Friday, September 30, 2016

ရှင်သန်ခြင်း


လူ့ဘဝဆိုတာကို ကျွန်တော်လွယ်လွယ်လေး တွေးခဲ့မိသူပါ လက်တွေ့မှာတော့ လူ့ဘဝဆိုတာကြီးက ခက်ခဲကြမ်းတမ်းလွန်းလှပါတယ်..

        ကျွန်တော် ၃ရက်လောက် လောကကြီးနဲ့ အဆက်အသွယ်ပြတ်သွားတယ် ခဏခဏနေမကောင်းဖြစ်ပေမယ့် အခုလောက်မခံစားခဲ့ရဘူး လူကတစ်ကိုယ်လုံးပူလောင်နေပြီး ကိုယ်ခန္ဓာက လက်ဝှေ့ရုံကအားကစားအိတ်လို နေရာမလပ်နာကျင်နေတယ်..


        ခဏလေးနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားရင်တောင် အဲ့ဒီ့အခိုက်အတန့်ကို နတ်စည်းစိမ်အလား ထင်မိခဲ့ပါတယ်..


        တစ်နှစ်မှာ ရက်သပ္ပတ်တစ်ပတ်လောက်သာ အားထုတ်မိတဲ့ သမထလည်း အဲ့ဒီအချိန်မှာ မကယ်နိုင်ပါဘူး ကျွန်တော်ခံစားရတာတွေ အဆုံးသတ်သွားအောင် အရှင်လတ်လတ် အသက်ထွက်ချင်မိတယ်..


        မိသားစု မကြာသေးခင်ကမှ ကျွန်တော်စွန့်ပစ်လိုက်တဲ့ စကားစုက အခုချိန်မှာတော့ ကျွန်တော်အတွက့် အိုအေစစ် စစ်စစ်ကြီးဖြစ်သွားရတာ..


        ချစ်သူ အဲ့စကားလုံးကို ကျွန်တော့်သွေးသားထဲကနေ ဖောက်ထုတ်လိုက်ပါပြီ သူ့အတွက့် ကျွန်တော်ဟာ အိုအေစစ် မဟုတ်နိုင်သလို ကျွန်တော်အတွက့် သူဟာလည်း အဖြည့်ခံလူသား မဖြစ်သင့်ပါဘူး..


         လွန်ခဲ့တဲ့ရက်သပ္ပတ်က ကျွန်တော့်ရင်ခုန်သံဟာ အခုချိန်မှာတော့ တကယ့်ကို တိုးတိတ်သွားပါပြီ..


        ဘဝမှာ ချစ်သူစစ်စစ်နဲ့ ရန်သူစစ်စစ် ရှိရင်ပြည်စုံပါပြီတဲ့..


        ရန်သူစင်စစ်က ကျွန်တော့်ကိုထားခဲ့ပြီး၊ ကျွန်တော်ကတော့ ချစ်သူစင်စစ်ကို ထားခဲ့လိုက်ပါပြီ..


        ဘဝဆိုတာလည်း ခက်ခဲကြမ်းတမ်းလွန်းသလို အချစ်ဆိုတာလည်း ကျွန်တော်အတွက့် ဆူးခင်းလမ်းလိုပါပဲ အခုတော့ ကျွန်တော့်ဘဝ အရာရာ ပြည့်စုံသွားပါပြီ..။

Friday, September 23, 2016

မချိုသော


ဒီတစ်ခါတော့ ကျွန်တော်အသည်းကွဲသွားတာ မဟုတ်ပါဘူး အသည်းခွဲလိုက်တာပါ..


        ကျွန်တော်မဖြည့်စည်းပေးနိုင်တဲ့ ဘဝတစ်ခုကို စွန့်လွှတ်လိုက်တာ ကျွန်တော်မမှားခဲ့ဘူးထင်ပါတယ် ကျွန်တော်တို့နှစ်ယောက် မဆုံစည်းသင့်တဲ့အချိန်မှာ ပြန်ဆုံရတာ ကံကြမ္မာရဲ့ကြည်စယ်ခြင်းလားဆိုတာ မတွေးတော့ပါဘူး..


        ဘဝကခါးတယ်လို့ ကျွန်တော်မပြောရက်ပါဘူး ကျွန်တော်ကိုယ်တိုင်ကမချိုဘူးသူပါ..

   

        အချစ်တဲ့ လှလိုက်တဲ့စကားတစ်ရပ် ကျွန်တော့ဘဝထဲကိုတော့ လှလှပပဝင်လာပြီး စုတ်စုတ်ပြတ်ပြတ် ထွက်သွားရတဲ့ မျက်နှာမွဲခံစားမှုပါ..


        ချစ်တယ် အဲ့ဒီ့စကားလုံးကို လက်လွပ်စပါယ် ကျွန်တော်မပြောရဲတော့တာ ကြာပါပြီ အဖြူရောင်ကို အရောင်မဆိုးရက်တော့ပါဘူး ခင်ဗျားတို့အတွက့် အချစ်ဆိုတာ အညှီအဟောက်ပါချင်ပါမယ် ကျွန်တော်လိုချင်တာက မေတ္တာတရားပါ..


        ရင်ဘက်ချင်းတူတာတောင် လက်တွဲဖြုတ်ခဲ့နိုင်သူအဖြစ် ဘယ်ဘဝမှ မကြုံချင်တော့ပါဘူးဗျာ..


        သူ့ကို ကစားနေလားလို့ မေးတက်တဲ့ချစ်သူရဲ့နှုတ်ဆက်စကားက ကျွန်တော့်အတွက် မချိုပါဘူး..


စိတ်ချ လုံးဝမပက်သက်စေရပါဘူး
ကိုယ်အဆင့်ကအပျော်တမ်းအဆင့်ဆိုတာနားလည်ပီးသားပါ မိန်းမတွေကဒီလိုပါဘဲ
ဒီစာကနောက်ဆုံးဖြစ်ပါလိမ့်မယ်

နာခံရမှာပေါ့ဗျာ ကျွန်တော့်ချစ်သူစကားပဲ ကျွန်တော်လိုက်နာရမှပေါ့


ဒီတစ်ခါတော့ ကျွန်တော်အသည်းကွဲသွားတာ မဟုတ်ပါဘူး အသည်းခွဲလိုက်တာပါ ရင်ဘက်ထဲကနေ အသံသဲ့သဲ့ကြားလိုက်ပေမယ့် ကျွန်တော်ပြုံးနေလိုက်ပါတယ် အချစ်ဆိုတာ ကျွန်တော်အတွက့် အရောင်စွန်းထင်းခံလို့မရတဲ့ အဖြူရောင်ခံစားမှုသပ်သပ်ပါ..။

Wednesday, September 21, 2016

လူဗာလာနံ



     

အိပ်ယာကနေ ကျွန်တော်နိုးလာတော့  နေ့လည်၁၂နာရီထိုးတော့မယ် လူကအိပ်ရေးဝပေမယ့် စိတ်တွေနောက့်ကျိနေတယ် ကြာပါပြီ ကျွန်တော်စိတ်ညစ်နေတာ  မျက်နှာလည်း မသစ်ပဲ အိပ်ယာထဲမှာ Internet ဖွင့်ပြီး Blog ကို  ပြင်ချက်တာတွေပြင်လိုက်တာ  နေ့လည်၂နာရီထိုးသွားတယ်..

       

         အဲ့အချိန်ထိ မျက်နှာမသစ်ရသေးဘူး  ပြီးတော့ 18+ တွေဖွင့်ကြည်လိုက်တယ် ညစ်နေတဲ့စိတ်က ပိုမွန်းကြပ်သွားပြီး  ဒေါသတွေထွက်လာတယ် အိပ်ယာသိမ်းပြီး ပထမဆုံးအကြိမ် မှန်ကြည့်ပြီးငိုမိတယ်..


        အသက်ကြီးလာတော့ လိုချင်တပ်မက်မှုတွေကို ရွံရှာလာတယ် ကျွန်တော့်ကိုယ်ကျွန်တော် ဆုံးမလိုက်တယ် အချစ် ဘဝ မိသားစု အကုန်လုံးကို ထားခဲ့လိုက်ပါတယ် ကျန်ရှိနေတဲ့ဘဝအတွက့် ကျွန်တော်ဆိုတဲ့ လူတစ်ယောက်အတွက်ပဲ ရှင်သန်လိုက်ပါတယ်.. 


        လိုချင်တာတွေများလာတော့  ကျွန်တော့်ဘဝ မာန အတ္တ အသိညာဏ် အကုန်လုံးပါပဲ စွန်းထင်းကုန်တယ် ကတိမတည်တဲ့ လူတစ်ယောက်စီကနေ ကျွန်တော်ကတိမတောင်းတော့ပါဘူး  လောဘနည်းပြီး အရိုးသားဆုံးရှင်သန်သွားဖို့ပဲ ကျွန်တော်ကြိုးစားတော့မယ်..


        မျက်နှာသစ်ပြီးတော့ ပုကန်ဆေးစင်ထဲက ပုကန်တွေဆေးရင်း သီချင်းနားထောင်တယ် ရန်နိုင်ရဲ့ ဂစ်တာကာဗာသီချင်းတွေပါ ကျွန်တော် အနှစ်သက်ဆုံးက ဂစ်တာသံပါ ကျွန်တော်အရမ်းကြိုက်ပေမယ့် ဂစ်တာတီးဖို့ တစ်ခါမှမကြိုးစားခဲ့ပါဘူး သူများတွေ ဂစ်တာကာဗာသီချင်းတွေတင်ရင် အကုန်လုံး ကျွန်တော်ကူးထားမိတယ် ဂစ်တာသံက ကျွန်တော်အတွက့် စိတ်ငြိမ်ဆေးတစ်ခွက်ပါ..


        နောက်ဖေးမီးဖိုချောင်ကို ကျွန်တော့်ကမ္ဘာလုပ်ရင်း မီးဖိုချောင်ရှင်းလိုက်တာ အမှိုက်ထုပ်၄ထုပ်ရတယ် အိပ်ယာနိုးထဲကနေ ကော်ဖီ၂ခွက်နဲ့ နှစ်ပါးသွားလိုက်တာ ညနေစောင်းသွားတယ် ရေချိုး အမှိုက်သွားပြစ်ပြီး ငါးမုန့်ကြော်တစ်ထုပ်နဲ့ အိပ်ယာပေါ်ပြန်ရောက်လာတယ်..


          Blog ရေးရင်းနဲ့ ညအိပ်ယာဝင်ခါနီး ဓာရဏပရိတ်ရွတ်ဖို့ ဦးနှောက်က သတိပေးနေတယ် ကျွန်တော်အတွက့် ရှင်သန်ပေမယ့် ခံစားချက်မဲ့တော့လူအဖြစ်နဲ့တော့ ကျွန်တော်မနေနိုင်ပါဘူး ထိရှလွယ်တဲ့ ရင်ဘက်အစား ကတ္တူတစ်ထပ်ဖုံးထားတဲ့ ရင်ဘက်ကို အစားထိုးလိုက်တာပါ လူ့ဘဝရဖို့ ခက်ခဲတာထက် လူအဖြစ်နေထိုင်ဖို့ ကျွန်တော်အတွက့် ပိုခက်ခဲပါတယ်..။

Monday, September 19, 2016

ကျွန်တော် ၂၀၁၀ထဲက ကျွန်တော့်နာမည်နဲ့ Blog စရေးဖြစ်ပါတယ် ၂၀၁၁မှာတော့ ရေးချင်တာရေးဖို့ နောက်ထပ် Blog တစ်ခုထပ်ရေးဖြစ်တယ် ၂၀၁၂၊ ၂၀၁၃၊ ၂၀၁၄ မှာ ကျွန်တော်မရေးဖြစ်သလောက့်နီးပါး အဆက်အသွယ်ပြတ်သွားတယ်..

၂၀၁၆မှာ ကျွန်တော်ပြန်ရေးဖြစ်တော့ Blog က သက်တမ်းကုန်ခါနီးပြီ

အဲ့ဒါနဲ့ပဲ ကျွန်တော့်နှလုံးသားရပ်ဝန်းနာမည်နဲ့ဒီနေ့စရေးဖြစ်တယ်..

သူများတွေက Blog ရေးတာ ပညာရှင်အဆင့်ပါ ကျွန်တော်ကတော့ မူလတန်းအဆင့်ပါ ခံစားချက်သပ်သပ်ရေးတာပါ ကျွန်တော့်ရေးတဲ့စာဖတ်ပြီး အပျင်းပြေတယ်ဆိုရင် ကျွန်တော်ကျေးဇူးတင်ပါတယ်ဗျာ..။