Saturday, September 30, 2017


https://goo.gl/images/KEf1ew

တိတိကျကျပြောရရင် ဒီနေ့အပါအဝင်ရက်၂၀လောက် ကျွန်တော်တကယ်ကို စိတ်ပင်ပန်းခဲ့ရပါတယ် ၁ရက်၂ရက်လောက်ပဲ စိတ်ပျော်ရွှင်ခဲ့ရတာပါ ဒါပေမယ့် ကျေးဇူးတင်ပါတယ် ဒီအချိန်အတွင်းမှာ ရသမျိုးစုံကိုခံစားတက်သွားလို့ အပြည့်အဝမဟုတ်တောင် လူ့ဘဝဆိုတာကို သဘောပေါက်သွားလို့ပါ..


ရက်၂၀ကျော်မှ စကားသံကြားရတယ် အရင်တုန်းကအခြေအနေဆို ကျွန်တော်အရမ်းပျော်မိမှာပါ ကျွန်တော်ကအဖြည့်ခံသက်သက် လူဖြစ်လာရတဲ့ဘဝဆိုတော့ ဝန်ခံရရင်အသိစိတ်မဲ့နေတဲ့အချိန်မှာ ပြောခဲ့တဲ့ စကားသံကြားရတာတောင် ပျော်မိသူပါ..


ဒါပေမယ့် ဒီတချိန်အပျော်မှာတော့ စိုးရိမ်စိတ်တွေ ဖုံးလွှမ်းနေတာကို ခံစားနေရတယ် ၁ရက်၊၂ရက်အဆင်ပြေပြီးရင် ၁လလောက်ပြဿနာဖြစ်မယ် အခန့်မသင့်ရင် ၄၊၅၊၁၀လ အဆက်အသွယ်မဲ့နေမယ်ဆိုတဲ့ ဇာတ်လမ်းက ဒီ၁နှစ်ကျော်မှာ ခဏခဏကြုံခဲ့ရြပြီးပါပြီ..


မလိုချင်တော့ပါဘူး ဒီဘဝကို မဖြစ်နိုင်မှန်းသိလို့ ထိမ်းချုပ်နေတဲ့သူကို စောင့်မျှော်နေရတဲ့ဘဝမျိုး တဖက်သတ်ကြီးမျှော်လင့်နေရတဲ့ဘဝမျိုး ၁ရက်တာအဆင်ပြေဖို့ ရက်ပေါင်းများစွာနာကျင်နေရတဲ့ဘဝမျိုးကို..


ကျွန်တော်နားလည်ပါတယ် ရပ်တန့်သင့်တာကြာပြီဆိုတာကို ချက်ချင်းကြီးကျွန်တော်မရပ်တန့်နိုင်သေးတာပါ အချိန်အတိုင်းအတာတစ်ခုတော့ ကျွန်တော့်အတွက့်လိုအပ်မှာပေါ့ သူများတွေ ပျော်ရွှင်နေတာတွေ့ရင် ကျွန်တော်အရမ်းအားကြမိပါတယ် ဒါပေမယ့် ခဏခဏနာကျင်ရတဲ့ဘဝကို အခုအချိန်မှာ ကျွန်တော်တကယ်ကို မလိုချင်တော့ပါဘူး ပျော်ရွှင်ခြင်းနဲ့နာကျင်ခြင်းက ကျောချင်းကပ်နေတာကို ကျွန်တော့်ရင်ဘက်ကနားလည်လိုက်ပါပြီ..


လောကဓံကြောင့် အထိုက်အလျောက်ရင့်ကျက်လာပေမယ့် အချစ်နဲ့ပတ်သတ်လာရင် ကျွန်တော်မပြောင်းလဲသေးပါဘူး အရင်တုန်းကအတိုင်း ခံစားနေတက်တုန်းပါ တကယ်တော့ နာကျင်မှုဆိုတာ သူတစ်ပါးဖန်တီးမှုက ရာနှုန်းနည်းနည်းလေးပါ တကယ်တော့ ကျွန်တော်ကိုယ်တိုင် ရာနှုန်းပြည့်နီးပါး ထပ်ဆောင်းဖန်တီးမိတာပါ ကျွန်တော်ဆိုတဲ့ကောင်က အပြင်ပန်းမာကြောသလောက် စိတ်ဓါတ်ကပျော့ညံ့လွန်းတော့ တကယ်တန်းနာကျင်လာရရင် သူတစ်ပါးထက်ပိုပြီး ခံစားရပါတယ်..


ဒီအချိန်မှာ လောကဓံရဲ့ထိုးနှက်ချက်နဲ့တင်
ကျွန်တော့်အတွက့် လုံလောက်ပါပြီ ထပ်ပြီးတော့ ခင်ဗျားနဲ့ပတ်သတ်ပြီး အကြိမ်ကြိမ်အခါခါ ခံစားရမယ့်နာကျင်ဝမ်းနည်းမှုတွေကို ထပ်ခါထပ်ခါ မခံစားနိုင်တော့ပါဘူးဗျာ..


မဖြစ်နိုင်လို့ ခင်ဗျားနောက်ဆုတ်ခဲ့တာပါ လှည့်ထွက်သွားတာ မဟုတ်ပါဘူး ဒီလိုပဲ ကျွန်တော်လဲ မဖြစ်နိုင်တဲ့အရာတစ်ခုကို ဖက်တွယ်နေမယ့်အစား အသာတကြည် နောက်ဆုတ်လိုက်ပါပြီ..


နဖူးစာမပါလို့ အစထဲကဝေးခဲ့ရတာကို ကျွန်တော်လက်ခံလိုက်ပါပြီ။

No comments: