Wednesday, April 26, 2017

Let it go!!


၁၅၉ ရက်လုံးလုံး ကျွန်တော်နာကျင်မှာ စိုးရိမ်လို့ ကြိုးစားပြီး တစ်ယောက်ထဲနေခဲ့ပါတယ်..

အခုရက်ပိုင်း ကျွန်တော်အရမ်းသတိရနေ့လို့ ဒီနေ့မှာ ဘယ်လိုမှ ကျွန်တော်ကိုကျွန်တော် မတားဆီးနိုင်လို့ ဆက်သွယ်မိပါတယ် မျက်ရည်ပေါက်ပေါက်ကျပြီး နာကျင်ရတာပဲ အဖက်တင်ရပါတယ်

ဝန်ခံပါတယ် ကျွန်တော်အရမ်းရှက်ရပါတယ် ဒီအချိန်အထိ ကျွန်တော်မရင့်ကျတ်သေးတော့ သူတစ်ပါးရဲ့ အသုံးချခံဖြစ်သွားရတဲ့ဘဝကို အရမ်းရှက်မိပါတယ်

ဘုရားစူး ဆုတောင်းပါတယ် ဝဋ်ကြွေးရှိရင်ကျေပါစေတော့ဗျာ ခဏခဏနာကျင်တာကို အချိန်အကြာကြီးခံစားရတဲ့ ဘဝကို မုန်းတီးနေပါပြီဗျာ

2012 တုန်းက ကျွန်တော် Suicide လုပ်ဖို့ကြိုးစားဖူးတယ် အခုလိုခံစားခဲ့ရလို မသေရဲခဲ့ပါဘူး ကျွန်တော့်အပြင်ပုံစုံက ခက်ထန်ပါတယ် ပကတိကတော အရမ်းကြောက်တက်တဲ့ကောင်ပါ လူတွေကိုကြောက်လွန်းလို့ မျက်နှာဖုံးတပ်ထားတာတောင် အခုလို နာကျင်ရပါတယ်

2017 အခုလဲ နောက်တစ်ကြိမ် ထပ်ပြီးနာကျင်ရပြီ ကျွန်တော့်ကိုကျွန်တော် အကြိမ်ပေါင်းများစွာ သတ်သေခိုင်းပါတယ် မသေရဲဘူးဗျာ ငကြောက်တစ်ကောင်အတွက့် သတ်မသေရဲတော့ လူမသိအောင် ချောင်ကုတ်ပြီး မျက်ရည်ကျတာ ဘယ်သူမှမသိတဲ့ Blog မှာ ရင်ဖွင့်တာ အဲ့ဒါ့အပြင် ကျွန်တော် ဘာလုပ်နိုင်အုန်းမှာလဲဗျာ

ဘုရားစူး ဆုတောင်းပါတယ် အသက်ရှင်နေသမျှ ဒီဘဝကြီးမှာ အချစ်နဲ့ပတ်သတ်ပြီးတော့ ထပ်ပြီးမနာကျင်ပါရစေနဲ့ဗျာ
Please,God!!

ကျွန်တော် သူတို့နှစ်ယောက်အပေါ်မှာ (AHA & AKZ) အရင်ဘဝတွေက လွန်ကြူးမိတဲ့အပြစ်တွေရှိရင် ဒီလောက်ခံစားရတာနဲ့တင် ကျေပါစေလို့ ဆုတောင်းပါတယ်။


No comments: