Thursday, September 21, 2017

မူးယစ်သားကောင်




နတ်ဆိုးဟာ အပေါင်းအသင်းနဲ ရောင်းရင်းနဲ့ အဆင်းမှာဘီးတပ်ဝင်လာ..

37က စဝင်လာထဲက ရင်ဝကိုစုံကန်ပြီးဝင်လာတာပါ ကျွန်တော်ဆိုတဲ့ အကောင်ကလဲ လူကသာပျော့ညံ့တာ စိတ်ကတော့ အကြောတင်းသလားမမေးနဲ့ လောကဓံက ထိုးချက်ပြင်းပြင်းနဲ့ အကန်ခံရတာတောင် ခဏတာယိုင်နဲ့သွားပြီး အချိန်တစ်ခုရောက်သွားရင် မြေကြီးပေါ်မှာ အရင်အတိုင်းခြေစုံရပ်နေတုန်းပဲ..

အဲ့လိုခံနိုင်လေ လောကဓံဆိုတဲ့ အကောင်က အဆင်းမှာဘီးတပ်လေ ရှင်ရင်ရွှေထီး၊သေရင်မြေကြီးပဲဗျာ မီးစတစ်ဘက်၊ရေမှုတ်တစ်ဘက်အချိန်မှာ ရေဝေးထက်ပိုပြီး သွားစရာမရှိတော့ပါဘူး ထပ်ကန်လိုက်ပါအုန်း
မြေကြီးထဲမရောက်သရွေ့ကတော့ ကျွန်တော်ခြေစုံရပ်ပြီး
ကြံ့ကြံ့ခံနေအုန်းမှာပဲဗျ..

ရာဘလား ရာမလား ကျွန်တော်မသိပါဘူး ဆေးပြားဆိုတာ မူးယစ်ဆေးဝါးဆိုတာ မကောင်းဘူးဆိုတာတော့ ကျွန်တော်နားလည်ပါတယ် 
အဲ့ဒီဆေးပြားတွေကြောင့် ဘဝတွေပျက်သုန်းသွားရတာ..

မူးယစ်ဆေးဝါးသားကောင်ဖြစ်ပြီဆိုတာနဲ့ ပထမဆုံးခင်ဗျား လူဖြစ်ရှုံးသွားပြီ ဒုတိယခင်ဗျားရဲ့မိသားစု၊မိန်းမ၊သား၊သမီး လူတောမတိုးနိုင်တော့ဘူး ခင်ဗျားလူဖြစ်ရှုံးပြီဆိုတာနဲ့ သူတို့ရဲ့စားဝတ်နေရေး၊ပညာရေး၊ကျန်းမာရေး ဘယ်သူတာဝန်ယူပေးမလဲဗျာ.. 

တတိယခင်ဗျားမိဘ ခင်ဗျားကို လူတစ်လုံးသူတစ်လုံးဖြစ်အောင်
ကျွေးမွေးပြီးပညာသင်ပေးခဲ့တဲ့ သက်ရှိဘုရားနှစ်ပါး လူတစ်ကာရဲ့ အတင်းစကားကြားမှာ အသက်မှရှုနိုင်ပါ့မလားဆိုတာ ခင်ဗျားတွေးမိရဲ့လား..

သက်ပြင်းတောင်မချတော့ပါဘူး ချလိုက်ရင်ကျွန်တော်အတွက့် အသက်တိုတာကလွဲပြီးအကျိုးမဲ့လို့ပါ အရင်ကလဲထမင်းပူမစားခဲ့ပါဘူး အခုလဲထမင်းပူမစားပါဘူး နောင်လဲထမင်းပူစားဖို့ စိတ်မကူးခဲ့ပါဘူး အဲ့ဒါတောင်ဒီလောက်ပူပင်နေရတာဗျာ စိတ်ဓါတ်တော့မကျတော့ပါဘူး ဘယ်လောက်ပဲ သောကများပါစေ အချိန်တစ်ခုလွန်မြောက်သွားရင် အရာအားလုံး လွတ်မြောက်သွားကြတာပါပဲဗျာ..







No comments: