Sunday, October 22, 2017

Last



ကန်တော်ကြီးပဲလေ့စ် မီးမလောင်ခင် အချိန်ကရိုက်ထားတာ အဲ့နေညက ည၁၂နာရီခွဲကျော်ကစြပြီး မီးပျက်သွားတာ ည၂နာရီလောက်အထိအိပ်လို့မရဘူး မီးကလဲပြန်မလာဘူး ကျွန်တော်နေတဲ့ပတ်ဝန်းကျင်တစ်ခုလုံး အမှောင်အတိကျနေတာကို သဘောကျပြီး အလင်းသဲသဲရှိတဲ့ကောင်းကင်ကို ရိုက်ထားလိုက်မိတာ..


မနက်အိပ်ယာနိုးမှ ည၃နာရီကျော်မှာ မီးလောင်မှန်းသိရတာ စိတ်မကောင်းဖြစ်မိပါတယ် ကျောင်းပြီးစအချိန် ၂၀၀၃၊၂၀၀၄ က ဒူဘိုင်းသွားမယ်ဆိုပြီး ဟိုတယ်သင်တန်းတက်ဖြစ်တော့ ကန်တော်ကြီးပဲလေ့စ်မှာ OJT တစ်လဆင်းဖြစ်တယ် ဟိုတယ်တစ်ခုလုံးနီးပါးကို ရောက်ခဲ့ဘူးတော့ တကယ်နှမြောတယ်ဗျာ..


ကျွန်တော်တောင် မနက်ဖြန်ဆိုတာ မသေချာမှန်းသိပေမယ့် အကုန်လုံးနီးပါး ဆုံးရှုံးသွားတာကို စိတ်မကောင်းဖြစ်မိပါတယ် တရားလဲကျမိပါတယ် အနှစ်၈၀ကျော်သက်တမ်းရှိတဲ့ဂဒီလိုအရာဝတ္တူတွေတောင် အချိန်မရွေးပျောက်ကွယ်သွားနိုင်တယ်ဆိုတာ ကျွန်တော်ဆိုတဲ့လူတစ်ယောက်လဲ အလားတူပျောက်ကွယ်သွားနိုင်ပါတယ်။


ကျွန်တော် Blog ရေးလာတာကြာပါပြီ စရေးတုန်းကတော့ ကိုယ့်အတွက်ပဲရေးမိတယ် နောက်ပိုင်းကျတော့ ကျွန်တော့်Exအတွက် ခံစားချက်တွေ ရေးဖြစ်တယ်ဗျာ..


အခုတော့ဒီ Blog မှာရေးစရာ ခံစားချက်လဲမရှိတော့ပါဘူး ရေးလဲမရေးချင်တော့ဘူးဗျာ
အရင် Blog တုန်းကတော့ ခံစားချက်လဲကုန်ရော အကုန်နီးပါး ပြန်ဖျက်ပြစ်တယ်ဗျ ဘယ်နှစ်ပုဒ်မှန်းတောင် မသိတော့ဘူး..


ဒီ Blog ကိုတော့ မှတ်မိသလောက့် ၅ပုဒ်၊၆ပုဒ်လောက်တော့ အရင်က ကျွန်တော်ဖျက်ခဲ့မိပါတယ် အမှတ်တရအနေနဲ့ ထားခဲ့မယ်လို့ ဆုံးဖြတ်ပြီး ၁ပုဒ်မှကို ထပ်မဖျက်တော့ပါဘူးဗျာ  Draft ထဲက၃ပုဒ်ပါ ကျွန်တော်ပြန်တင်ပေးထားပါတယ်..


နှုတ်ဆက်ခဲ့ပါတယ်ဗျာ ကျွန်တော်ဆိုတဲ့ကောင်မျိုးက ထိကရုန်းမဟုတ်တော့ ပတ်ဝန်းကျင်နဲ့ အသားကျအောင် နေလို့မရတဲ့သူမျိုးဆိုတော့ ကျွန်တော်ရှင်သန်လို့ရတဲ့ ဘဝမျိုးမှာပဲနေထိုင်ပါတော့မယ်ဗျာ။

Monday, October 16, 2017





ငယ်ငယ်ထဲက အမွှာဆိုရင် အရမ်းသဘောကျတာ Apps ကနေ အမွှာမွေးမယ်ဆိုတော့ ခဏရူးမိတာပါဗျာ..


တွေးမိလိုက်ပါတယ် လောလောလတ်လတ် ယူစရာမရှိသေးတော့ ဒီဇင်ဘာအမှီ လေဥဥြပြီးမွေးရရင် ကောင်းမလားပဲ?


ပြီးတော့ရှိသေးတယ် အမွှာဆိုတော့ ယောင်္ကျားလေးတစ်ယောက် မိန်းကလေးတစ်ယောက်ဆို ဗိုက်နှစ်ခါမကြီးရတော့ဘူး စိတ်ကူးထားတာနဲ့ ကွက်တိပဲဗျ အဲ ယောင်္ကျားနှစ်ယောက်ဆိုမှ မျောက်မေမေဖြစ်နေမှာ မိန်းကလေးနှစ်ယောက်ဆိုရင်တော့ ကန်တော့ပွဲနှစ်ပွဲပေါ့ဗျာ..


အဲ့ဒါနဲ့တင် မပြီးသေးဘူးဗျ နာမည်လိုသေးတယ် ကျွန်တော်ကတော့ ယောင်္ကျားလေးကို နေဝန်းလို့ပေးမယ် ထက်ထက်မြက်မြက် ရှိတာပေါ့ မိန်းကလေးကို လဝန်းပေါ့အေးချမ်းစေချင်လို့ပါ အိမ်မှာတော့ သဲနဲ့သက်ပေါ့ နာမည်ကိစ္စလဲပြီးပြီ..


အဲ့မှာတင်စတွေ့တာပဲဗျာ...


သောက်တလွဲ Application မနေ့တနေ့က အမွှာမွေးခိုင်းတယ် ဒီနေ့ကျတော့ နောက်နှစ်မှ Relationship လုပ်ပါတဲ့??


လွယ်လိုက်တာဗျာ မနေ့တနေ့က အမွှာနှစ်ယောက်ကို ကိုဖိုးဇော်စီပဲပို့ရမလား မာမီကွတ်စီပဲပို့ရမလား မလုပ်ရက်ပါဘူးဗျာ ကျွန်တော်ပဲမွေးမှာပေါ့ မပေးရက်ပါဘူးဗျာ..



အဲ့လို Plan လဲချပြီးရော...

အခုလို သောက်ကြီးသောက်ကျယ်တွေပြောရော.. 

ဘယ်နှယ့်ဗျာ ကလေးနှစ်ယောက်နဲ့ ဖတ်သီလိုက်နေမှာ ဘယ်နားကသိန်းသုံးဆယ်ရှာနိုင်ပါ့မလဲ တစ်ယောက်ထဲတောင် မတ်တပ်အိပ်နေရတာ အမွှာနှစ်ယောက်နဲ့ဆို ဇောက်ထိုးမအိပ်ရရင်ကံကောင်းဗျ..

ကားတဲ့ ရယ်ချင်တယ် အရုပ်ကား ၁၉,၅၀၀တောင် မဝယ်နိုင်တဲ့ဘဝ အိမ်တဲ့အဲ့လိုခမ်းခမ်းနားနား မလိုချင်ပါဘူး အခန်းလေးတစ်ခန်းရှိရင်တောင် ကျေနပ်ပါပြီ လောလောဆယ်တော့ မိဘနဲ့ကပ်နေမှာပေါ့ဗျ အမွှာနှစ်ယောက်မျက်နှာနဲ့ နှင်မချလောက်ပါဘူးဗျာ..


Apps ကသောက်ကြီးသောက်ကျယ်တွေပြောလဲ ကိုယ့်အရည်အချင်းကိုယ်သိတော့ ရယ်နေရတာပေါ့ဗျာ..







အဲ့လိုစိတ်ကူးတွေယဉ်နေတုန်း..

တိုက်တိုက်ဆိုင်ဆိုင် အိမ်နီးနားချင်း အစ်မတစ်ယောက်က တနေ့ကအိမ်လာလည်ရော ကျွန်တော့်ထက် အသက်ရောအတွေ့အကြုံရော စီနီယာကျတယ်..


နင်ဒီအချိန်အထိ လူလွတ်ပဲဆိုတော့ ယောင်္ကျားမယူနဲ့ ရည်းစားပဲထားတဲ့..


တိန်

တစ်ယောက်ထဲ Lonely ကတော့ ဘယ်သူကနေနိုင်မလဲတဲ့ မနေနိုင်လဲနေရမှာပဲဗျ..


တကယ်လို့ ယောင်္ကျားယူမယ်ဆိုရင်တောင် ကလေးမယူနဲ့ နင့်အသက်နဲ့ ကလေးကိုဘယ်လိုပြုစု ပျိုးထောင်နိုင်မလဲတဲ့


Oh God!! ယောင်္ကျားယူပါတယ်ဆို ကလေးလိုချင်လို့ပေါ့ဗျာ


ကိုယ့်ဘာသာ မြည်ကြွေးလိုက်ပါတယ် သေဟဲ့နန္ဒိယ စိတ်ကူးထဲမှာတော့ ချိုလိမ်လေးတပ်ထားတဲ့ အမွှာလေးနှစ်ယောက် အမေဆဆိုပြီး မျက်ရည်တွေကျနေတာ စိတ်ကူးမိသွားတယ်..


အပြင်မှာတော့ ဘယ်တက်နိုင်မလဲ စိတ်ကူးတောင် မယဉ်ရဲတဲ့ဘဝဆိုတော့ မချိသွားဖြဲလေးနေလိုက်ရတယ်


ကျွန်တော့်စိတ်ကူးသာ အဲ့ဒီအစ်မသိရင် တော်တော်ရွတဲ့ကောင်မလို့ ချီးကျူးခံနေရမှာ မကြီးမငယ်အရွယ်မှ ရွလဲမရွချင်တော့ပါဘူးဗျာ..


ကိုယ့်ဘာသာတစ်ယောက်ထဲ သက်ပြင်းတွေချမိရင်း ငါ့မှာ Application က ပုံလေးကိုတောင် စိတ်ကူးမယဉ်နိုင်တဲ့ဘဝပါလားဆိုပြီး အခုတော့ နားပိတ်၊ပါးစပ်ပိတ်၊မျက်စိပိတ်ရင်း ကိုယ့်ဘာသာ နေတော့မယ်ဗျာ ပတ်ဝန်းကျင်ဆိုတာလဲ မရှိမကောင်း ရှိမကောင်းဗျ။

🤣🤣🤣🤣🤣




Sunday, October 8, 2017

တမ်းတမိတဲ့ သီတင်းကျွတ်အချိန်



The Thadingyut Festival (Burmese: သီတင်းကျွတ်ပွဲတော်), the Lighting Festival of Myanmar, 
is held on the full moon day of the Burmese Lunar month of Thadingyut. As a custom, it is held at the end of the Buddhist lent (Vassa) and is the second most popular festival in Myanmar after Thingyan Festival (New Year Water Festival). 
Thadingyut festival is the celebration to welcome the Buddha’s descent from the heaven after he preached the Abhidhamma to his mother,Maya, who was reborn in the heaven.

Thadingyut Festival
သီတင်းကျွတ်ပွဲတော်Also calledLighting FestivalObserved byMyanmarTypeBuddhistDateFull moon day of Thadingyut2016 dateOctober 16[1]2017 dateOctober 52018 dateOctober 24Related toVap Full Moon Poya (in Sri Lanka)
Wan Ok Phansa (in Thailand)
Boun Suang Huea (in Laos)

Credit : 
https://en.m.wikipedia.org/wiki/Thadingyut_Festival






ဒီနှစ်သီတင်းကျွတ်ပွဲတော် ပြီးသွားပြီ

ရေကျော်ပွဲစျေးတောင် မသွားဖြစ်ပါဘူး

အိမ်မှာပဲ ဖယောင်းတိုင်ထွန်း မီးပုံးထွန်းရင်း

ပွဲတော်ရက်ကို ကုန်ဆုံးဖြစ်သွားပါတယ်..

လပြည့်နေ့မှာ ဦးလေးအငယ်တွေ အဖေ့ကို

လာကန်တောတော့ မှတ်မှတ်ရရ အဘိုးကို

အရမ်းသတိရမိတယ် အဘိုးရှိစဉ်အခါတုန်း

က ကျောက်ရေတွင်းအိမ်မှာရော

ကျောက်မြောင်းအိမ်ရာက်တော့ရော

အဖေတို့ညီအစ်ကိုတွေ

သီတင်းကျွတ်လပြည့်နေ့တိုင်း မိသားစုစုံ

အညီနဲ့ အဘိုးနဲ့အဘွားကို ကန်တော့ရင်း

အဘိုးတို့အိမ်မှာတနေ့လုံး

ပျော်ပျော်ပါးပါးဖြတ်သန်းခဲ့ရတာ...


သီတင်းကျွတ်ရောက်တိုင်း အဘိုးနဲ့အဘွား

ဘက်က ဆွေမျိုးတွေလာကန်တော့မျှကို

အဘိုးကဘုရားကပ်ဖို့လောက်သာဖယ်ပြီး

ကျန်သမျှကိုအဘွားကို သုံးပုံပုံခိုင်ြးပြီး

သူ့သားသုံးယောက်ကို အိမ်အပြန်ထည့်ပေး

ခဲ့တာတွေ သားတွေက အဖေနဲအမေစားပါ

ဘယ်လောက်ပြောပြော နှစ်စဉ်နှစ်တိုင်း

မပျက်မကွက်ကြွေးသစ်ချသွား

အဘိုးဆုံးတဲ့အချိန်အထိ...


၂၀၀၃မှာ အဘိုးဆုံးသွားတော့ အဘွားပဲ

ကျန်ခဲ့တာ အဘွားစီသွားတိုင်း အဘိုး

အကြောင်းတွေ အမြဲပြောပြတယ် အတူနေ

မြေးတွေက နေ့တဒူဝဆိုတော့ နားညီးချင်

ညီးပေမယ့် တခါတလေလာလည်တဲ့ ကျွန်

တော့အတွက့်တော့ သီးသီးသန့်သန့်ကြီးမ

လုပ်ပေးခဲ့ပေ့မယ် ဂရုတစိုက်နားထောင်ပေး

ခဲ့မိတယ်...

ငယ်ငယ်တုန်းတုန်းက အတူနေမြေးတွေ

အပေါ် အချစ်ပိုခဲ့တဲ့အဘွားဟာ အဘိုးမရှိတဲ့

နောက်ပိုင်း သူ့အပေါ်ဂရုစိုက်တဲ့ မြေးတွေကို

ပိုပြီးသံယောဇဉ်တွယ်ခဲ့တယ် အဘိုးဆုံးပါး

သွားချိန် ဒီလိုရက်တွေကို အဘိုးအကြာင်း

တွေပြောပြရင်း သူတစ်ယောက်ထဲ အားတ

င်းပြီးဖြတ်သန်းခဲ့ရမှာနေမှာ...

အဘွားမဆုံးခင်သာ ဒီလိုနားလည်ခဲ့ရင်

အဘွားစီကျွန်တော် မကြာခဏသွားခဲ့ပြီး

အဖော်လုပ်ပေးခဲ့မိမှာပါ

အခုတော့ အဘွားတစ်ယောက်

မရှိတော့တာ သီတင်းနှစ်ခါကျွတ်ခဲ့ရပါပြီ...

အဘွားဆုံးသွားတာ နှစ်နှစ်နီးပါးရှိတော့မယ်

ဆိုပေမယ့် အခုအချိန်အထိ အဘွားစကား

သံတွေ ကြားယောင်နေဆဲပါ။

Monday, October 2, 2017


 Blue Sky

လိုင်းပူးသွားပြန်ပြီဗျ စာမရေးချင်တော့ဘူး ခရီးတွေသွားပြီး ဓါတ်ပုံရိုက်ချင်နေတယ်ဗျာ..

လောလောဆယ်တော့ အပြင်မသွားဖြစ်သေးတော့ စာကလေးအိမ်ထဲကနေ ကြိုးစားပမ်းစား Blue Sky ကိုရိုက်ထားတာဗျ..

တကယ်ရိုက်ချင်တဲ့ Position က ပက်လက်လှန်ပြီး ကောင်းကင်ကို မော့ကြည့်ရင်း အတွေးထဲနစ်မျောသွားသလိုမျိုး ရသပေးချင်တာဗျ..

ဒီပုံကတော့ တိုက်ခေါင်မိုးတွေပါနေတော့ Camera ကိုစောင်းရိုက်ထားတော့ နေရောင်ကမမှန်ဘူးဖြစ်သွားတယ် လိုချင်တာကိုမရောက်ဘူးဗျာ..

စိတ်ကူးပေါက်ရင်တော့ စာပြန်ရေးမှာပါဗျာ လောလောဆယ်တော့ ခံစားချက်က Nope ပါဗျာ။

Saturday, September 30, 2017


https://goo.gl/images/KEf1ew

တိတိကျကျပြောရရင် ဒီနေ့အပါအဝင်ရက်၂၀လောက် ကျွန်တော်တကယ်ကို စိတ်ပင်ပန်းခဲ့ရပါတယ် ၁ရက်၂ရက်လောက်ပဲ စိတ်ပျော်ရွှင်ခဲ့ရတာပါ ဒါပေမယ့် ကျေးဇူးတင်ပါတယ် ဒီအချိန်အတွင်းမှာ ရသမျိုးစုံကိုခံစားတက်သွားလို့ အပြည့်အဝမဟုတ်တောင် လူ့ဘဝဆိုတာကို သဘောပေါက်သွားလို့ပါ..


ရက်၂၀ကျော်မှ စကားသံကြားရတယ် အရင်တုန်းကအခြေအနေဆို ကျွန်တော်အရမ်းပျော်မိမှာပါ ကျွန်တော်ကအဖြည့်ခံသက်သက် လူဖြစ်လာရတဲ့ဘဝဆိုတော့ ဝန်ခံရရင်အသိစိတ်မဲ့နေတဲ့အချိန်မှာ ပြောခဲ့တဲ့ စကားသံကြားရတာတောင် ပျော်မိသူပါ..


ဒါပေမယ့် ဒီတချိန်အပျော်မှာတော့ စိုးရိမ်စိတ်တွေ ဖုံးလွှမ်းနေတာကို ခံစားနေရတယ် ၁ရက်၊၂ရက်အဆင်ပြေပြီးရင် ၁လလောက်ပြဿနာဖြစ်မယ် အခန့်မသင့်ရင် ၄၊၅၊၁၀လ အဆက်အသွယ်မဲ့နေမယ်ဆိုတဲ့ ဇာတ်လမ်းက ဒီ၁နှစ်ကျော်မှာ ခဏခဏကြုံခဲ့ရြပြီးပါပြီ..


မလိုချင်တော့ပါဘူး ဒီဘဝကို မဖြစ်နိုင်မှန်းသိလို့ ထိမ်းချုပ်နေတဲ့သူကို စောင့်မျှော်နေရတဲ့ဘဝမျိုး တဖက်သတ်ကြီးမျှော်လင့်နေရတဲ့ဘဝမျိုး ၁ရက်တာအဆင်ပြေဖို့ ရက်ပေါင်းများစွာနာကျင်နေရတဲ့ဘဝမျိုးကို..


ကျွန်တော်နားလည်ပါတယ် ရပ်တန့်သင့်တာကြာပြီဆိုတာကို ချက်ချင်းကြီးကျွန်တော်မရပ်တန့်နိုင်သေးတာပါ အချိန်အတိုင်းအတာတစ်ခုတော့ ကျွန်တော့်အတွက့်လိုအပ်မှာပေါ့ သူများတွေ ပျော်ရွှင်နေတာတွေ့ရင် ကျွန်တော်အရမ်းအားကြမိပါတယ် ဒါပေမယ့် ခဏခဏနာကျင်ရတဲ့ဘဝကို အခုအချိန်မှာ ကျွန်တော်တကယ်ကို မလိုချင်တော့ပါဘူး ပျော်ရွှင်ခြင်းနဲ့နာကျင်ခြင်းက ကျောချင်းကပ်နေတာကို ကျွန်တော့်ရင်ဘက်ကနားလည်လိုက်ပါပြီ..


လောကဓံကြောင့် အထိုက်အလျောက်ရင့်ကျက်လာပေမယ့် အချစ်နဲ့ပတ်သတ်လာရင် ကျွန်တော်မပြောင်းလဲသေးပါဘူး အရင်တုန်းကအတိုင်း ခံစားနေတက်တုန်းပါ တကယ်တော့ နာကျင်မှုဆိုတာ သူတစ်ပါးဖန်တီးမှုက ရာနှုန်းနည်းနည်းလေးပါ တကယ်တော့ ကျွန်တော်ကိုယ်တိုင် ရာနှုန်းပြည့်နီးပါး ထပ်ဆောင်းဖန်တီးမိတာပါ ကျွန်တော်ဆိုတဲ့ကောင်က အပြင်ပန်းမာကြောသလောက် စိတ်ဓါတ်ကပျော့ညံ့လွန်းတော့ တကယ်တန်းနာကျင်လာရရင် သူတစ်ပါးထက်ပိုပြီး ခံစားရပါတယ်..


ဒီအချိန်မှာ လောကဓံရဲ့ထိုးနှက်ချက်နဲ့တင်
ကျွန်တော့်အတွက့် လုံလောက်ပါပြီ ထပ်ပြီးတော့ ခင်ဗျားနဲ့ပတ်သတ်ပြီး အကြိမ်ကြိမ်အခါခါ ခံစားရမယ့်နာကျင်ဝမ်းနည်းမှုတွေကို ထပ်ခါထပ်ခါ မခံစားနိုင်တော့ပါဘူးဗျာ..


မဖြစ်နိုင်လို့ ခင်ဗျားနောက်ဆုတ်ခဲ့တာပါ လှည့်ထွက်သွားတာ မဟုတ်ပါဘူး ဒီလိုပဲ ကျွန်တော်လဲ မဖြစ်နိုင်တဲ့အရာတစ်ခုကို ဖက်တွယ်နေမယ့်အစား အသာတကြည် နောက်ဆုတ်လိုက်ပါပြီ..


နဖူးစာမပါလို့ အစထဲကဝေးခဲ့ရတာကို ကျွန်တော်လက်ခံလိုက်ပါပြီ။

Thursday, September 28, 2017





ရယ်လိုက်တိုင်း ခင်ဗျားကို သတိရမိတာ ကျွန်တော် နည်းနည်းတော့များသွားပြီဗျာ..




Aသွေးပိုင်ရှင် သူမတို့အကြောင်း
-----------💓💞💓💞💓💞💓----------
သူမက အေးချမ်းတယ် တည်ငြိမ်တယ် လောကကြီးကို သဘာဝအတိုင်းတွေးမြင်တက်တယ် အချစ်ဆိုတာကို
ပေးဆပ်ခြင်းလို့ သတ်မှတ်ထားကြပီး ကိုယ့်ဆီမှာမနေလိုသူကို ဖက်တွယ်မနေတက်ဘူး...
ငြိမ်းငြိမ်းချမ်းချမ်း နေရတာကိုနှစ်ခြိုက်တယ်...
💗💗💗💗💗💗💗💗
ဘာကိုလုပ်လုပ် စနစ်တကျလုပ်တက်ပီး စေတနာပါပါလုပ်တက်ကြတယ်...
ဘဝမှာ ဘယ်အရာကိုမှ အလွယ်တကူမလိုချင်ဘူး...
အပေးနဲ့ အယူသဘောတရားကို နားလည်သဘောပေါက်တယ်...
သူ့ရဲ့ ချစ်သူကိုလည်း သူမလို အေးချမ်းပျော်ရွှင်စေချင်တယ်...
ယောင်္ကျားတယောက်ရှိမှ ဘဝရပ်တည်နိုင်မယ့် အထဲသူမတို့
မပါကြဘူး...
သူမအပေါ် နွေးထွေးကြင်နာတက်တဲ့ ယောင်္ကျားကိုသာ လိုအပ်တာပါ...
💕💕💕💕
ထပ်ထက်မြက်မြက်နဲ့
အရာရာကို ကိုယ်ပိုင် ဖန်တီးနိုင်စွမ်းရှိတယ်...
သူမလိုချင်တာ အေးမြတဲ့အချစ်ရိပ်လေးတခုတည်းပါ...
💟💟💟💟💟💟💟
ချစ်သူအမှားတွေ ကူညီပြုပြင်ပေးမယ်...
ဆရာကြီးသဘောဆန်ရင်ဆန်မယ် စိတ်ရင်းက သင့်ကိုသူမက
ကောင်းစေလိုတယ်ဆိုတာ သင်သိထားပါ...
😈😈😈😈
သစ္စာဆိုတဲ့ အရာတခုကိုပဲ အပြောမဟုတ်ပဲ သူမကိုယ်တိုင် ကျင့်သုံးတက်ကြပီး
သင့်ဘက်ကလည်း လက်တွေ့ သက်သေပြပေးဖို့သာ
အရေးကြီးပါတယ်...
😇😇😇😇
သူမတို့က အိမ်မူကိစ္စကျွမ်းကျင်တယ်...
(ဟီး ဒီတစ်ချက်ကတော့ မှားပါတယ်ခင်ဗျာ)
😂😂😂😂
အလှအပမက်တက်တဲ့အချက်တခုကြောင့် အိမ်မူမနိုင်နင်းသူလို့
သူမကိုထင်မိရင် သင်မဟာအမှားတခုကို ပိုင်ဆိုင်သွားပါပီ....
(မိန်းမတစ်ယောက်မို့လို့ အလှကြိုက်ပါတယ် အလှမက်တဲ့အထဲတော့ မပါပါဘူးဗျာ)
👵👵👵👵👵👵👵👵👵
အရောင်တွေထဲမှာ အဖြူ အဝါ အစိမ်း မိုးပြာရောင် တို့ကို့ကြိုက်နှစ်သက်ကြတယ်...
သူမတို့က သစ်ခွ စံပါယ် ခရေ တို့လို
ရနံ့ သင်းသင်းမွေးတဲ့ ပန်းအမျိုးအစားကိုလည်း
နှစ်သက်တက်ပါတယ်...
သီချင်းအေးအေးလေးနဲ့ရယ်မောစရာဟာသတွေကို
ကြိုက်နှစ်သက်တက်လို့ Pop musicနဲ့ဟာသလေးတွေနဲ့
ချဉ်းကပ်တက်ဖို့လည်း မမေ့ပါနဲ့...
စာဖတ်ရခြင်းကို ခုံမင်တက်တာလည်း သူမတို့အကျင့်ပါ...
💞💞💞💞💞💞💞💞
သူမနဲ့ချစ်သူဖြစ်နေရင် သူမပင်ပမ်းအားငယ်နေချိန် စိတ်အားငယ်တက်တဲ့
သူမအတွက် အားပေးစကားပြောတက်ဖို့ အရေးပါလွန်းပါတယ်. . .
သူမနှလုံးသားက နူးညံတဲ့သူမို့ သင့်နှလုံးသားကို နူးညံနေဖို့သင်ဂရုစိုက်ပြင်ဆင်ထားပါ...
သင်သူမကို ဘယ်လောက်ထိထိစိတ်ဆိုးနေပါစေ ခဏလေးတောင် အဆက်အသွယ် မဖြတ်မိပါစေနဲ့...
သူမက အစားအသောက် နဲ့ပတ်သက်ရင် အချဉ်ကိုပိုမိုနှစ်သက်တက်တာလည်း ဂရုစိုက်ပါ....
သူမ ကျန်းမာရေး ကသူမပျော်ရွှင်မူနဲ့ တိုက်ရိုက်ချိတ်ဆက်ထားလို့ သင်ချစ်ရင်သူမကိုပျော်ရွှင်စေဖို့့
အာရုံထဲ မပြတ်မှတ်မိနေပါစေ...
💓💓💓
Aသွေး ပိုင်ရှင်သူမက သင်နဲ့လက်ထပ်ဖြစ်သွားရင် ပထမဆုံး
သူမရင်သွေးကို အမြွှာမောင်နှမလေးတွေ မွေးဖွားပေးဖို့ ၃၀%
                     မိန်းကလေး ၅၀%
                     ယောင်္ကျားလေး ၇၀% မွေးပေးမယ့်သားကောင်း
                     မိခင်တစ်ဦးပါ...
👪👪👪👪👪
Credit :
Aung zin myat
(Living Tarot)