Sunday, October 22, 2017

Last



ကန်တော်ကြီးပဲလေ့စ် မီးမလောင်ခင် အချိန်ကရိုက်ထားတာ အဲ့နေညက ည၁၂နာရီခွဲကျော်ကစြပြီး မီးပျက်သွားတာ ည၂နာရီလောက်အထိအိပ်လို့မရဘူး မီးကလဲပြန်မလာဘူး ကျွန်တော်နေတဲ့ပတ်ဝန်းကျင်တစ်ခုလုံး အမှောင်အတိကျနေတာကို သဘောကျပြီး အလင်းသဲသဲရှိတဲ့ကောင်းကင်ကို ရိုက်ထားလိုက်မိတာ..


မနက်အိပ်ယာနိုးမှ ည၃နာရီကျော်မှာ မီးလောင်မှန်းသိရတာ စိတ်မကောင်းဖြစ်မိပါတယ် ကျောင်းပြီးစအချိန် ၂၀၀၃၊၂၀၀၄ က ဒူဘိုင်းသွားမယ်ဆိုပြီး ဟိုတယ်သင်တန်းတက်ဖြစ်တော့ ကန်တော်ကြီးပဲလေ့စ်မှာ OJT တစ်လဆင်းဖြစ်တယ် ဟိုတယ်တစ်ခုလုံးနီးပါးကို ရောက်ခဲ့ဘူးတော့ တကယ်နှမြောတယ်ဗျာ..


ကျွန်တော်တောင် မနက်ဖြန်ဆိုတာ မသေချာမှန်းသိပေမယ့် အကုန်လုံးနီးပါး ဆုံးရှုံးသွားတာကို စိတ်မကောင်းဖြစ်မိပါတယ် တရားလဲကျမိပါတယ် အနှစ်၈၀ကျော်သက်တမ်းရှိတဲ့ဂဒီလိုအရာဝတ္တူတွေတောင် အချိန်မရွေးပျောက်ကွယ်သွားနိုင်တယ်ဆိုတာ ကျွန်တော်ဆိုတဲ့လူတစ်ယောက်လဲ အလားတူပျောက်ကွယ်သွားနိုင်ပါတယ်။


ကျွန်တော် Blog ရေးလာတာကြာပါပြီ စရေးတုန်းကတော့ ကိုယ့်အတွက်ပဲရေးမိတယ် နောက်ပိုင်းကျတော့ ကျွန်တော့်Exအတွက် ခံစားချက်တွေ ရေးဖြစ်တယ်ဗျာ..


အခုတော့ဒီ Blog မှာရေးစရာ ခံစားချက်လဲမရှိတော့ပါဘူး ရေးလဲမရေးချင်တော့ဘူးဗျာ
အရင် Blog တုန်းကတော့ ခံစားချက်လဲကုန်ရော အကုန်နီးပါး ပြန်ဖျက်ပြစ်တယ်ဗျ ဘယ်နှစ်ပုဒ်မှန်းတောင် မသိတော့ဘူး..


ဒီ Blog ကိုတော့ မှတ်မိသလောက့် ၅ပုဒ်၊၆ပုဒ်လောက်တော့ အရင်က ကျွန်တော်ဖျက်ခဲ့မိပါတယ် အမှတ်တရအနေနဲ့ ထားခဲ့မယ်လို့ ဆုံးဖြတ်ပြီး ၁ပုဒ်မှကို ထပ်မဖျက်တော့ပါဘူးဗျာ  Draft ထဲက၃ပုဒ်ပါ ကျွန်တော်ပြန်တင်ပေးထားပါတယ်..


နှုတ်ဆက်ခဲ့ပါတယ်ဗျာ ကျွန်တော်ဆိုတဲ့ကောင်မျိုးက ထိကရုန်းမဟုတ်တော့ ပတ်ဝန်းကျင်နဲ့ အသားကျအောင် နေလို့မရတဲ့သူမျိုးဆိုတော့ ကျွန်တော်ရှင်သန်လို့ရတဲ့ ဘဝမျိုးမှာပဲနေထိုင်ပါတော့မယ်ဗျာ။

No comments: