Saturday, February 4, 2017

ဗလာ





6,566,400 seconds.
ရပ်တန့်သွားခဲ့ပါတယ်
သက်တမ်းကုန်သွားတာလား
ဒါမှမဟုတ်
တစ်စုံတစ်ခုချို့ယွင်းသွားတာလား
ကျွန်တော်မသိချင်တော့ပါ။

တချို့ဆုံးရှုံးမှုတွေဟာ
ကျွန်တော့်ကိုရင့်ကျတ်စေတာလား
လူဆိုတဲ့နာမ်စားရဲ့အပေါ်ရပ်တည်စေတာလား
ခံစားချက်ဆိုတာဗလာစာရွက်ကိုငုံကြည့်နေရသလို။

ကျွန်တော်သာ
ပုံပြောကောင်းခဲ့ရင်
ရွှေယုန်ဖြစ်ခဲ့ရင်
ကမ္ဘာကြီးရပ်တန့်သွားမလားဆိုတဲ့အတွေးနဲ့
ကြည့်မှန်ကိုမျက်လုံးမှိတ်ပြီးပြုံးပြလိုက်ပါတယ်။











No comments: