Friday, September 30, 2016

ရှင်သန်ခြင်း


လူ့ဘဝဆိုတာကို ကျွန်တော်လွယ်လွယ်လေး တွေးခဲ့မိသူပါ လက်တွေ့မှာတော့ လူ့ဘဝဆိုတာကြီးက ခက်ခဲကြမ်းတမ်းလွန်းလှပါတယ်..

        ကျွန်တော် ၃ရက်လောက် လောကကြီးနဲ့ အဆက်အသွယ်ပြတ်သွားတယ် ခဏခဏနေမကောင်းဖြစ်ပေမယ့် အခုလောက်မခံစားခဲ့ရဘူး လူကတစ်ကိုယ်လုံးပူလောင်နေပြီး ကိုယ်ခန္ဓာက လက်ဝှေ့ရုံကအားကစားအိတ်လို နေရာမလပ်နာကျင်နေတယ်..


        ခဏလေးနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားရင်တောင် အဲ့ဒီ့အခိုက်အတန့်ကို နတ်စည်းစိမ်အလား ထင်မိခဲ့ပါတယ်..


        တစ်နှစ်မှာ ရက်သပ္ပတ်တစ်ပတ်လောက်သာ အားထုတ်မိတဲ့ သမထလည်း အဲ့ဒီအချိန်မှာ မကယ်နိုင်ပါဘူး ကျွန်တော်ခံစားရတာတွေ အဆုံးသတ်သွားအောင် အရှင်လတ်လတ် အသက်ထွက်ချင်မိတယ်..


        မိသားစု မကြာသေးခင်ကမှ ကျွန်တော်စွန့်ပစ်လိုက်တဲ့ စကားစုက အခုချိန်မှာတော့ ကျွန်တော်အတွက့် အိုအေစစ် စစ်စစ်ကြီးဖြစ်သွားရတာ..


        ချစ်သူ အဲ့စကားလုံးကို ကျွန်တော့်သွေးသားထဲကနေ ဖောက်ထုတ်လိုက်ပါပြီ သူ့အတွက့် ကျွန်တော်ဟာ အိုအေစစ် မဟုတ်နိုင်သလို ကျွန်တော်အတွက့် သူဟာလည်း အဖြည့်ခံလူသား မဖြစ်သင့်ပါဘူး..


         လွန်ခဲ့တဲ့ရက်သပ္ပတ်က ကျွန်တော့်ရင်ခုန်သံဟာ အခုချိန်မှာတော့ တကယ့်ကို တိုးတိတ်သွားပါပြီ..


        ဘဝမှာ ချစ်သူစစ်စစ်နဲ့ ရန်သူစစ်စစ် ရှိရင်ပြည်စုံပါပြီတဲ့..


        ရန်သူစင်စစ်က ကျွန်တော့်ကိုထားခဲ့ပြီး၊ ကျွန်တော်ကတော့ ချစ်သူစင်စစ်ကို ထားခဲ့လိုက်ပါပြီ..


        ဘဝဆိုတာလည်း ခက်ခဲကြမ်းတမ်းလွန်းသလို အချစ်ဆိုတာလည်း ကျွန်တော်အတွက့် ဆူးခင်းလမ်းလိုပါပဲ အခုတော့ ကျွန်တော့်ဘဝ အရာရာ ပြည့်စုံသွားပါပြီ..။

No comments: