Friday, September 23, 2016

မချိုသော


ဒီတစ်ခါတော့ ကျွန်တော်အသည်းကွဲသွားတာ မဟုတ်ပါဘူး အသည်းခွဲလိုက်တာပါ..


        ကျွန်တော်မဖြည့်စည်းပေးနိုင်တဲ့ ဘဝတစ်ခုကို စွန့်လွှတ်လိုက်တာ ကျွန်တော်မမှားခဲ့ဘူးထင်ပါတယ် ကျွန်တော်တို့နှစ်ယောက် မဆုံစည်းသင့်တဲ့အချိန်မှာ ပြန်ဆုံရတာ ကံကြမ္မာရဲ့ကြည်စယ်ခြင်းလားဆိုတာ မတွေးတော့ပါဘူး..


        ဘဝကခါးတယ်လို့ ကျွန်တော်မပြောရက်ပါဘူး ကျွန်တော်ကိုယ်တိုင်ကမချိုဘူးသူပါ..

   

        အချစ်တဲ့ လှလိုက်တဲ့စကားတစ်ရပ် ကျွန်တော့ဘဝထဲကိုတော့ လှလှပပဝင်လာပြီး စုတ်စုတ်ပြတ်ပြတ် ထွက်သွားရတဲ့ မျက်နှာမွဲခံစားမှုပါ..


        ချစ်တယ် အဲ့ဒီ့စကားလုံးကို လက်လွပ်စပါယ် ကျွန်တော်မပြောရဲတော့တာ ကြာပါပြီ အဖြူရောင်ကို အရောင်မဆိုးရက်တော့ပါဘူး ခင်ဗျားတို့အတွက့် အချစ်ဆိုတာ အညှီအဟောက်ပါချင်ပါမယ် ကျွန်တော်လိုချင်တာက မေတ္တာတရားပါ..


        ရင်ဘက်ချင်းတူတာတောင် လက်တွဲဖြုတ်ခဲ့နိုင်သူအဖြစ် ဘယ်ဘဝမှ မကြုံချင်တော့ပါဘူးဗျာ..


        သူ့ကို ကစားနေလားလို့ မေးတက်တဲ့ချစ်သူရဲ့နှုတ်ဆက်စကားက ကျွန်တော့်အတွက် မချိုပါဘူး..


စိတ်ချ လုံးဝမပက်သက်စေရပါဘူး
ကိုယ်အဆင့်ကအပျော်တမ်းအဆင့်ဆိုတာနားလည်ပီးသားပါ မိန်းမတွေကဒီလိုပါဘဲ
ဒီစာကနောက်ဆုံးဖြစ်ပါလိမ့်မယ်

နာခံရမှာပေါ့ဗျာ ကျွန်တော့်ချစ်သူစကားပဲ ကျွန်တော်လိုက်နာရမှပေါ့


ဒီတစ်ခါတော့ ကျွန်တော်အသည်းကွဲသွားတာ မဟုတ်ပါဘူး အသည်းခွဲလိုက်တာပါ ရင်ဘက်ထဲကနေ အသံသဲ့သဲ့ကြားလိုက်ပေမယ့် ကျွန်တော်ပြုံးနေလိုက်ပါတယ် အချစ်ဆိုတာ ကျွန်တော်အတွက့် အရောင်စွန်းထင်းခံလို့မရတဲ့ အဖြူရောင်ခံစားမှုသပ်သပ်ပါ..။

No comments: