Sunday, June 25, 2017

ရေးချင်တာရေးတာပါ





လူတစ်ယောက်ဟာ ဘဝတစ်သက်စာလုံး တစ်ယောက်ယောက်ကို လွမ်းနေရင်ပဲ
ပြည့်စုံနေပါပြီ။

Crd : Ko Myo Zaw Aye



ပထမတစ်ယောက်တုန်းက ရွှေတိဂုံဘုရားက ရှင်မကွဲဘုရားမှာ ဆုတောင်းပေးခဲ့ဘူးပါတယ် သူတို့နှစ်ယောက်လုံး တစ်သက်လုံးအဆင်ပြေပါစေလို့.. 
(ရိုးရိုးသားသားပါဗျာ)


ဒုတိယတစ်ယောက်ကိုတော့ ဆုမတောင်းပေးရသေးဘူး သူတို့နှစ်ယောက်လုံးအဆင်ပြေပါစေဆိုတာ ကျွန်တော် 
ဘုရားနဲ့ဝေးနေလို့ပါ..
(ဆုမတောင်းပေးလဲ အဆင်ပြေမှာပါ)



အခုတော့ ကျွန်တော်အတွက့် ပြည့်စုံသွားပါပြီ တကယ်ဆိုရင် လွမ်းခွင့်ပေးတာကိုပဲကျေးဇူးတင်ရမှာ..

#w a i n e



တနေ့လုံး Game ဆော့နေတာ ကံကောင်းချင်တော့ (ရွဲ့ပြောတာဗျ)
Leader က Uni Final Exam ဖြေရမှာမို့လို့ Leader နေရာကို ခဏယူပေးထားပါဆိုတော့ မိုးကြိုးမပြစ်ခံရဘဲ ခေါင်းမွှေးထောင်သွားရော..
(မြန်မာဆိုလို့ ၃ယောက်ထဲပဲ ကျန်ပါတယ်ဆိုမှ ဆေးထိုးခံရတာ)


ကိုယ့် Castle တောင် သူများလာမတိုက်အောင် power တက်အောင်မနဲ ကစားနေရတာ (အိမ်ကလူတွေကတော့ပြောရှာပါတယ် ရွာသာကြီးလိုက်ပို့ရတော့မယ်တဲ့) သူ့နေရာခဏယူပေးဆိုတော့ ကလေးတွေပြောသလို ဂျင်းစားပါအုန်းပြောတာကျနေတာပဲ သူကလဲ Exam ဆိုတော့ နားလည်ပေးရတာပေါ့ ရပါတယ် Bro ရာဆိုပြီး မျက်ရည်ဝဲဝဲနဲ့..
(ကိုယ့်ကြောင့်နောက်ဆုံးနှစ် တစ်ခုခုဖြစ်သွားမှ သူများသားသမီး ဒုက္ခရောက်မှာ ပိုကြောက်ရပါတယ်)


စည်းရုံးရေးက ကောင်းသလားမပြောနဲ့ (ရွေးကောက်ပွဲဝင်ရင် မဲဆွယ်ပေးမယ်)
နာရီဝက်တောင်မပြည့်ဘူး ၂ယောက်ပျောက်သွားတယ် ရှိတာမှ ၃၀မပြည့်ဘူး ထပ်လျော့ရင်တော့ COK ဆက်မဆော့နိုင်မှာ မဟုတ်တော့ဘူး..
(သူ့တို့က Fighter တွေလေ ကျွန်တော်ကတော့ မနိုင်ဘူးထင်ရင် တိုက်ကိုမတိုက်တော့ စိတ်ပျက်တာပေါ့)


နောက်ဆုံးတော့ တက်သလောက် မှတ်သလောက် English စာလေးရေးပြီး Temporary Leader ပါခင်ဗျာ ကူညီကြပါလုပ်ရတော့တာ COKကို ကိုယ်ဆော့တက်တာ မတောက်တခေါက်ဆိုတော့ နားလည်သမျှဖတ်ြပြီး အရူးမီးဝိုင်းဘဝကနေ လွတ်အောင်မနဲလုပ်နေရတာ..
(ခေါင်းတွေပူထူလာတော့ သူများသားသမီး မဆဲချင်ပေမယ့် ဆဲလိုက်အုန်းမယ် မအေပေးလေး ငါ့ကိုဆေးပုလင်းချိတ်သွားတယ်)


လက်နှစ်ဖက်လုံး ကွေးလို့မရအောင် နာနေတော့မှ အိပ်မယ်ဆိုပြီး FB ဝင်ကြည့်ဖြစ်တာ ဘယ်သူ Share ထားမှန်းမသိပါဘူး (ကျွန်တော်က Request မလုပ်ပဲ Follow ပဲ လုပ်တဲ့ကောင်လေ)
ဖတ်ပြီး စိတ်မကောင်းဖြစ်သွားလို့ Blog ဝင်ရေးတာ..


ကိုမျိုးဇော်အေးအကြောင်း FB မှာ သူငယ်ချင်းတစ်ယောက် Share ထားလို့ ဖတ်ဘူးတယ် အခုတော့မေ့နေတာ ဒီစာလေးတွေ့မှ ပြန်သတိရမိတာ..


မနေ့ကလဲ ရေဝေးရောက်တယ် မောင်ဝမ်းကွဲတစ်ယောက်ကို လိုက်ပို့လိုက်ရတာ အရင်နှစ်က တစ်ဦးထဲသောယောင်းမ ဒီနှစ်က စီနီယာချလိုက်ရင် ကျွန်တော့်အောက်ကကောင် သူပြီးရင်ကျွန်တော်  သေမင်းကတစ်နှစ်ကို တစ်ယောက်အငယ်တွေကို ရွေးခေါ်နေတာ ကျွန်တော်က အသက်ကြီးသွားလို့ သူမေ့နေတာလား မသိပါဘူး..


ဆုတောင်းပြည့်ချင်တယ် ကျွန်တော်အရင်သွားရပါစေ ဆိုတဲ့ဆု ကျန်တဲ့သူတွေကြည့်ပြီး စိတ်မကောင်းဖြစ်ရတယ် အရင်ဘဝက ကျွန်တော်တစ်ယောက်ထဲကျန်နေခဲ့လို အဲ့လိုမျိုးကို မခံစားနိုင်တာလား မသိပါဘူး..


လူပဲ တစ်ချိန်တော့သေရမှာပါ ကျွန်တော်အရင်သေဖို့ဆုတောင်းတာ အတ္တကြီးသွားရင်လဲ နားလည်လိုက်ပါ..


Ps : ရေးချင်တာရေးပြီး အိပ်ပါပြီ။

No comments: