Tuesday, June 27, 2017

မာယာ





 
မိန်းမများ မာယာများချက်က ၉ကျော်တယ်..
( sorry. ဗျာ ပြောကောင်းအောက် များထည့်လိုက်တာ အမှန်က ကျွန်တော့်ကိုကျွန်တော် အံဩလိုပါ )


ဖြစ်ပုံက Game ဆော့တာကနေစတာ 2012. ထဲက Game မဆော့တော့တာ 2017 End of March အထိပဲ April လဆန်းကနေ Game စဆော့တာ ကိုယ်ဆော့နေတာ ဘယ် Team မှန်းတောင်မသိဘူး
ဆော့ရင်းနဲ့ Message ဖတ်မိတော့မှာ Portugal ထဲရောက်မှန်းသိတာ Myanmar Team ကို ဆော့ချင်တော့ရှာတော့ April လကုန်မှ အဖွဲ့ဝင်လို့ရတယ် 


ကိုယ်ဝင်လို့မှ မဆော့ရသေးဘူး Kingdom ပြောင်းကုန်ကျတော့ အဖွဲ့ထဲမှာ Myanmar ၅ယောက်ပဲကျန်တယ် ၅ယောက်မှာ Leader. က မကစားတော့ဘူးဆိုတော့ Naraya က Leader ပြောင်းယူလိုက်တယ်



သူက စာမေးပွဲဆိုတော့ ကျွန်တော့်ကို Leader ပေးခဲ့တယ် COK မှာ ဘယ်နှစ်ရက် Leader. လုပ်လိုက်ရမှန်းမသိဘူး အိပ်ရေးပျက်လို့ အရိုးကနေ အရေဖြစ်တော့မယ် Team ထဲမှာက လူစုံဆိုတော့ India. France. Spain. အကုန်ပါတယ် India. ကသူ့ကို Leader မပေးလို့ဆိုပြီး ကျွန်တော့်ကိုစားရော ကျွန်တော်ကလဲ Nara က ပြန်လာမယ်ထင်ပြီး သူ့ကိုမပေးရဲဘူး ဒီကောင်လုပ်လို့ Team ပျက်သွားရင် Myanmar Team ပြန်မဖွဲ့တက်ဘူး 



အစားခံနေရတော့ Naraya ကို ပြောမိရော ပြဿနာရှာတာလေ Bro Jink က စားနေပြီ သူ့ကိုLeader မပေးလို့ Naraya ခမျာမနေနိုင်ဘူး မကစားတာတောင် ဝင်ကြည့်ပေးနေရတယ် အဆင်မပြေဘူးဆိုလို့ 


ဒီနေ့လဲ Spain. တစ်ယောက်ထွက်သွားတော့ ကျွန်တော့်ကိုလှမ်းမေးတယ် ကိုယ်ကလဲ ညစ်နေတာနဲ့ အားနာပေမယ့် မေးလိုက်မိတယ် Bro. ပြန်မကစားတော့ရင် လကုန်တာနဲ့ Leader ကို တစ်ယောက်ယောက်ကို ပေးလိုက်တော့မယ် ကျွန်တော် Rank 2 လောက်နဲ့ပဲ အေးဆေးကစားတော့မယ်ဆိုတော့ စိတ်ညစ်နေပြီဆိုတော့ သူ့ခမျာ Install လုပ်ြပြီး ဝင်လာပေးတယ် Leader ကိုလဲ Change ပေးတယ် Rank တွေကိုလဲ စီစဉ်ပေးသွားတယ် 


အဲ့ဒါကြောင့်ပြောပါတယ် မိန်းမများ မာယာများလိုက်တာ Game ကစားတာတောင် အားကိုးရှာချင်သေးတယ်လို့ ဘယ်သူမှ မပြောပါဘူး ကျွန်တော့်ကိုကျွန်တော်ပြောတာပါ တစ်ယောက်ထဲ  Myanmar မှန်း ဘာမှန်းမသိခင်ကစားနေတုန်းက အကောင်း ဟိုက Myanmar မှန်းသိလို့ ကူဆော့ပေးတော့မှ အားကိုးအားထားရှိချင်နေတာ


ကလေးတွေ စကားနဲ့ပြောရရင် ဗရမ်းဗတာတွေပေါ့ဗျာ။


Ps : ကျွန်တော့ဘာသာ ရယ်ချင်လွန်းလို့ရေးတာနော် မိန်းမမာယာကို အံဩသွားလို့ Naraya ရဲ့ နာမည်တောင်မသိပါဘူး Lord နာမည်ကိုပဲ နာမ်စားသုံးလိုက်တာ အဖြူရောင်ကို အရောင်မဆိုးပါဘူးဗျာ။

Minn Thee Lar Mel By Kyaw Thiha atom



ကိုကျော်သီဟရယ် ၅နှစ်ပြည့်ခါနီးမှ ကျွန်တော်တွေ့တော့တယ်..

Sunday, June 25, 2017

ရေးချင်တာရေးတာပါ





လူတစ်ယောက်ဟာ ဘဝတစ်သက်စာလုံး တစ်ယောက်ယောက်ကို လွမ်းနေရင်ပဲ
ပြည့်စုံနေပါပြီ။

Crd : Ko Myo Zaw Aye



ပထမတစ်ယောက်တုန်းက ရွှေတိဂုံဘုရားက ရှင်မကွဲဘုရားမှာ ဆုတောင်းပေးခဲ့ဘူးပါတယ် သူတို့နှစ်ယောက်လုံး တစ်သက်လုံးအဆင်ပြေပါစေလို့.. 
(ရိုးရိုးသားသားပါဗျာ)


ဒုတိယတစ်ယောက်ကိုတော့ ဆုမတောင်းပေးရသေးဘူး သူတို့နှစ်ယောက်လုံးအဆင်ပြေပါစေဆိုတာ ကျွန်တော် 
ဘုရားနဲ့ဝေးနေလို့ပါ..
(ဆုမတောင်းပေးလဲ အဆင်ပြေမှာပါ)



အခုတော့ ကျွန်တော်အတွက့် ပြည့်စုံသွားပါပြီ တကယ်ဆိုရင် လွမ်းခွင့်ပေးတာကိုပဲကျေးဇူးတင်ရမှာ..

#w a i n e



တနေ့လုံး Game ဆော့နေတာ ကံကောင်းချင်တော့ (ရွဲ့ပြောတာဗျ)
Leader က Uni Final Exam ဖြေရမှာမို့လို့ Leader နေရာကို ခဏယူပေးထားပါဆိုတော့ မိုးကြိုးမပြစ်ခံရဘဲ ခေါင်းမွှေးထောင်သွားရော..
(မြန်မာဆိုလို့ ၃ယောက်ထဲပဲ ကျန်ပါတယ်ဆိုမှ ဆေးထိုးခံရတာ)


ကိုယ့် Castle တောင် သူများလာမတိုက်အောင် power တက်အောင်မနဲ ကစားနေရတာ (အိမ်ကလူတွေကတော့ပြောရှာပါတယ် ရွာသာကြီးလိုက်ပို့ရတော့မယ်တဲ့) သူ့နေရာခဏယူပေးဆိုတော့ ကလေးတွေပြောသလို ဂျင်းစားပါအုန်းပြောတာကျနေတာပဲ သူကလဲ Exam ဆိုတော့ နားလည်ပေးရတာပေါ့ ရပါတယ် Bro ရာဆိုပြီး မျက်ရည်ဝဲဝဲနဲ့..
(ကိုယ့်ကြောင့်နောက်ဆုံးနှစ် တစ်ခုခုဖြစ်သွားမှ သူများသားသမီး ဒုက္ခရောက်မှာ ပိုကြောက်ရပါတယ်)


စည်းရုံးရေးက ကောင်းသလားမပြောနဲ့ (ရွေးကောက်ပွဲဝင်ရင် မဲဆွယ်ပေးမယ်)
နာရီဝက်တောင်မပြည့်ဘူး ၂ယောက်ပျောက်သွားတယ် ရှိတာမှ ၃၀မပြည့်ဘူး ထပ်လျော့ရင်တော့ COK ဆက်မဆော့နိုင်မှာ မဟုတ်တော့ဘူး..
(သူ့တို့က Fighter တွေလေ ကျွန်တော်ကတော့ မနိုင်ဘူးထင်ရင် တိုက်ကိုမတိုက်တော့ စိတ်ပျက်တာပေါ့)


နောက်ဆုံးတော့ တက်သလောက် မှတ်သလောက် English စာလေးရေးပြီး Temporary Leader ပါခင်ဗျာ ကူညီကြပါလုပ်ရတော့တာ COKကို ကိုယ်ဆော့တက်တာ မတောက်တခေါက်ဆိုတော့ နားလည်သမျှဖတ်ြပြီး အရူးမီးဝိုင်းဘဝကနေ လွတ်အောင်မနဲလုပ်နေရတာ..
(ခေါင်းတွေပူထူလာတော့ သူများသားသမီး မဆဲချင်ပေမယ့် ဆဲလိုက်အုန်းမယ် မအေပေးလေး ငါ့ကိုဆေးပုလင်းချိတ်သွားတယ်)


လက်နှစ်ဖက်လုံး ကွေးလို့မရအောင် နာနေတော့မှ အိပ်မယ်ဆိုပြီး FB ဝင်ကြည့်ဖြစ်တာ ဘယ်သူ Share ထားမှန်းမသိပါဘူး (ကျွန်တော်က Request မလုပ်ပဲ Follow ပဲ လုပ်တဲ့ကောင်လေ)
ဖတ်ပြီး စိတ်မကောင်းဖြစ်သွားလို့ Blog ဝင်ရေးတာ..


ကိုမျိုးဇော်အေးအကြောင်း FB မှာ သူငယ်ချင်းတစ်ယောက် Share ထားလို့ ဖတ်ဘူးတယ် အခုတော့မေ့နေတာ ဒီစာလေးတွေ့မှ ပြန်သတိရမိတာ..


မနေ့ကလဲ ရေဝေးရောက်တယ် မောင်ဝမ်းကွဲတစ်ယောက်ကို လိုက်ပို့လိုက်ရတာ အရင်နှစ်က တစ်ဦးထဲသောယောင်းမ ဒီနှစ်က စီနီယာချလိုက်ရင် ကျွန်တော့်အောက်ကကောင် သူပြီးရင်ကျွန်တော်  သေမင်းကတစ်နှစ်ကို တစ်ယောက်အငယ်တွေကို ရွေးခေါ်နေတာ ကျွန်တော်က အသက်ကြီးသွားလို့ သူမေ့နေတာလား မသိပါဘူး..


ဆုတောင်းပြည့်ချင်တယ် ကျွန်တော်အရင်သွားရပါစေ ဆိုတဲ့ဆု ကျန်တဲ့သူတွေကြည့်ပြီး စိတ်မကောင်းဖြစ်ရတယ် အရင်ဘဝက ကျွန်တော်တစ်ယောက်ထဲကျန်နေခဲ့လို အဲ့လိုမျိုးကို မခံစားနိုင်တာလား မသိပါဘူး..


လူပဲ တစ်ချိန်တော့သေရမှာပါ ကျွန်တော်အရင်သေဖို့ဆုတောင်းတာ အတ္တကြီးသွားရင်လဲ နားလည်လိုက်ပါ..


Ps : ရေးချင်တာရေးပြီး အိပ်ပါပြီ။

Thursday, June 22, 2017

အသက်











 စိတ်ဆင်းရဲစရာတွေ တွေးနေမယ့်အစား ကလေးတွေကြည့်ရင်း စိတ်ကူးယဉ်ရတာ ပိုကောင်းပါတယ်ဗျာ..


ငယ်ငယ်တုန်းကတော့ အမွှာပူးလေးတွေ မွေးချင်တယ် မိန်းကလေးတစ်ယောက်၊ယောင်္ကျားလေးတစ်ယောက်..

အခုတော့ တစ်ယောက်ထဲတောင် ကိုယ်တိုင်မွေးဖို့ မသေချာတော့ဘူးဆိုတော့ ကလေးမွေးစားရတော့မှာပေါ့ဗျာ..


နဲနဲတော့လောဘကြီးတော့ ၂လောက်တော့မွေးချင်တယ် မွေးခါစလေးတွေဆိုရင် ပိုကောင်းမှာနော် ၁နှစ်ခြား တစ်ယောက်လောက်မွေးမှာပေါ့ ဗိုက်ကြီးတဲ့အချိန်ခြားထားရမယ်လေ ဘယ်သူမေးမေး ကိုယ်မွေးတာပြောလိုက်ယုံပဲ.. 
( အရူးရင့်တော့ နေမြင့်သွားပြီ )


နေ့ခင်းက စိတ်ပင်ပန်းထားတော့ အိပ်ပါတော့မယ် နောက်ရက်တွေ အမြင်ကတ်လောက်အောင် ကလေးကိစ္စပဲ ကျွန်တော့်ရင်ထဲ ကျွန်တော့်ခေါင်းထဲထည့်ပါတော့မယ် Blog မှာ ရေးပါတော့မယ်..


Single Mother တွေကို ချစ်ပေမယ့် ကျွန်တော့်ကိုကျွန်တော်တော့ Single Mother အဖြစ် လက်မခံနိုင်ပါဘူး..။
(ကိုယ့်လို နေမြင့်နေတဲ့ စေတနာရှင်ကလေးအဖေကိစ္စ ကြိုတင်ကာကွယ်ထားရတာ.. 😅😅)

စောက်ရှက်





 
မနေ့ကတောင် စောက်ရှက်မရှိဘဲ ထက်နေခြည်သီချင်းတင်မိတယ် စောက်ရှက်မရှိ Wall ပေါ်မှာလဲ ရေးမိတယ်..

မွေးထဲကရှက်ကြောမပါလားမသိဘူး စောက်မှတ်မရှိ စောက်ရှက်မရှိဖြစ်နေတာ Account ကို သွား Add မိတာ ဘယ်နှစ်ကြိမ်မသိဘူး ဟိုကတော့ 
အားနာလို့ အရံ Account မှာ လက်ခံပေးပါတယ် နောက်ကွယ်မှာ နှစ်ယောက်သား ကျွန်တော်တင်သမျှဟားနေတာကို စောက်ရှက်မရှိတဲ့ ကျွန်တော်မသိခဲ့ပါဘူး။


နောင်တရပေ့မယ့် Unfriend လုပ်လိုက်ပါပြီ ထပ်ပြီး Account နှစ်ခုလုံးကို Request လုပ်မိရင် ဖုန်းကိုရော လူကိုရော အပြစ်ပေးပါမယ်။

ဟားနေတဲ့လူရဲ့ အပြစ်မဟုတ်ဘူး စောက်ရှက်မရှိ အဟားခံအောင်လုပ်ခဲ့တဲ့ ကျွန်တော့်အပြစ်ပါ။


နောက်ကြောကို ဓါးနဲ့ထိုးတက်တဲ့လူမျိုး ကျွန်တော်လူပြန်ဖြစ်ခဲ့ရင် မဖြစ်ပါနဲ့ ရှေ့တည့်တည့်ကနေ အပြုံးမပျက် ရင်ဘက်ကို ဓါးနဲ့ထိုးတက်တဲ့လူမျိုး ဖြစ်ပါစေဗျာ။

စောက်ရှက်နည်းတဲ့ကောင်ကို မှန်ကြည့်ြပြီး F*** ပဲလို့ ဆဲလိုက်တယ်။


Monday, June 19, 2017

ဆန့်ကျင်ဘက်စာအုပ်






 
မျိုးကြီးရဲ့ဆန့်ကျင်ဘက်ကို နှစ်သက်ခဲ့ပေမယ့်
အပြင်လောကရဲ့ဆန့်ကျင်ဘက်ကို မျက်စိမှိတ်ထားလိုက်ပါတယ်။


အမြင်မတူတာကို လိုက်ညှိနေရအောင်
ကျွန်တော်လဲမျက်စိဆရာဝန်မဟုတ်သလို
ခင်ဗျားလဲအစမ်းသတ်ခံမျက်လုံးမဟုတ်ပါဘူး။


မွေးကတည်းကပါလာတဲ့မျက်လုံးနှစ်လုံးတောင် အကြီး၊အသေးမတူသေးတာပဲ
လူနှစ်ယောက်စီကနေ မွေးလာတဲ့နောက်ထပ်လူနှစ်ယောက် ဘယ်လိုများတူနိုင်မှာလဲဗျာ။


ပြဒါးတစ်လမ်း၊သံတစ်လမ်းဆို ကျွန်တော်ဘဲပြဒါးဖြစ်မှာပါ
ရာသီဥတုအလိုက်အရောင်ပြောင်းတက်လွန်းလို့။


သိမ်းပိုက်ဖို့ကြိုးစားဘူးသလို့ စွန့်လွှတ်ဖို့ကြိုးစားခဲ့ဘူးတယ်
အခုတော့စာအုပ်တစ်အုပ်လိုပဲ တန်ဘိုးထားပါတယ်
သတိရရင်ဝင်ဖတ်မယ် ပြီးရင်ပြန်သိမ်းထားမယ် အဲ့ဒီလောက်ပါပဲ။

Ps: တစ်နေ့လုံး စောက့်မြင့်ကတ်နေလို့ ကဗျာဝင်ရေးတာ။

#w a i ne

Saturday, June 17, 2017

ပန်းဒူးရင်း




 
ပန်းတွေလဲ မပွင့်ပါဘူး
ဒူးရင်းသီးလဲ မသီးပါဘူး
ကျွန်တော်ဆိုတဲ့ လူတစ်ယောက်အတွက့်
တစ်ကမ္ဘာလုံး ပြစ်ပယ်သွားရင်တောင်
ဘုရားရှင်ပွင့်နေသမျှကာလမှာ
ကျွတ်တမ်းဝင်နိုင်မယ့်လူပါဗျာ။

#w a i n e


နဲနဲတော့ကြမ်းမယ်ဗျာ ကျွန်တော့ Blog လာမဖတ်ကျတော့ရင် 
ပိုကောင်းတာပေါ့။ လာပါလို့လဲမပြောပါဘူး ပြန်ပါလို့လဲမနှင်ပါဘူး တစ်ယောက်ထဲလာြပြီး တစ်ယောက်ထဲပြန်ရတဲ့ဘဝမှာ မက်လောက်စရာ မရှိပါဘူး။ တရားရလို့ရေးနေတာ မဟုတ်ဘူးဗျ တရားရသွားရင် ဒီစာမပြောနဲ့ ကျုပ်မျက်ခွက်တောင် မြင်စရာမရှိဘူး။


ဘယ်သူ့မှမဟုတ်ဘူး ကိုယ့်ဘာသာ စောက်သဲပေါက်လို့ရေးနေတာဗျ။ တစ်နေ့ထမင်းနှစ်နပ်စားြပြီး ညဆိုအသေကောင်လို အိပ်သွားရတဲ့ဘဝမှာ အဖိုးတန်အချိန်တွေကိုဖြုန်းြပြီး လူဆိုတဲ့မျက်နှာဖုံးတပ် သတ္တဝါတွေနဲ့ ပတ်သတ်နေရတာ တော်လောက်ြပြီ။


တကယ်နေချင်ပါတယ် တစ်ယောက်ထဲ အေးအေးဆေးဆေး ရှင်သန်သွားမယ့်ဘဝမှာ။ မနက်ဆိုရာသီဥတုအလိုက် အိပ်ယာထချိန်ကိုသတ်မှတ် ထမင်းတစ်လုံးတည် ြပြီးရင်ပန်းပင်တွေကို ပေါင်းရှင်းမြေဩဇာကျွေး နေ့လည်နေ့ခင်းထမင်းစား၊စာအုတ်ဖတ် ညနေခင်းရင်ရေလောင်းပန်းခူး ညနေဆောင်းရေမိုးချိုး၊ညစာစား အားလုံးြပြီးြပြီဆိုရင် ဘုရားဝတ်တက်၊စာရေး ကောင်းလိုက်တာဗျာ လူဖြစ်ရကျိုးနပ်လိုက်တာ။


စိတ်ကူးထဲမှာပါဗျာ လက်တွေ့မှာတော့ စောက်တလွဲတွေကြီးပဲ ဖြစ်နေရတာ အဲ့ဒါကြောင့် အစထဲကမဖတ်နဲ့လို့ ကျွန်ပြောထားတာ။  မနက်ဆိုစုံစီနေတဲ့ အလန်းသံတွေကြားထဲမှာ အိပ်ရေးမဝပဲနိုးလာရတယ် မပူပါနဲ့အိပ်ရေးမဝလို့က သကြားမင်းဆင်းနှိုးတာတောင် မထတဲ့ကောင်ပါ အိုကေအိပ်ရေးမဝဘဲ ထသွားလိုက်လေ အဲ့ဒီတနေ့လုံး စောက်ပြဿနာတွေတန်းစီြပြီ။


၁၅မိနစ်ထပ်နောက့်ကျမယ့်အချိန်အတွက့် ပိုက်ဆံ၂၅၀၀သုံးရတယ် စောက်တလွဲယာဉ်မောင်းနဲ့တွေ့ရင် ၂၅၀၀ပေးြပြီး နာရီဝက်ကို စိတ်ဆင်းရဲခံရတယ် ဆုံးဖြတ်လိုက်ပါြပြီ တစ်သက်လုံးသေရေးရှင်ရေးကလွဲရင် ကားငှားမစီးတော့ပါဘူး စောက်တလွဲကောင်တွေများနေလို့။


အကုသိုလ်များသွားတဲ့အတွက့် ကုသိုလ်လဲထွက်ပြေးတာပေါ့ တနေ့မှာ ၅ကြိမ်ထက်မနဲ မုသာဝါဒကျုးလွန်ရတာ သူ့ဆန်စားရဲတာက အရဲလွန်ြပြီးနီတောင်နီနေြပြီ။


အဲ့လိုဟာတွေကို ဖြတ်သန်းလာရတာ ၁၃၈၅ရက်ရှိြပြီ ကျွန်တော်ရွံ့မုန်းနေြပြီဗျာ။ ပြောခဲ့သလိုပါပဲ တရားရချင်ပါြပြီ ကျွန်တော့်မျက်ခွက်တောင် ကျွန်တော်မမြင်ချင်တော့လို့ပါ။

Monday, June 12, 2017

တချိန်ချိန်မှာ




တချိန်ချိန်မှာတော့ ကျွန်တော့်ရင်ဘက်မှာ ခင်ဗျားဆိုတဲ့ 
လူတစ်ယောက်ပုံရိပ်တွေဟာ ခပ်ပါးပါးပဲ ကျန်နေရစ်တော့မှာပါ..


ကျောက်တုံး၊ကျောက်ဆောင်တွေတောင်
သဘာဝတရားက တိုက်စားသွားရင် ပွန်းပဲ့သွားရတာပါပဲ..


လူတစ်ယောက်ရဲ့ ခံစားချက်ဆိုတာ အချိန်ဆိုတဲ့အရာကြောင့်
ပွန်းပဲ့သွားရတာ မထူးဆန်းတော့ပါဘူး ချစ်သူ..။


 Ps : ချစ်သူဆိုတဲ့ စကားလုံးက အများပိုင်မဟုတ်ပါဘူး
ကျွန်တော်ကို မနာကျင်စေခဲ့တဲ့ တစ်ယောက်ထဲရှိခဲ့ဘူးတဲ့ သူကိုတိုင်တည်တာပါ။


ကျွန်တော် official account အပြင် နောက်ထပ် account တစ်ခုဖွင့်ထားတယ် ဝန်ခံရရင် ကျွန်တော့်ကို Blocked ထားခဲ့တဲ့ လူတစ်ယောက်ကို အောက့်ကြို့တောင်းပန်ဖို့ပါ..


တောင်းလဲတောင်းပန်ခဲ့ဘူးပါတယ် မှတ်မှတ်ရရ ဘဝမှာ ယောင်္ကျားတစ်ယောက်ကို ခြေသလုံးဖက်မတက် တောင်းပန်ခဲ့ဘူးတာပေါ့..


(ဘာရည်ရွယ်ချက်နဲ့ မရေးပါဘူး အဲ့လောက်တောင် နှိမ့်ချခဲ့ပေးဘူးတယ်ဆိုတာ
ကျွန်တော့်ဘာသာ အမှတ်ရစေချင်လို့ပါ)

အတိတ်ကို အတိတ်မှာပဲ ထားခဲ့ပါတယ် ပြန်မသွားတော့ပါဘူး..


အဲ့ဒီ Account မှာ Friend ဆိုလို့ သူ့နဲ့ပတ်သတ်တဲ့ လူတစ်ယောက်ပဲရှိတယ် အဲ့ဒါကလဲ ကျွန်တော်ကိုယ်တိုင် သွား Request လုပ်ထားတာပါ မစားရ အညော်ခံပေါ့ သူနဲ့ပတ်သတ်တဲ့ အပိုင်းအစလေးတွေနဲ့ အာသာဖြေရတာပေါ့..


ကျွန်တော့် Photos တွေကလွဲရင် အကုန်လုံး Public တင်ထားပါတယ် ကျွန်တော့်ကို လာ Add တဲ့ ကျွန်တော်နဲ့သိသမျှလူအကုန်လုံးကို လက်မခံပါဘူး ကျွန်တော်ခေါင်းမစားချင်လို့ပါ ကျွန်တော့်ဘာသာ ရေးချင်တာရေးတယ် Share ချင်တာ Share တယ် ကျွန်တော့် Photos တွေလဲ တင်ချင်သလိုတင်တယ်..


ကျွန်တော်က Feel တလိုင်းဆိုတော့ အဲ့မှာစတွေ့တာ ကျွန်တော်တင်သမျှတွေက Feel တာတွေများများဆိုတော့ ကျွန်တော်ကိုထင်မှာပေါ့ May be ပေါ့ဗျာ..


မထင်ရင်တော့ ပိုကောင်းတာပေါ့ ဒီကောင်ငါ့များမျှော်လင့်နေသေးလားဆိုတဲ့ အတွေးမျိုးသူမထင်ပါစေနဲ့လို့ ကျွန်တော် Request လုပ်ပါရစေ ခင်ဗျားကို မေ့နိုင်အောင် ကြိုးစားသွားမှာပါဆိုတာ..


ကျွန်တော့်အတွက့် ခံနိုင်ရည်ကုန်သွားပါပြီ ၁၃နှစ်ကျော်မှ တစ်ခါပဲပြန်တွေ့ခဲ့တဲ့ လူတစ်ယောက်ကို ၆လကျော် အရူးတစ်ယောက်လို စောင့်ခဲ့ဘူးပါတယ် ၁၀ရက်ကျော် ခြေသလုံးဖက်မတက်တောင်းပန်ခဲ့ဘူးပါတယ် အရာမထင်ခဲ့ပါဘူး ရင်ဝကိုစောင့်မကန်ခဲ့ပေမယ့် ထပ်တူနီးပါးခံစားခဲ့ရတာပါ..


အခုအချိန်မှာ ခင်ဗျားကျွန်တော့်ကို သူ့ကိုချစ်သေးလားလို့မေးရင် ကျွန်တော်ချစ်တယ်လို့ ဖြေမှာပါ ဒါပေမယ့် ကျွန်တော်လူတစ်ယောက်ကို ချစ်ဖို့ တော်တော်ခက်ခဲတဲ့ကောင်ပါ မေ့ဖို့လဲ တော်တော်ကြိုးစားယူရတဲ့ကောင်ပါ..


ချစ်တယ်ဖြေပေမယ့် ချစ်တယ်ဆိုတဲ့ နေရာမှာတင် ကျွန်တော်ရပ်တန့်ထားမှာပါ အချစ်ဆိုတာ ကျွန်တော်မှတားစီးလို့မရတာ..


လူပဲဗျာ တစ်ခါတလေ စိတ်ဆင်းရဲရင်တော့ အားကိုးစရာ၊နှစ်သိမ့်ပေးမယ့် လူတစ်ယောက်တော့လိုချင်တာပေါ့ မပူပါနဲ့ဗျာ ဒီကနေ့ကစပြီး  ခင်ဗျားကိုမတိုင်တည်တော့ပါဘူး..။


တဖြည်းဖြည်းနဲ့ ကျွန်တော်နေသားကျသွားမှာပါ

ဒီတစ်ကြိမ်တော့ ကျွန်တော့်ကိုသတိပေးပါ  

ချစ်တယ်ဆိုတဲ့လူတွေက

မျက်နှာဖုံးအတုတွေတပ်ထားတယ်ဆိုတာ။





Thursday, June 8, 2017

Htoo Ein Thin - Chit Tine Lae Ma Nyar (cover)



ကျွန်တော် ဒီသီချင်းကို Blog မှာ ဘယ်နှစ်ကြိမ်တောင် တင်ဘူးခဲ့သလဲ မမှတ်မိတော့ဘူးဗျာ..

ကိုမျိုးမြင့်ကို YouTube မှာ စသိတာ ဒီသီချင်းနဲ့ပါ (ကျွန်တော့်ထက်ငယ်ပါတယ် လေးစားလို့ နာမည်မှာ ကိုတပ်ခေါ်တာပါဗျာ)

ကျွန်တော်က ဒီသီချင်းကို ကြိုက်လွန်းတော့ ဓါတ်တူနာမ်တူဖြစ်ပြီး သွားတာ
နေမှာပေါ့ဗျာ..

အိုကေပါ အချိန်တန်ရင် အရာအားလုံး အဆင်ပြေသွားမှာပါဗျာ။

Thank you, Ko Myo Myint.

Sunday, June 4, 2017

Htoo Ein Thin - Ah Kyin Nar Ate Met (cover)



Hello June!!

Sorry ဗျာ ကျွန်တော်နှုတ်ဆက်တာ နောက်ကျသွားတယ်

အကြင်နာအိမ်မက်တင်လို့ ကျွန်တော် Feel မလို့ မဟုတ်ပါဘူးဗျာ

(ခင်ဗျားတို့ စိတ်ချမ်းသာမှာပါ အရင်လို ကျွန်တော့်ရင်တွင်းဖြစ်တွေ မမြင်ရတော့ပါဘူးဗျာ။)

ဂစ်တာသံကို နှစ်သက်လွန်းလို့ အိပ်ယာဝင်ခါနီး နားထောင်ဖြစ်လို့ Blog မှာ

တင်ပေးလိုက်တာပါဗျာ။

အားလုံး ကောင်းသောညဖြစ်ပါစေဗျာ။