Thursday, March 30, 2017

ပျော်ရွှင်ပါစေ



And I simply decide to be happy again.

ဟူး... 
အခြေအနေတစ်ခုဖို့ အသားပြန်ကျဖို့ အချိန်ထပ်ယူရအုန်းမယ်ဗျာ..

မနေ့က စိတ်အလိုကိုလိုက်ပြီးတော့ FB ကို မွှေလိုက်မိတာ တွေ့လိုက်ရတဲ့ 
Information ကြောင့် စိတ်မကောင်းဖြစ်တာပဲ အဖတ်တင်ပါတယ် အဲ့ Result ကို ကြိုသိနေရဲ့သားနဲ့ စိတ်မကောင်းဖြစ်သွားရတာ ကျွန်တော်ညံ့လို့ပါ

ဒီကာလတွေမှာ ကျွန်တော်တည်ဆောက်ထားတဲ့ အခြေအနေတစ်ခု ယိုင်နဲ့သွားရတယ် ညကလဲ အိပ်လို့မရတော့ Blog ဝင်ရေးဖြစ်တယ် ရေးပြီးတော့ ကိုယ့်ဘာသာစိတ်ပျက်မိတယ် ပြန်တော့မဖျက်တော့ပါဘူး နောင်တရမိတာကို အမှတ်အသားအနေနဲ့ ထားလိုက်ပါတယ် 

ကုန်သွားတဲ့အချိန်တွေကို ကျွန်တော့်ဘာသာ ဖျက်စီးပြစ်လိုက်တာ ဝန်ခံရရင် ပျော့ညံ့တဲ့ ကျွန်တော့်စိတ်ဓါတ်ကို ရေလည်မုန်းမိပါတယ်

အရမ်းကို ထိလွယ်ရှလွယ်လွန်းတော့လဲ သူတစ်ပါးရယ်စရာကြီးဖြစ်တာပေါ့ဗျာ အလှောင်ခံရတာကို ဂရုမစိုက်ပါဘူး ကျွန်တော့်ခံစားချက်ယိမ်းယိုင်သွားတာကို လုံးဝမကြိုက်တာပါ မဖြစ်သင့်ဘူးပေါ့ဗျာ

လက်ရှိအခြေအနေကို ပြန်တည်ဆောက်လို့ရပါတယ် အချိန်ဘယ်လောက်ကြာမယ်ဆိုတာ ကျွန်တော်မသိတာပါ

လူတိုင်းမှာယုံကြည်ချက် ကိုယ်စီရှိပါတယ် ကျွန်တော့်မှာ ယုံကြည်ချက်ဆိုတာမထားပါဘူး

ဖြစ်မလာနိုင်တဲ့ အခြေအနေတစ်ခုကို မျှော်လင့်နေတာထက် မဖြစ်နိုင်ဘူးဆိုတဲ့ အမှန်တရားကို လက်ခံလိုက်ပါတယ် အချိန်ကာလတစ်ခုတော့ ကျော်ဖြတ်ရတာပေါ့ ဗျာ

A
P
P
Y

အဲ့ စကားလုံးတစ်ခုကို တည်ဆောက်ရတာ မလွယ်ကူပါဘူး ဒါပေမယ့် နောက်တစ်ကြိမ် ကျွန်တော်ထပ်ပြီး တည်ဆောက်မှာပါ။


No comments: