Saturday, June 17, 2017

ပန်းဒူးရင်း




 
ပန်းတွေလဲ မပွင့်ပါဘူး
ဒူးရင်းသီးလဲ မသီးပါဘူး
ကျွန်တော်ဆိုတဲ့ လူတစ်ယောက်အတွက့်
တစ်ကမ္ဘာလုံး ပြစ်ပယ်သွားရင်တောင်
ဘုရားရှင်ပွင့်နေသမျှကာလမှာ
ကျွတ်တမ်းဝင်နိုင်မယ့်လူပါဗျာ။

#w a i n e


နဲနဲတော့ကြမ်းမယ်ဗျာ ကျွန်တော့ Blog လာမဖတ်ကျတော့ရင် 
ပိုကောင်းတာပေါ့။ လာပါလို့လဲမပြောပါဘူး ပြန်ပါလို့လဲမနှင်ပါဘူး တစ်ယောက်ထဲလာြပြီး တစ်ယောက်ထဲပြန်ရတဲ့ဘဝမှာ မက်လောက်စရာ မရှိပါဘူး။ တရားရလို့ရေးနေတာ မဟုတ်ဘူးဗျ တရားရသွားရင် ဒီစာမပြောနဲ့ ကျုပ်မျက်ခွက်တောင် မြင်စရာမရှိဘူး။


ဘယ်သူ့မှမဟုတ်ဘူး ကိုယ့်ဘာသာ စောက်သဲပေါက်လို့ရေးနေတာဗျ။ တစ်နေ့ထမင်းနှစ်နပ်စားြပြီး ညဆိုအသေကောင်လို အိပ်သွားရတဲ့ဘဝမှာ အဖိုးတန်အချိန်တွေကိုဖြုန်းြပြီး လူဆိုတဲ့မျက်နှာဖုံးတပ် သတ္တဝါတွေနဲ့ ပတ်သတ်နေရတာ တော်လောက်ြပြီ။


တကယ်နေချင်ပါတယ် တစ်ယောက်ထဲ အေးအေးဆေးဆေး ရှင်သန်သွားမယ့်ဘဝမှာ။ မနက်ဆိုရာသီဥတုအလိုက် အိပ်ယာထချိန်ကိုသတ်မှတ် ထမင်းတစ်လုံးတည် ြပြီးရင်ပန်းပင်တွေကို ပေါင်းရှင်းမြေဩဇာကျွေး နေ့လည်နေ့ခင်းထမင်းစား၊စာအုတ်ဖတ် ညနေခင်းရင်ရေလောင်းပန်းခူး ညနေဆောင်းရေမိုးချိုး၊ညစာစား အားလုံးြပြီးြပြီဆိုရင် ဘုရားဝတ်တက်၊စာရေး ကောင်းလိုက်တာဗျာ လူဖြစ်ရကျိုးနပ်လိုက်တာ။


စိတ်ကူးထဲမှာပါဗျာ လက်တွေ့မှာတော့ စောက်တလွဲတွေကြီးပဲ ဖြစ်နေရတာ အဲ့ဒါကြောင့် အစထဲကမဖတ်နဲ့လို့ ကျွန်ပြောထားတာ။  မနက်ဆိုစုံစီနေတဲ့ အလန်းသံတွေကြားထဲမှာ အိပ်ရေးမဝပဲနိုးလာရတယ် မပူပါနဲ့အိပ်ရေးမဝလို့က သကြားမင်းဆင်းနှိုးတာတောင် မထတဲ့ကောင်ပါ အိုကေအိပ်ရေးမဝဘဲ ထသွားလိုက်လေ အဲ့ဒီတနေ့လုံး စောက်ပြဿနာတွေတန်းစီြပြီ။


၁၅မိနစ်ထပ်နောက့်ကျမယ့်အချိန်အတွက့် ပိုက်ဆံ၂၅၀၀သုံးရတယ် စောက်တလွဲယာဉ်မောင်းနဲ့တွေ့ရင် ၂၅၀၀ပေးြပြီး နာရီဝက်ကို စိတ်ဆင်းရဲခံရတယ် ဆုံးဖြတ်လိုက်ပါြပြီ တစ်သက်လုံးသေရေးရှင်ရေးကလွဲရင် ကားငှားမစီးတော့ပါဘူး စောက်တလွဲကောင်တွေများနေလို့။


အကုသိုလ်များသွားတဲ့အတွက့် ကုသိုလ်လဲထွက်ပြေးတာပေါ့ တနေ့မှာ ၅ကြိမ်ထက်မနဲ မုသာဝါဒကျုးလွန်ရတာ သူ့ဆန်စားရဲတာက အရဲလွန်ြပြီးနီတောင်နီနေြပြီ။


အဲ့လိုဟာတွေကို ဖြတ်သန်းလာရတာ ၁၃၈၅ရက်ရှိြပြီ ကျွန်တော်ရွံ့မုန်းနေြပြီဗျာ။ ပြောခဲ့သလိုပါပဲ တရားရချင်ပါြပြီ ကျွန်တော့်မျက်ခွက်တောင် ကျွန်တော်မမြင်ချင်တော့လို့ပါ။

No comments: