Monday, January 16, 2017

အလွဲများနှင့်လူ

          
                                                  https://goo.gl/images/dFWfGt

မှတ်မှတ်ရရပေါ့ မထသကနေ YGB စပြောင်းတဲ့နေ့က စလွဲတာ..

မနက်က YGB Bus နဲ့ အလုပ်စတက်မယ်ဆိုပြီး အိမ်ကနေထွက်လာတယ် ဒီနေ့လဲ နောက်ကျပါတယ် ဘုရားကယ်လို့ Bus ကားပေါ်မရောက်သွားတာ ထုံးစံအတိုင်း ကျွန်တော်ပိုက်ဆံအိတ်မပါလာတာ မသိဘူးလေ ကားခထုတ်မယ်ဆိုပြီး ဘေးလွယ်အိတ်ထဲ ဖွင့်ကြည်မှ ပိုက်ဆံအိတ်ကျန်ခဲ့မှန်းသိလိုက်တာ 

Bus စီးချင်တော့ အိမ်ကိုဖုန်းခေါ်တယ် ကားမှတ်တိုင်ကို ပိုက်ဆံအိတ်လာပို့ခိုင်းမလို့ မယ်တော်ကဖုန်းတခြားလူတခြားဖြစ်နေတော့ ကျွန်တော်ပဲ အိမ်ပြန်လိုက်ရပါတယ် Bus စီးရင် ပိုနောက်ကျမှာဆိုတော့ နှမြောတသနဲ့ Taxi စီးလိုက်ပါတယ်

တော်သေးတာပေါ့ Bus ပေါ်စွေ့ကနဲတက်လိုက်သွားပြီး ပိုက်ဆံပေးခါနီးမှသိရင် လူကြားထဲ မျက်နှာငယ်လေးနဲ့ ကားပေါ်ကနေဆင်းရအုန်းမယ် ပိုက်ဆံအိတ်ကျန်ခဲ့လို့ပါလို့ ယာဉ်နောက်လိုက်ကို ကျွန်တော်မပြောရဲဘူးလေဗျာ 

ကျွန်တော့်အတွက့် ပိုက်ဆံအိတ်ကျန်တာ ၂၀၁၇ အတွက့် ဖွင့်ပွဲပေါ့ ၂၀၁၆ ကလဲ ခဏခဏမေ့ကျန်ခဲ့ပါတယ် အရင်က Taxi စီးဖြစ်တာများတော့ ခပ်တည်တည်ပဲ စီးလာပြီး ရုံးရောက်မှမျက်နှာချိုလေးနဲ့ ရုံးထဲဝင်ပြီး ကားခတောင်းပေးနေကျ ပြီးမှအဖေက သူ့အလုပ်ကနေ ပိုက်ဆံလာပို့ပေးတော့ ဒီနေ့လို ပြာတိပြာတာ မဖြစ်ရဘူးပေါ့ဗျာ

ကျွန်တော် ပိုက်ဆံကို အရင်ကထက် ပိုချစ်တက်လာလို့ Taxi မစီးတော့တာ ငွေရှားပါးနေတဲ့ခေတ် ရောက်သွားပြီလေ Taxi မစီးရင် တနေ့ကို ၁,၈၀၀ ကျွန်တော်ပိုသုံးလို့ရပြီ အခုလဲကြို ပြီးပိုသုံးထားတာက ၁၅,၈၀၀ ရှိနေပြီ ၂၁ရက်နေ့ထိ Bus စီးမှ ကျွန်တော့် Budget က အနုတ်မပြမှာ လကုန်တိုင်းအနုတ်ပြနေတော့ အဆင်မပြေဘူး Liability တွေက ဖောင်းပွနေတုန်းပဲ

အလွဲလုပ်တာကတော့ မပြောပါနဲ့ မနေ့ကလဲ United ကိုသွားတယ် မိုးချုပ်နေလို့ Taxi စီးသွားတာ ၁,၂၀၀ ပေးရတယ် မိုးမချုပ်သေးဘူးဆိုရင် ကျွန်တော်လမ်းလျှောက်နေကျ အပြန်ကျတော့ Taxi တွေက ၁,၅၀၀ တစ်ပြားမှ မလျော့ဘူး ဆိုက်ကားစီးရင် ၁,၀၀၀ ပဲပေးရတော့ ၅၀၀ နှမြောပြီး အေးနေတဲ့အချိန် လေတဖြူးဖြူးနဲ့ ဆိုက်ကားစီးပြန်တယ် 
Hot pot လုပ်စားဖို့ ဝယ်လာတဲ့ပိုက်ဆံ ၁၀,၀၀၀ ကျော်ကျတော့ ကျွန်တော်မနှမြောဘူး ၅၀၀ နဲ့ ၁၀,၀၀၀ အဆ ၂၀ ကွာတာသိပေမယ့် တလွဲအမြဲလုပ်တယ် 

ဆက်ပြောအုန်းမယ် လတိုင်းအလွဲကို လဆန်းတိုင်း ATM Card ထဲ ၅၀,၀၀၀ ထည့်တယ် ပိုက်ဆံစုမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ၂၀ရက်မကျော်ဘူး အဲ့ပိုက်ဆံ ပြန်ထုတ်သုံးတယ် ဟဲဟဲ Transaction မရှိမှာ စိုးရိမ်လို့ပါ 

လွန်ခဲ့တဲ့ ၁၀နှစ်ကျော်က သူငယ်ချင်းနဲ့ပြန်တွေ့တော့ သူကဆုံးမတယ် နင်တို့ငါတို့က နောက့်လှည်ကြည့်ရင် ကျောပဲရှိတာ သူများလိုအားကိုးမရှိဘူး လတိုင်းငွေစုထားတဲ့ ကျွန်တော်လဲကြိုးစားပါတယ် ဂဏန်း၈လုံးပြည့်အောင် ကျွန်တော်က စုံဂဏန်းနဲ့ မတည့်ဘူးထင်တယ်ဗျာ ဂဏန်း၅လုံးကို မကျော်နိုင်ဘူး ဂဏန်း၈လုံးပြည့်အောင် ဘုရားနားညီးအောင် ဆုမတောင်းတော့ပါဘူးခင်ဗျာ။




No comments: