Sunday, October 8, 2017

တမ်းတမိတဲ့ သီတင်းကျွတ်အချိန်



The Thadingyut Festival (Burmese: သီတင်းကျွတ်ပွဲတော်), the Lighting Festival of Myanmar, 
is held on the full moon day of the Burmese Lunar month of Thadingyut. As a custom, it is held at the end of the Buddhist lent (Vassa) and is the second most popular festival in Myanmar after Thingyan Festival (New Year Water Festival). 
Thadingyut festival is the celebration to welcome the Buddha’s descent from the heaven after he preached the Abhidhamma to his mother,Maya, who was reborn in the heaven.

Thadingyut Festival
သီတင်းကျွတ်ပွဲတော်Also calledLighting FestivalObserved byMyanmarTypeBuddhistDateFull moon day of Thadingyut2016 dateOctober 16[1]2017 dateOctober 52018 dateOctober 24Related toVap Full Moon Poya (in Sri Lanka)
Wan Ok Phansa (in Thailand)
Boun Suang Huea (in Laos)

Credit : 
https://en.m.wikipedia.org/wiki/Thadingyut_Festival






ဒီနှစ်သီတင်းကျွတ်ပွဲတော် ပြီးသွားပြီ

ရေကျော်ပွဲစျေးတောင် မသွားဖြစ်ပါဘူး

အိမ်မှာပဲ ဖယောင်းတိုင်ထွန်း မီးပုံးထွန်းရင်း

ပွဲတော်ရက်ကို ကုန်ဆုံးဖြစ်သွားပါတယ်..

လပြည့်နေ့မှာ ဦးလေးအငယ်တွေ အဖေ့ကို

လာကန်တောတော့ မှတ်မှတ်ရရ အဘိုးကို

အရမ်းသတိရမိတယ် အဘိုးရှိစဉ်အခါတုန်း

က ကျောက်ရေတွင်းအိမ်မှာရော

ကျောက်မြောင်းအိမ်ရာက်တော့ရော

အဖေတို့ညီအစ်ကိုတွေ

သီတင်းကျွတ်လပြည့်နေ့တိုင်း မိသားစုစုံ

အညီနဲ့ အဘိုးနဲ့အဘွားကို ကန်တော့ရင်း

အဘိုးတို့အိမ်မှာတနေ့လုံး

ပျော်ပျော်ပါးပါးဖြတ်သန်းခဲ့ရတာ...


သီတင်းကျွတ်ရောက်တိုင်း အဘိုးနဲ့အဘွား

ဘက်က ဆွေမျိုးတွေလာကန်တော့မျှကို

အဘိုးကဘုရားကပ်ဖို့လောက်သာဖယ်ပြီး

ကျန်သမျှကိုအဘွားကို သုံးပုံပုံခိုင်ြးပြီး

သူ့သားသုံးယောက်ကို အိမ်အပြန်ထည့်ပေး

ခဲ့တာတွေ သားတွေက အဖေနဲအမေစားပါ

ဘယ်လောက်ပြောပြော နှစ်စဉ်နှစ်တိုင်း

မပျက်မကွက်ကြွေးသစ်ချသွား

အဘိုးဆုံးတဲ့အချိန်အထိ...


၂၀၀၃မှာ အဘိုးဆုံးသွားတော့ အဘွားပဲ

ကျန်ခဲ့တာ အဘွားစီသွားတိုင်း အဘိုး

အကြောင်းတွေ အမြဲပြောပြတယ် အတူနေ

မြေးတွေက နေ့တဒူဝဆိုတော့ နားညီးချင်

ညီးပေမယ့် တခါတလေလာလည်တဲ့ ကျွန်

တော့အတွက့်တော့ သီးသီးသန့်သန့်ကြီးမ

လုပ်ပေးခဲ့ပေ့မယ် ဂရုတစိုက်နားထောင်ပေး

ခဲ့မိတယ်...

ငယ်ငယ်တုန်းတုန်းက အတူနေမြေးတွေ

အပေါ် အချစ်ပိုခဲ့တဲ့အဘွားဟာ အဘိုးမရှိတဲ့

နောက်ပိုင်း သူ့အပေါ်ဂရုစိုက်တဲ့ မြေးတွေကို

ပိုပြီးသံယောဇဉ်တွယ်ခဲ့တယ် အဘိုးဆုံးပါး

သွားချိန် ဒီလိုရက်တွေကို အဘိုးအကြာင်း

တွေပြောပြရင်း သူတစ်ယောက်ထဲ အားတ

င်းပြီးဖြတ်သန်းခဲ့ရမှာနေမှာ...

အဘွားမဆုံးခင်သာ ဒီလိုနားလည်ခဲ့ရင်

အဘွားစီကျွန်တော် မကြာခဏသွားခဲ့ပြီး

အဖော်လုပ်ပေးခဲ့မိမှာပါ

အခုတော့ အဘွားတစ်ယောက်

မရှိတော့တာ သီတင်းနှစ်ခါကျွတ်ခဲ့ရပါပြီ...

အဘွားဆုံးသွားတာ နှစ်နှစ်နီးပါးရှိတော့မယ်

ဆိုပေမယ့် အခုအချိန်အထိ အဘွားစကား

သံတွေ ကြားယောင်နေဆဲပါ။

No comments: