Wednesday, March 29, 2017

ငပိန်း



ငပိန်လို့ခင်ဗျားမှားဖတ်မှာ ကျွန်တော်စိတ်ပူလို့ 
ဝစ်စနှစ်လုံးပေါက်ကို ခြံခတ်ပြလိုက်ပါတယ်..

ကျွန်တော် Sharp ဖြစ်တာ ခင်ဗျားသိရင်
ငုတ်တုတ်မေ့သွားမှာစိုးရိမ်လို့ ပိန်းချင်ယောင် ဆောင်နေလိုက်ပါတယ်..

2010 ကို 2016 လို့ ရုပ်တည်နဲ့ညာခဲ့တာကိုလဲ 
သွားဖြီးပြီးယုံပေးခဲ့ဘူးပါတယ်..

ခုနှစ်ရက်လောက်နဲ့ တက်မလာနဲ့ဗျာ ရင်မခုန်တော့ပါဘူး
ကျွန်တော်ဆိုတဲ့ကောင်က ရက်တစ်ရာကျော်တောင် လေလုံဘူးထဲထည့်ပြီး မြေမြုပ်သိမ်းဆည်းထားတဲ့ကောင်ပါ..

Champ နဲ့ Chump မှာ ခြားနားချက်က U ဆိုတော့ 
အဲ့ဒီယူထဲမှာ ခင်ဗျားအတွက့် ကျွန်တော်မျက်လုံးနှစ်လုံးဆွဲပေးလိုက်ပါတယ်..



No comments: