက်ပါတယ်..


အနုပညာဆန်တယ်လို့

မခိုင်းနှိုင်းရဲပါဘူး

ကျွန်တော့်စိတ်ဓာတ်က

ပျော့ညံ့လွန်းလို့ပါ..


ရင်ဘက်ကို ဟောင်းလောင်းဖွင့်လည်း

ထွက်ကျလာစရာ စကားလုံးမရှိတော့ပါဘူး

အရှင်လတ်လတ် လွမ်းပြရအောင်လည်း

ချစ်သူဆိုတာ ဘုရားမပေးခဲ့တဲ့ 

ကျွန်တော်အတွက့် ပြစ်ဒဏ်ပါ..


မျိုးကြီးရဲ့

ဆန့်ကျင်ဘက်နဲ့ ကတ္တီပါလမ်းခွဲက

ကျွန်တော်ဆိုတဲ့ လူအတွက် အခုချိန်မှာ

အရမ်းချို မြနေသလိုပါပဲ..။

No comments: