Monday, October 16, 2017





ငယ်ငယ်ထဲက အမွှာဆိုရင် အရမ်းသဘောကျတာ Apps ကနေ အမွှာမွေးမယ်ဆိုတော့ ခဏရူးမိတာပါဗျာ..


တွေးမိလိုက်ပါတယ် လောလောလတ်လတ် ယူစရာမရှိသေးတော့ ဒီဇင်ဘာအမှီ လေဥဥြပြီးမွေးရရင် ကောင်းမလားပဲ?


ပြီးတော့ရှိသေးတယ် အမွှာဆိုတော့ ယောင်္ကျားလေးတစ်ယောက် မိန်းကလေးတစ်ယောက်ဆို ဗိုက်နှစ်ခါမကြီးရတော့ဘူး စိတ်ကူးထားတာနဲ့ ကွက်တိပဲဗျ အဲ ယောင်္ကျားနှစ်ယောက်ဆိုမှ မျောက်မေမေဖြစ်နေမှာ မိန်းကလေးနှစ်ယောက်ဆိုရင်တော့ ကန်တော့ပွဲနှစ်ပွဲပေါ့ဗျာ..


အဲ့ဒါနဲ့တင် မပြီးသေးဘူးဗျ နာမည်လိုသေးတယ် ကျွန်တော်ကတော့ ယောင်္ကျားလေးကို နေဝန်းလို့ပေးမယ် ထက်ထက်မြက်မြက် ရှိတာပေါ့ မိန်းကလေးကို လဝန်းပေါ့အေးချမ်းစေချင်လို့ပါ အိမ်မှာတော့ သဲနဲ့သက်ပေါ့ နာမည်ကိစ္စလဲပြီးပြီ..


အဲ့မှာတင်စတွေ့တာပဲဗျာ...


သောက်တလွဲ Application မနေ့တနေ့က အမွှာမွေးခိုင်းတယ် ဒီနေ့ကျတော့ နောက်နှစ်မှ Relationship လုပ်ပါတဲ့??


လွယ်လိုက်တာဗျာ မနေ့တနေ့က အမွှာနှစ်ယောက်ကို ကိုဖိုးဇော်စီပဲပို့ရမလား မာမီကွတ်စီပဲပို့ရမလား မလုပ်ရက်ပါဘူးဗျာ ကျွန်တော်ပဲမွေးမှာပေါ့ မပေးရက်ပါဘူးဗျာ..



အဲ့လို Plan လဲချပြီးရော...

အခုလို သောက်ကြီးသောက်ကျယ်တွေပြောရော.. 

ဘယ်နှယ့်ဗျာ ကလေးနှစ်ယောက်နဲ့ ဖတ်သီလိုက်နေမှာ ဘယ်နားကသိန်းသုံးဆယ်ရှာနိုင်ပါ့မလဲ တစ်ယောက်ထဲတောင် မတ်တပ်အိပ်နေရတာ အမွှာနှစ်ယောက်နဲ့ဆို ဇောက်ထိုးမအိပ်ရရင်ကံကောင်းဗျ..

ကားတဲ့ ရယ်ချင်တယ် အရုပ်ကား ၁၉,၅၀၀တောင် မဝယ်နိုင်တဲ့ဘဝ အိမ်တဲ့အဲ့လိုခမ်းခမ်းနားနား မလိုချင်ပါဘူး အခန်းလေးတစ်ခန်းရှိရင်တောင် ကျေနပ်ပါပြီ လောလောဆယ်တော့ မိဘနဲ့ကပ်နေမှာပေါ့ဗျ အမွှာနှစ်ယောက်မျက်နှာနဲ့ နှင်မချလောက်ပါဘူးဗျာ..


Apps ကသောက်ကြီးသောက်ကျယ်တွေပြောလဲ ကိုယ့်အရည်အချင်းကိုယ်သိတော့ ရယ်နေရတာပေါ့ဗျာ..







အဲ့လိုစိတ်ကူးတွေယဉ်နေတုန်း..

တိုက်တိုက်ဆိုင်ဆိုင် အိမ်နီးနားချင်း အစ်မတစ်ယောက်က တနေ့ကအိမ်လာလည်ရော ကျွန်တော့်ထက် အသက်ရောအတွေ့အကြုံရော စီနီယာကျတယ်..


နင်ဒီအချိန်အထိ လူလွတ်ပဲဆိုတော့ ယောင်္ကျားမယူနဲ့ ရည်းစားပဲထားတဲ့..


တိန်

တစ်ယောက်ထဲ Lonely ကတော့ ဘယ်သူကနေနိုင်မလဲတဲ့ မနေနိုင်လဲနေရမှာပဲဗျ..


တကယ်လို့ ယောင်္ကျားယူမယ်ဆိုရင်တောင် ကလေးမယူနဲ့ နင့်အသက်နဲ့ ကလေးကိုဘယ်လိုပြုစု ပျိုးထောင်နိုင်မလဲတဲ့


Oh God!! ယောင်္ကျားယူပါတယ်ဆို ကလေးလိုချင်လို့ပေါ့ဗျာ


ကိုယ့်ဘာသာ မြည်ကြွေးလိုက်ပါတယ် သေဟဲ့နန္ဒိယ စိတ်ကူးထဲမှာတော့ ချိုလိမ်လေးတပ်ထားတဲ့ အမွှာလေးနှစ်ယောက် အမေဆဆိုပြီး မျက်ရည်တွေကျနေတာ စိတ်ကူးမိသွားတယ်..


အပြင်မှာတော့ ဘယ်တက်နိုင်မလဲ စိတ်ကူးတောင် မယဉ်ရဲတဲ့ဘဝဆိုတော့ မချိသွားဖြဲလေးနေလိုက်ရတယ်


ကျွန်တော့်စိတ်ကူးသာ အဲ့ဒီအစ်မသိရင် တော်တော်ရွတဲ့ကောင်မလို့ ချီးကျူးခံနေရမှာ မကြီးမငယ်အရွယ်မှ ရွလဲမရွချင်တော့ပါဘူးဗျာ..


ကိုယ့်ဘာသာတစ်ယောက်ထဲ သက်ပြင်းတွေချမိရင်း ငါ့မှာ Application က ပုံလေးကိုတောင် စိတ်ကူးမယဉ်နိုင်တဲ့ဘဝပါလားဆိုပြီး အခုတော့ နားပိတ်၊ပါးစပ်ပိတ်၊မျက်စိပိတ်ရင်း ကိုယ့်ဘာသာ နေတော့မယ်ဗျာ ပတ်ဝန်းကျင်ဆိုတာလဲ မရှိမကောင်း ရှိမကောင်းဗျ။

🤣🤣🤣🤣🤣




No comments: