Wednesday, September 21, 2016

လူဗာလာနံ



     

အိပ်ယာကနေ ကျွန်တော်နိုးလာတော့  နေ့လည်၁၂နာရီထိုးတော့မယ် လူကအိပ်ရေးဝပေမယ့် စိတ်တွေနောက့်ကျိနေတယ် ကြာပါပြီ ကျွန်တော်စိတ်ညစ်နေတာ  မျက်နှာလည်း မသစ်ပဲ အိပ်ယာထဲမှာ Internet ဖွင့်ပြီး Blog ကို  ပြင်ချက်တာတွေပြင်လိုက်တာ  နေ့လည်၂နာရီထိုးသွားတယ်..

       

         အဲ့အချိန်ထိ မျက်နှာမသစ်ရသေးဘူး  ပြီးတော့ 18+ တွေဖွင့်ကြည်လိုက်တယ် ညစ်နေတဲ့စိတ်က ပိုမွန်းကြပ်သွားပြီး  ဒေါသတွေထွက်လာတယ် အိပ်ယာသိမ်းပြီး ပထမဆုံးအကြိမ် မှန်ကြည့်ပြီးငိုမိတယ်..


        အသက်ကြီးလာတော့ လိုချင်တပ်မက်မှုတွေကို ရွံရှာလာတယ် ကျွန်တော့်ကိုယ်ကျွန်တော် ဆုံးမလိုက်တယ် အချစ် ဘဝ မိသားစု အကုန်လုံးကို ထားခဲ့လိုက်ပါတယ် ကျန်ရှိနေတဲ့ဘဝအတွက့် ကျွန်တော်ဆိုတဲ့ လူတစ်ယောက်အတွက်ပဲ ရှင်သန်လိုက်ပါတယ်.. 


        လိုချင်တာတွေများလာတော့  ကျွန်တော့်ဘဝ မာန အတ္တ အသိညာဏ် အကုန်လုံးပါပဲ စွန်းထင်းကုန်တယ် ကတိမတည်တဲ့ လူတစ်ယောက်စီကနေ ကျွန်တော်ကတိမတောင်းတော့ပါဘူး  လောဘနည်းပြီး အရိုးသားဆုံးရှင်သန်သွားဖို့ပဲ ကျွန်တော်ကြိုးစားတော့မယ်..


        မျက်နှာသစ်ပြီးတော့ ပုကန်ဆေးစင်ထဲက ပုကန်တွေဆေးရင်း သီချင်းနားထောင်တယ် ရန်နိုင်ရဲ့ ဂစ်တာကာဗာသီချင်းတွေပါ ကျွန်တော် အနှစ်သက်ဆုံးက ဂစ်တာသံပါ ကျွန်တော်အရမ်းကြိုက်ပေမယ့် ဂစ်တာတီးဖို့ တစ်ခါမှမကြိုးစားခဲ့ပါဘူး သူများတွေ ဂစ်တာကာဗာသီချင်းတွေတင်ရင် အကုန်လုံး ကျွန်တော်ကူးထားမိတယ် ဂစ်တာသံက ကျွန်တော်အတွက့် စိတ်ငြိမ်ဆေးတစ်ခွက်ပါ..


        နောက်ဖေးမီးဖိုချောင်ကို ကျွန်တော့်ကမ္ဘာလုပ်ရင်း မီးဖိုချောင်ရှင်းလိုက်တာ အမှိုက်ထုပ်၄ထုပ်ရတယ် အိပ်ယာနိုးထဲကနေ ကော်ဖီ၂ခွက်နဲ့ နှစ်ပါးသွားလိုက်တာ ညနေစောင်းသွားတယ် ရေချိုး အမှိုက်သွားပြစ်ပြီး ငါးမုန့်ကြော်တစ်ထုပ်နဲ့ အိပ်ယာပေါ်ပြန်ရောက်လာတယ်..


          Blog ရေးရင်းနဲ့ ညအိပ်ယာဝင်ခါနီး ဓာရဏပရိတ်ရွတ်ဖို့ ဦးနှောက်က သတိပေးနေတယ် ကျွန်တော်အတွက့် ရှင်သန်ပေမယ့် ခံစားချက်မဲ့တော့လူအဖြစ်နဲ့တော့ ကျွန်တော်မနေနိုင်ပါဘူး ထိရှလွယ်တဲ့ ရင်ဘက်အစား ကတ္တူတစ်ထပ်ဖုံးထားတဲ့ ရင်ဘက်ကို အစားထိုးလိုက်တာပါ လူ့ဘဝရဖို့ ခက်ခဲတာထက် လူအဖြစ်နေထိုင်ဖို့ ကျွန်တော်အတွက့် ပိုခက်ခဲပါတယ်..။

No comments: