Monday, June 12, 2017

တခ်ိန္ခ်ိန္မွာ




တခ်ိန္ခ်ိန္မွာေတာ့ ကၽြန္ေတာ့္ရင္ဘက္မွာ ခင္ဗ်ားဆိုတဲ့ 
လူတစ္ေယာက္ပံုရိပ္ေတြဟာ ခပ္ပါးပါးပဲ က်န္ေနရစ္ေတာ့မွာပါ..


ေက်ာက္တံုး၊ေက်ာက္ေဆာင္ေတြေတာင္
သဘာဝတရားက တိုက္စားသြားရင္ ပြန္းပဲ့သြားရတာပါပဲ..
လူတစ္ေယာက္ရဲ႕ ခံစားခ်က္ဆိုတာ အခ်ိန္ဆိုတဲ့အရာေၾကာင့္
ပြန္းပဲ့သြားရတာ မထူးဆန္းေတာ့ပါဘူး ခ်စ္သူ..။


 Ps : ခ်စ္သူဆိုတဲ့ စကားလံုးက အမ်ားပိုင္မဟုတ္ပါဘူး
ကၽြန္ေတာ္ကို မနာက်င္ေစခဲ့တဲ့ တစ္ေယာက္ထဲရွိခဲ့ဘူးတဲ့
သူကိုတိုင္တည္တာပါ။


ကၽြန္ေတာ္ official account အျပင္ ေနာက္ထပ္ account တစ္ခုဖြင့္ထားတယ္ ဝန္ခံရရင္ ကၽြန္ေတာ့္ကို Blocked ထားခဲ့တဲ့ လူတစ္ေယာက္ကို ေအာက့္ႀကိဳ႕ေတာင္းပန္ဖို႔ပါ
ေတာင္းလဲေတာင္းပန္ခဲ့ဘူးပါတယ္ မွတ္မွတ္ရရ ဘဝမွာ ေယာက်ၤားတစ္ေယာက္ကို ေျခသလံုးဖက္မတက္ ေတာင္းပန္ခဲ့ဘူးတာေပါ့..
(ဘာရည္ရြယ္ခ်က္နဲ႔ မေရးပါဘူး အဲ့ေလာက္ေတာင္ ႏွိမ့္ခ်ခဲ့ေပးဘူးတယ္ဆိုတာ
ကၽြန္ေတာ့္ဘာသာ အမွတ္ရေစခ်င္လို႔ပါ)

အတိတ္ကို အတိတ္မွာပဲ ထားခဲ့ပါတယ္ ျပန္မသြားေတာ့ပါဘူး
အဲ့ဒီ Account မွာ Friend ဆိုလို႔ သူ႔နဲ႔ပတ္သတ္တဲ့ လူတစ္ေယာက္ပဲရွိတယ္ အဲ့ဒါကလဲ ကၽြန္ေတာ္ကိုယ္တိုင္ သြား Request လုပ္ထားတာပါ မစားရ အေညာ္ခံေပါ့ သူနဲ႔ပတ္သတ္တဲ့ အပိုင္းအစေလးေတြနဲ႔ အာသာေျဖရတာေပါ့..

ကၽြန္ေတာ့္ Photos ေတြကလြဲရင္ အကုန္လံုး Public တင္ထားပါတယ္ ကၽြန္ေတာ့္ကို လာ Add တဲ့ ကၽြန္ေတာ္နဲ႔သိသမၽွလူအကုန္လံုးကို လက္မခံပါဘူး ကၽြန္ေတာ္ေခါင္းမစားခ်င္လို႔ပါ ကၽြန္ေတာ့္ဘာသာ ေရးခ်င္တာေရးတယ္ Share ခ်င္တာ Share တယ္ ကၽြန္ေတာ့္ Photos ေတြလဲ တင္ခ်င္သလိုတင္တယ္..

ကၽြန္ေတာ္က Feel တလိုင္းဆိုေတာ့ အဲ့မွာစေတြ႕တာ ကၽြန္ေတာ္တင္သမၽွေတြက Feel တာေတြမ်ားမ်ားဆိုေတာ့ ကၽြန္ေတာ္ကိုထင္မွာေပါ့ May be ေပါ့ဗ်ာ မထင္ရင္ေတာ့ ပိုေကာင္းတာေပါ့ ဒီေကာင္ငါ့မ်ားေမၽွာ္လင့္ေနေသးလားဆိုတဲ့ အေတြးမ်ိဳးသူမထင္ပါေစနဲ႔လို႔ ကၽြန္ေတာ္ Request လုပ္ပါရေစ ခင္ဗ်ားကို ေမ့ႏိုင္ေအာင္ ႀကိဳးစားသြားမွာပါဆိုတာ..

ကၽြန္ေတာ့္အတြက့္ ခံႏိုင္ရည္ကုန္သြားပါျၿပီ ၁၃ႏွစ္ေက်ာ္မွ တစ္ခါပဲျပန္ေတြ႕ခဲ့တဲ့ လူတစ္ေယာက္ကို ၆လေက်ာ္ အရူးတစ္ေယာက္လို ေစာင့္ခဲ့ဘူးပါတယ္ ၁၀ရက္ေက်ာ္ ေျခသလံုးဖက္မတက္ေတာင္းပန္ခဲ့ဘူးပါတယ္ အရာမထင္ခဲ့ပါဘူး ရင္ဝကိုေစာင့္မကန္ခဲ့ေပမယ့္ ထပ္တူနီးပါးခံစားခဲ့ရတာပါ..

အခုအခ်ိန္မွာ ခင္ဗ်ားကၽြန္ေတာ့္ကို သူ႔ကိုခ်စ္ေသးလားလို႔ေမးရင္ ကၽြန္ေတာ္ခ်စ္တယ္လို႔ ေျဖမွာပါ ဒါေပမယ့္ ကၽြန္ေတာ္လူတစ္ေယာက္ကို ခ်စ္ဖို႔ ေတာ္ေတာ္ခက္ခဲတဲ့ေကာင္ပါ ေမ႔ဖို႔လဲ ေတာ္ေတာ္ႀကိဳးစားယူရတဲ့ေကာင္ပါ ခ်စ္တယ္ေျဖေပမယ့္ ခ်စ္တယ္ဆိုတဲ့ ေနရာမွာတင္ ကၽြန္ေတာ္ရပ္တန္႔ထားမွာပါ အခ်စ္ဆိုတာ ကၽြန္ေတာ္မွတားစီးလို႔မရတာ..

လူပဲဗ်ာ တစ္ခါတေလ စိတ္ဆင္းရဲရင္ေတာ့ အားကိုးစရာ၊ႏွစ္သိမ့္ေပးမယ့္ လူတစ္ေယာက္ေတာ့လိုခ်င္တာေပါ့ မပူပါနဲ႔ဗ်ာ ဒီကေန႔ကစျၿပီး  ခင္ဗ်ားကိုမတိုင္တည္ေတာ့ပါဘူး..။

တျဖည္းျဖည္းနဲ႔ ကၽြန္ေတာ္ေနသားက်သြားမွာပါ ခ်စ္သူ
ဒီတစ္ႀကိမ္ေတာ့ ကၽြန္ေတာ့္ကိုသတိေပးပါ  ခ်စ္တယ္ဆိုတဲ့လူေတြက
မ်က္ႏွာဖံုးအတုေတြတပ္ထားတယ္ဆိုတာ။









https://goo.gl/images/LOYf6X


တချိန်ချိန်မှာတော့ ကျွန်တော့်ရင်ဘက်မှာ ခင်ဗျားဆိုတဲ့ 
လူတစ်ယောက်ပုံရိပ်တွေဟာ ခပ်ပါးပါးပဲ ကျန်နေရစ်တော့မှာပါ..


ကျောက်တုံး၊ကျောက်ဆောင်တွေတောင်
သဘာဝတရားက တိုက်စားသွားရင် ပွန်းပဲ့သွားရတာပါပဲ..


လူတစ်ယောက်ရဲ့ ခံစားချက်ဆိုတာ အချိန်ဆိုတဲ့အရာကြောင့်
ပွန်းပဲ့သွားရတာ မထူးဆန်းတော့ပါဘူး ချစ်သူ..။


 Ps : ချစ်သူဆိုတဲ့ စကားလုံးက အများပိုင်မဟုတ်ပါဘူး
ကျွန်တော်ကို မနာကျင်စေခဲ့တဲ့ တစ်ယောက်ထဲရှိခဲ့ဘူးတဲ့ သူကိုတိုင်တည်တာပါ။


ကျွန်တော် official account အပြင် နောက်ထပ် account တစ်ခုဖွင့်ထားတယ် ဝန်ခံရရင် ကျွန်တော့်ကို Blocked ထားခဲ့တဲ့ လူတစ်ယောက်ကို အောက့်ကြို့တောင်းပန်ဖို့ပါ..


တောင်းလဲတောင်းပန်ခဲ့ဘူးပါတယ် မှတ်မှတ်ရရ ဘဝမှာ ယောင်္ကျားတစ်ယောက်ကို ခြေသလုံးဖက်မတက် တောင်းပန်ခဲ့ဘူးတာပေါ့..


(ဘာရည်ရွယ်ချက်နဲ့ မရေးပါဘူး အဲ့လောက်တောင် နှိမ့်ချခဲ့ပေးဘူးတယ်ဆိုတာ
ကျွန်တော့်ဘာသာ အမှတ်ရစေချင်လို့ပါ)

အတိတ်ကို အတိတ်မှာပဲ ထားခဲ့ပါတယ် ပြန်မသွားတော့ပါဘူး..


အဲ့ဒီ Account မှာ Friend ဆိုလို့ သူ့နဲ့ပတ်သတ်တဲ့ လူတစ်ယောက်ပဲရှိတယ် အဲ့ဒါကလဲ ကျွန်တော်ကိုယ်တိုင် သွား Request လုပ်ထားတာပါ မစားရ အညော်ခံပေါ့ သူနဲ့ပတ်သတ်တဲ့ အပိုင်းအစလေးတွေနဲ့ အာသာဖြေရတာပေါ့..


ကျွန်တော့် Photos တွေကလွဲရင် အကုန်လုံး Public တင်ထားပါတယ် ကျွန်တော့်ကို လာ Add တဲ့ ကျွန်တော်နဲ့သိသမျှလူအကုန်လုံးကို လက်မခံပါဘူး ကျွန်တော်ခေါင်းမစားချင်လို့ပါ ကျွန်တော့်ဘာသာ ရေးချင်တာရေးတယ် Share ချင်တာ Share တယ် ကျွန်တော့် Photos တွေလဲ တင်ချင်သလိုတင်တယ်..


ကျွန်တော်က Feel တလိုင်းဆိုတော့ အဲ့မှာစတွေ့တာ ကျွန်တော်တင်သမျှတွေက Feel တာတွေများများဆိုတော့ ကျွန်တော်ကိုထင်မှာပေါ့ May be ပေါ့ဗျာ..


မထင်ရင်တော့ ပိုကောင်းတာပေါ့ ဒီကောင်ငါ့များမျှော်လင့်နေသေးလားဆိုတဲ့ အတွေးမျိုးသူမထင်ပါစေနဲ့လို့ ကျွန်တော် Request လုပ်ပါရစေ ခင်ဗျားကို မေ့နိုင်အောင် ကြိုးစားသွားမှာပါဆိုတာ..


ကျွန်တော့်အတွက့် ခံနိုင်ရည်ကုန်သွားပါပြီ ၁၃နှစ်ကျော်မှ တစ်ခါပဲပြန်တွေ့ခဲ့တဲ့ လူတစ်ယောက်ကို ၆လကျော် အရူးတစ်ယောက်လို စောင့်ခဲ့ဘူးပါတယ် ၁၀ရက်ကျော် ခြေသလုံးဖက်မတက်တောင်းပန်ခဲ့ဘူးပါတယ် အရာမထင်ခဲ့ပါဘူး ရင်ဝကိုစောင့်မကန်ခဲ့ပေမယ့် ထပ်တူနီးပါးခံစားခဲ့ရတာပါ..


အခုအချိန်မှာ ခင်ဗျားကျွန်တော့်ကို သူ့ကိုချစ်သေးလားလို့မေးရင် ကျွန်တော်ချစ်တယ်လို့ ဖြေမှာပါ ဒါပေမယ့် ကျွန်တော်လူတစ်ယောက်ကို ချစ်ဖို့ တော်တော်ခက်ခဲတဲ့ကောင်ပါ မေ့ဖို့လဲ တော်တော်ကြိုးစားယူရတဲ့ကောင်ပါ..


ချစ်တယ်ဖြေပေမယ့် ချစ်တယ်ဆိုတဲ့ နေရာမှာတင် ကျွန်တော်ရပ်တန့်ထားမှာပါ အချစ်ဆိုတာ ကျွန်တော်မှတားစီးလို့မရတာ..


လူပဲဗျာ တစ်ခါတလေ စိတ်ဆင်းရဲရင်တော့ အားကိုးစရာ၊နှစ်သိမ့်ပေးမယ့် လူတစ်ယောက်တော့လိုချင်တာပေါ့ မပူပါနဲ့ဗျာ ဒီကနေ့ကစပြီး  ခင်ဗျားကိုမတိုင်တည်တော့ပါဘူး..။


တဖြည်းဖြည်းနဲ့ ကျွန်တော်နေသားကျသွားမှာပါ

ဒီတစ်ကြိမ်တော့ ကျွန်တော့်ကိုသတိပေးပါ  

ချစ်တယ်ဆိုတဲ့လူတွေက

မျက်နှာဖုံးအတုတွေတပ်ထားတယ်ဆိုတာ။





No comments: