အမေကံကောင်းသွားတာက ကျွန်တော်နေ့လည်မှနိုးလို့ နောက်ဆိုရေခဲသေတ္တာပြောင်နေလောက်ပြီ..
ဒီနေ့က ဦးရဲမိန်းမဆုံးတာ၃နှစ်ပြည့်သွာပြီဆိုတော့ မြောက်ဥက္ကလာအိမ်မှာ အန်တီဝေမာအတွက့် အလှူလုပ်ပေးတယ် ကျွန်တော်ကနေမကောင်းလို့ မလိုက်ဖြစ်ဘူး..
မနေ့ကအလှူအတွက့်လိုတာတွေသွားပို့ပြီး ပြန်လာတော့ YBS ပဲစီးလာတယ် ပိုက်ဆံရှားတာနဲ့ အလုပ်မရသေးတာနဲ့ဆိုတော့ အရင်လိုလက်မကြီးရဲတော့ဘူး ပိုက်ဆံကိုစီစစ်နေရပြီ အသိတရားရတယ်ဆိုလို့ အထင်မကြီးပါနဲ့ဗျာ မနေ့ကမှ အသိတရားရသွားတာပါ..
မြောက်ဥက္ကလာနဲ့တာမွေကို ၁နာရီခွဲလောက် ကားစီးလိုက်ရတာ အိမ်ရောက်တော့ လူကမဟန်နိုင်တော့ဘူး မူးတာအရမ်းပဲ စိတ်ကသာ ကိုယ့်ဘာသာ ငယ်သေးတယ်ထင်နေတာ လူကမငယ်တော့ဘူးလေ မနက်ဖြန်သဘက်ဆိုအသက်၄၀ရောက်ပြီ ဇရာကစိန်ခေါ်နေပြီဗျာ..
အဖေက Sunday ဆို နားရက်ဆိုပေမယ့် အရေးကြီးရင်အလုပ်သွားရတော့ အိမ်မှာဘယ်သူမှမရှိဘူး နိုးလာလိုက်ခေါင်းကြည်တော့ ပြန်အိပ်လိုက်နဲ့ အိပ်ယာနိုးတော့ နေ့လည်၁၂နာရီကျော်နေပြီ အရင်နေ့တွေလို ကော်ဖီဖျော်ထားတာမရှိတော့ ကိုယ့်ဘာသာ ကော်ဖီဖျော်သာက်ရတယ် ကော်ဖီအနံက လူကိုလန်းဆန်းသွားတာပဲ အပျင်းထူနေတော့ ကိုယ့်ဘာသာဖျော်မသောက်တာ ဘယ်နှနှစ်မှန်းတောင် မသိတော့ဘူးဗျာ မနက်ဖြန်ကစြပြီး ကော်ဖီအေးစက်စက်ကြီး မသောက့်တော့ဘူးဗျာ..
ကော်ဖီတခွက်သောက်ပြီး မီးဖိုဆောင်သန့်ရှင်းရေးလုပ် ပန်းကန်ဆေး အဝတ်လျှော် တိတ်တိတ်ဆိတ်ဆိတ်မဟုတ်ဘူးနော် သီချင်းကိုအသားကုန်ဖွင့်ထားတာ တိုးမှာစိုးရိမ်လို့ အသံကျယ်အောင် ဒန်အိုးထဲထည့်ထားလိုက်သေးတာ အဲ့ဒါတောင်အားမရသေးဘူး အသံသေးအသံကြောင်နဲ့ အော်ဆိုလိုက်သေးတယ် ၆လွှာမို့လို့ မြေညီသာဆိုရပ်ကွက်ထဲက ခဲနဲ့ထုလောက်တယ် ညနေစောင်းအထိ အဲ့လိုအော်ဆိုနေတာလေ သန့်ရှင်းရေးလုပ်ပြီး ကန်ထဲမှာရေကုန်သွားရော ရေတင်တာမရဘူး ရေချိုးချင်ပေမယ့်ရေမချိုးရဲသေးဘူး တနေ့လုံးရေဖြတ်ထားရင် ပြဿနာ တိုက်ခန်းနေရတဲ့ဘဝက ရေမရှိရင်ငရဲပဲဗျ..
အဲ့ဒါနဲ့မနက်စာစားဖို့ နေ့လည်၂နာရီလောက်ကနေစပြီး ချက်ပြုတ်လိုက်တာ ညနေစောင်းမှပြီးတယ် ဗိုက်ဆာနေပေမယ့် မစားနိုင်သေးဘူး ရေတင်လို့ရပြီဆိုတော့ ကန်ထဲရေဖြည့်ရအုန်းမယ် ရေချိုးရအုန်းမယ် မနက်စာနဲ့ညစာ ပေါင်းစားဖြစ်တဲ့ KL က ပိတ်ရက်ကိုသတိရမိတယ်..
ပုံတွေကြည့်ပြီး အထင်မကြီးသွားနဲ့ဗျ အိမ်သန့်ရှင်းရေးကလွှဲရင် ထမင်းဟင်းချက်ဖို့ကို ဝါသနာကိုမပါတာ ဒီနေ့ကတော်တော်ရယ်ရတယ်ဗျ အကုန်လုံးကိုအဆင်ပြေနေတာ
သတိရမိပါတယ် အဲ့လိုဘာမှမလုပ်တက်တာကို ဂုဏ်ယူနေတာမဟုတ်လား ပြောတက်တဲ့ခင်ဗျားကို..။
No comments:
Post a Comment