Monday, June 19, 2017

ဆန့်ကျင်ဘက်စာအုပ်






 
မျိုးကြီးရဲ့ဆန့်ကျင်ဘက်ကို နှစ်သက်ခဲ့ပေမယ့်
အပြင်လောကရဲ့ဆန့်ကျင်ဘက်ကို မျက်စိမှိတ်ထားလိုက်ပါတယ်။


အမြင်မတူတာကို လိုက်ညှိနေရအောင်
ကျွန်တော်လဲမျက်စိဆရာဝန်မဟုတ်သလို
ခင်ဗျားလဲအစမ်းသတ်ခံမျက်လုံးမဟုတ်ပါဘူး။


မွေးကတည်းကပါလာတဲ့မျက်လုံးနှစ်လုံးတောင် အကြီး၊အသေးမတူသေးတာပဲ
လူနှစ်ယောက်စီကနေ မွေးလာတဲ့နောက်ထပ်လူနှစ်ယောက် ဘယ်လိုများတူနိုင်မှာလဲဗျာ။


ပြဒါးတစ်လမ်း၊သံတစ်လမ်းဆို ကျွန်တော်ဘဲပြဒါးဖြစ်မှာပါ
ရာသီဥတုအလိုက်အရောင်ပြောင်းတက်လွန်းလို့။


သိမ်းပိုက်ဖို့ကြိုးစားဘူးသလို့ စွန့်လွှတ်ဖို့ကြိုးစားခဲ့ဘူးတယ်
အခုတော့စာအုပ်တစ်အုပ်လိုပဲ တန်ဘိုးထားပါတယ်
သတိရရင်ဝင်ဖတ်မယ် ပြီးရင်ပြန်သိမ်းထားမယ် အဲ့ဒီလောက်ပါပဲ။

Ps: တစ်နေ့လုံး စောက့်မြင့်ကတ်နေလို့ ကဗျာဝင်ရေးတာ။

#w a i ne

No comments: