Tuesday, August 29, 2017

အမှတ်တရ ဒီဆာပရမိုင်း ဆလန်းဂေါ။

 Saturday, June 25, 2011


ကျွန်တော် ချစ်တဲ့ “ အိမ် ”။


“ ဓီရာမိုရ်ရဲ့သီချင်းလေးတွေရယ်
  သူငယ်တန်းဖတ်စာအုပ်လေးရယ်
  တေဇာဘလော့ကဟာမျိုးလေးရယ်
  တရားခွေနည်းနည်းရယ်
  ကော်ဖီတစ်ခွက်ရယ်...။ ”


(ကျွန်တော့် သူငယ်ချင်း ပြောပြတဲ့ ဘဝဆိုတဲ့ အနှစ်သာရ...)


သူငယ်ချင်းနှစ်ယောက် Gtalk မှာပြောဖြစ်တဲ့ အကြောင်းပါ အချိန်နာရီဝက်လောက်ကို အလုပ်တဖက်နဲ့ ပြောဖြစ်ခဲ့ပေမယ့် တစ်ခုခုတော့ ကျွန်တော်ရလိုက်တယ် ခေါင်းထဲကို အတွေးတစ်ခုက ဖျတ်ခနဲ ဝင်လာတယ် ငါ နှစ်၃၀လုံးလုံး မြစ်တစ်စင်းကိုများ တည်ဆောက်နေမိတာလားလို့..


 http://www.youtube.com/watch?v=l7yaeR0bj7U
  
:10 PMfri: အော်မဝိုင်းလည်းကြိုက်တာကိုး

 me: :)

1:11 PMfri: အဲဒီ့သီချင်းက

 me: ဟုတ်ကဲ့

 fri: မြန်မာပြည်ကိုပြောထားတာပါ

1:12 PM me: အင်းလေ

 fri: ဓီရာမိုရ်ဂျပန်ကိုရောက်နေတုန်းက

  သူလွမ်းတဲ့မြန်မာပြည်ကို

 me: အဲ့လိုအိမ်လေးမှာနေချင်လို့ပါ

 fri: သီချင်းရေးခဲ့တာ

 me: အရမ်းသာယာမှာပဲ

  ဟုတ်ကဲ့

 fri: မဟုတ်ဘူး

1:13 PM အဲဒီ့သီချင်းကမြန်မာပြည်ကိုဖွဲ့ထားတာဗျ

 me: အော်

  ဟုတ်ကဲ့

 fri: နောက် အိမ် ဆိုတဲ့သီချင်းတစ်ပုဒ်ရှိသေးတယ်

 me: ဟုတ်

  ရှိတယ်

 fri: “ကလေးလေးတွေနွေးထွေးဖို့လေ..

 me: ဟုတ်ကဲ့

 fri: ကမာ္ဘမြေမှာအိမ်တစ်အိမ်ကိုဆောက်ကြမယ်လေ ဆိုတာလေ..

1:14 PM me: အိမ် သီချင်းလေ

 fri: အင်းဟုတ်တယ်

  အရမ်းကောင်းတယ်ဗျာ

  အရမ်းလည်းနေချင်ပါတယ်

  ခဏတော့စိတ်ပူပန်တာတွေပျောက်သွားတယ်နော်

 me: ဟုတ် အဲ့ဒါကို အရင်နားထောင်ဖူးတာ

  ခုသီချင်းက ငါ့တို့အိမ်ထွက်မှ

1:15 PM နားထောင်ရတာ

1:16 PMfri: မဝိုင်း

 me: ဟုတ်ကဲ့

1:18 PMfri: let happen the future if it wants to be

1:20 PM me: ခုလောလောဆယ် ဘာမှမတွေးထားဘူးဗျ အကုန်လုံးပြောင်းလဲကုန်လို့ အိမ်နဲ့စကားပြောပြီးမှ သိတော့မယ် ပြန်မလို့ အကုန်ပြင်ပြီးသွားပြီ အိမ်ကိုတောင် မပြောရသေးဘူး ဒါပေမယ့် မနက်ဖြန်ဆိုတာ ကိုယ်မပိုင်ဘူးဆိုတာ မေ့သွားမိတယ်

1:24 PMfri: အင်းလေ

  ဒါပေမယ့်လည်း

 me: ဟုတ်ကဲ့

1:25 PMfri: မဝိုင်း

 me: ဟုတ်ကဲ့

1:27 PMfri: ငယ်ငယ်တုန်းက

 me: ဟုတ်

 fri: သင်ခဲ့ရတဲ့သူငယ်ချင်းဖတ်စာအုပ်လေးကိုမှတ်မိသေးလား

  က ကလေးငယ်ချစ်စဖွဝ်

1:28 PM ခ ခရေကုံးမလေးပြုံး

 me: ဟုတ်ကဲ့

 fri: ပန်းကလေးများပွင့်တော့မည်

  ဖူးတံဝင့်လို့ချီ

 me: ဟုတ် မှတ်မိတယ်

  :)

 fri: နေခြည်မှာရွှေရည်လောင်းငါတို့စာသင်ကျောင်း

 me: ခဏတော့ ပြုံးမိသွားတယ်

1:29 PMfri: တနင်္ဂနွေ တနင်္လာ ဂျိုးကလေးမှန်မှန်လာ

  ကူသံသာဗျ

  မှားလို့

 me: ကြာသာပတေး သောကြာ ဂျိုးလေးမှန်မှန်လာ

 fri: ဟုတ်တယ်နော်

1:30 PM me: ဟုတ်တယ်

  ကျေးဇူးပဲ

  ဒီနေ့ ပြန်ရှာထားအုံးမယ်

 fri: လယ်သမားကြီးဦးသာအောင်

 me: သူငယ်တန်းစာအုပ်ကို

  :)

1:32 PM http://sitagucenter.org/index.php?option=com_content&view=article&id=200&Itemid=6

 fri: ဓီရာမိုရ်ရဲ့သီချင်းလေးတွေရယ်

  သူငယ်တန်းဖတ်စာအုပ်လေးရယ်

1:33 PM တေဇာဘလော့ကဟာမျိုးလေးရယ်

 me: ကော်ဖီတခွက်တော့ လိုမယ်ထင်တယ်

 fri: တရားခွေနည်းနည်းရယ်

1:34 PM me: :)

 fri: ကော်ဖီတစ်ခွက်ရယ်

  အင်း

  မဝိုင်းကိုပြောချင်တာအဲဒါပါ

  တစ်ခုခုတွေ့တယ်မဟုတ်လားဗျာ

  ...

  ....

 me: အဲ့လောက်ဆို ဘဝနိဗ္ဗာန်ပဲနော်

1:35 PM ဟုတ်တစ်ခုခုတော့ရလိုက်တယ်

  ခုမှ သူငယ်ချင်းဆိုတာ

  နားလည်သွားတယ်

  အသေအချာပဲ သူ့အဓိပ္ပါယ်ကို

1:36 PM ကျေးဇူးဆိုတဲ့ စကားမပြောတော့ဘူး

  စော်ကားသလို ဖြစ်သွားမယ်

  :)

1:38 PMfri: ကျေးဇူးပါဗျာ

 me: တကယ် ကျေးဇူးတင်ပါတယ်

  :)



 သူငယ်ချင်းနှစ်ယောက် Gtalk မှာပြောဖြစ်တဲ့ အကြောင်းပါ အချိန်နာရီဝက်လောက်ကို အလုပ်တဖက်နဲ့ ပြောဖြစ်ခဲ့ပေမယ့် တစ်ခုခုတော့ ကျွန်တော်ရလိုက်တယ် ခေါင်းထဲကို အတွေးတစ်ခုက ဖျတ်ခနဲ ဝင်လာတယ် ငါ နှစ်၃၀လုံးလုံး မြစ်တစ်စင်းကိုများ တည်ဆောက်နေမိတာလားလို့သူငယ်ချင်းဆိုပေမယ့် ကျွန်တော့်ထက် ၈နှစ်ငယ်ပါတယ် ဒါပေမယ့်သူ့ အတွေးအခေါ်က ကျွန်တော့်ထက် ၈နှစ်ကြီးတယ်။



ကျွန်တော်စာမဖတ်ဖြစ်တာ တော်တော်ကြာပါပြီ စာလဲမရေးဖြစ်ဘူး ဘာအတွက် အသက်ရှင်နေရတာလဲဆိုရင် ရယူခြင်းအတွက်လား ပေးဆပ်ခြင်းအတွက်လားဆိုရင် ကျွန်တော့်မှာ အဖြေမရှိပါဘူး ကျွန်တော်ရှင်သန်ခဲ့တဲ့ နှစ် ၃၀ မှာ ကလေးဘဝကလွဲရင် ကျန်တဲ့အချိန် တော်တော်များများ အလဟသ ဖြုန်းတီးခဲ့တာ ဒီမှာနေခဲ့တဲ့ ၃ နှစ်အပါ့အဝင်ပေါ့။



ကျွန်တော်အခု တစ်နေရာကို သွားချင်နေတယ် အဲ့ဒီ့နေရာမှာ ကျွန်တော်ရှင်သန်ချင်နေတယ် ကျန်ရှိနေတဲ့အချိန်ကို အဲ့ဒီ့နေရာလေးမှာ ကုန်ဆုံးစေချင်တယ် ကျွန်တော် မျှော်လင့်ချက်ပေါ့ ကျွန်တော်ကလေးဘ၀ ၇နှစ် အရွယ်က ၂ နှစ်တာနေခဲ့ရတဲ့ ပြန်မရနိုင်တော့တဲ့ အိမ်မက်လေးတစ်ခုပါ ခုအချိန်ထိ ကျွန်တော်တမ်းတနေဆဲပါ ပြန်မရနိုင်မှန်းသိပေမယ့် အဲ့ဒီဘ၀လေးကို ပြန်တွေးကြည့်လိုက်ယုံနဲ့ ကျွန်တော်ကြည်နူးမိတယ်။



အဲ့ဒီအိမ်လေးကနေ လှမ်းကြည့်လိုက်ရင် မှိုင်းညို့ညို့တောင်တန်းကြီးတွေမြင်နိုင်တယ် ဧရာဝတီမြစ်ပြင်ကျယ်ကြီးကိုလဲမြင်နိုင်တယ် အိမ်နဲ့ခပ်လှမ်းလှမ်းမှာ စိုက်ခင်းတွေရှိတယ် မြစ်ရေကျသွားလို့ ပေါ်လာတဲ့သောင်ပြင်မှာ စိုက်ပျိုးထားတာ ခရမ်း၊ငရုပ်၊ကြက်သွန်၊ပြောင်း ပြီးတော့ဒေသထွက်ကုန် မုန်ညှင်း၊ပန်းအာလူး အဲ့ဒီ့စိုက်ခင်းတွေကို ခူးယူနိုင်တယ် ဘယ်သူမှတားမြစ်ချက်မထားဘူး ငါ့အခင်း သူ့အခင်း အငြင်းမပွားဘူး သောင်ပြင်မှာကစားလို့ရတယ် ထင်းကောက့်လို့ရတယ် ပုရစ်ဖမ်းလို့ရတယ် ဍကောက်အညွန့်တွေ ခူးလို့ရတယ် ရေစပ်မှာငါးဖမ်းလို့ရတယ် ကျွန်တော့်တို့အခေါ်ဟင်္သာ (အမှန်ကတော့ ရေဘဲတွေပါ) တွေနဲ့ဆော့လို့ရတယ်။



ရောင်ရဲခြင်းဆိုတာ အဲ့ဒီ့နေရာလေးမှာ ဖေါဖေါသီသီရှာတွေ့နိုင်တယ်ဗျ ခင်ဗျားတို့အပြောနဲ့ဆို မဖွံ့ဖြိုးမတိုးတက်သေးတဲ့ဒေသ အဲ့ဒီ့မှာ ငြိမ်းချမ်းရေးဆိုတဲ့ ပန်းတွေလှိုင်လှိုင်ပွင့်နေတယ်  


အေးချမ်းမှုအပေါင်းခညောင်းနေတယ် ပကာသနတွေ ရုပ်ဝတ္တုပစ္စည်းတွေ အာဃာတတွေ အကုန်လုံး ပျောက်ဆုံးနေတယ် ငြိမ်းအေးတဲ့နေရာ အေးမြတဲ့ဒေသ ကြည်နူးဖို့ကောင်းတဲ့အရပ် ကျွန်တော်ကြိုးစားပြီး ရောက်အောင် သွားပါမယ် ကျွန်တော့်ဘဝကို အဲ့ဒီ့ဒေသရဲ့ ရင်ခွင်မှာပဲ ခေါင်းချချင်တယ်။

ဝိုင်း at 3:27 AM



Ps :  ကျွန်တော်အလုပ်မရသေးတာနဲ့ စိတ်ညစ်နေတာနဲ့ ပေါင်းသွားပြီး stress  ရနေတယ် တစ်ယောက်ထဲနေရင်တော့ ဘီယာ၄လုံးလောက်သောက်ြပြီး ထိုးအိပ်ပြစ်လိုက်ချင်ပေမယ့် မိဘနဲ့နေတော့ လူလိမ္မာမဖြစ်ရင်တောင် အစစအရာရာ ဆင်ချင်နေရတယ် မိဘမှမဟုတ်ပါဘူး အသက်ကြီးလာလေ ပတ်ဝန်းကျင်ကို အလေးထားတက်လာလေ အဲ့ဒါကကျွန်တော့်အားနဲချက်ဆိုတော့ Stress ပိုရတာပေါ့ဗျာ..


အိပ်မရတော့ Blog ဝင်ဖတ်တော့ ဒီ Post ဖတ်ရင်းနဲ့ အဲ့အချိန်ကိုသတိရနေမိတယ် Malaysia မှာ အလုပ်သွားလုပ်တော့ သူငယ်ချင်းပေါင်းစုံတွေ့ရတယ် အများစုကပျက်စီးနေပေမယ့် ကျွန်တော်ကကံကောင်းစွာ လူကောင်းတွေနဲ့ပဲတွေ့ရတယ်..


အပေါင်းအသင်းထဲမှာ ကျွန်တော်အဆိုးဆုံး အလုပ်ထဲမှာရော Hostel မှာရော ဗိုလ်ကျတယ် အလုပ်မှာဆို သူဌေးကို Complain တက်တယ်၊ (လစာပေးခိုင်းထားတာတောင် ခင် နင်အဆင်ပြေရဲ့လား တစ်လတစ်ခါမေးနေရတယ်၊ မျက်နှာမကောင်းရင် GM က ခင် နေမကောင်းဘူးလား ဆေးခန်းပြမလား Account တွဲလုပ်တဲ့ မလေးမလေးက ခင် အလုပ်များရင် ငါကူလုပ်ပေးမယ်လေဆိုးပြီး Invoice တထပ်ဆွဲယူသွားရော)..


ထမင်းဟင်းချက်မစားဘူး ဝယ်စားတယ် ပိုက်ဆံနည်းနေရင် ညဘက်ဆိုခေါက်ဆွဲပြုတ်စားတယ် သူငယ်ချင်း၂ယောက်က မနေနိုင်ဘူး ညဘက်ထမင်းစားရင် အတူတူစားခိုင်းတယ်၊ ( သူများတွေကပိုက်ဆံစုမိအောင် ကိုယ့်ဘာသာချက်စားတယ် ကျွန်တော်ကတော့တနေ့တမျိုး ဆိုင်ပေါင်းစုံကနေ ဝယ်စားတယ်.. )



စိတ်ညစ်ရင်ဘီယာသောက်တယ် (Presser မရလိုက်နဲ့ အလုပ်ပြန်ရင် Seven Eleven ကနေ ၂ဘူးဝယ်လာပြီး Hostel ရှေ့အုတ်ခုံမှာထိုင်သောက်တော့တာပဲ စကားဝါနံသင်းသင်းလေးရယ်၊ ခပ်လှမ်းလှမ်းမှာမြင်နေရတဲ့ တောင်တွေကိုလွမ်းမိတယ်) ကျွန်တော်မအိပ်ရင် ကျန်တဲ့၂ယောက်ပါမအိပ်ရှာဘူး တစ်ခုခုဖြစ်သွားမှာစိုးရိမ်လို့ အိပ်ဖို့စောင့်နေပေးတယ် ဝိုင်း အလုပ်မှာဘာဖြစ်လာလို့လဲဆိုပြီး စိုးရိမ်ပေးရသေးတယ် အခုအချိန်ထိ သူတို့၂ယောက်လုံး အိမ်ထောင်ကျသွားတာတောင် ကျွန်တော့်ကို စိတ်ပူပေးနေရတုန်း..


မြန်မာ၊မလေး၊တရုတ် သူငယ်ချင်းအကုန်လုံး၊အလုပ်ထဲက Partner ကျွန်တော့်ကိုအနစ်နာခံပြီး ဂရုစိုက်ပေးခဲ့တာ အဲ့လူတွေကိုပစ်ထားခဲ့ပြီး ဒီပြန်လာခဲ့မိတာ ကျွန်တော်နောင်တခဏခဏရမိတယ်ဗျာ (သတိရတိုင်း ကန်တော့ဗျာ ဟိုအကောင်ကိုဆဲမိတယ် ကျွန်တော်သာအဲ့အချိန်က မွှန်ပြီးပြန်မလာဖြစ်ရင် ဘဝကအခုထက်သာယာမယ်လို့ ထင်နေတုန်းပဲ) အခုတော့ အကုန်လုံး သူငယ်ချင်းတွေရော Partner တွေရောတနေရာစီ ရောက်နေပါပြီဗျာ..။

Goodnight အိပ်တော့မယ်ဗျာ အဲ့အချိန်လေးကို လွမ်းရင်းနဲ့...

Sunday, August 27, 2017

အမှတ်တရ ၁/၂၀၁၀။

 Thursday, August 26, 2010

money less ဖြစ်နေပြီဗျာ။


ပိုက်ဆံကပဲ ခြေထောက်ပေါက်တာလား

ကိုယ်ကပဲ စည်းကမ်းမရှိတာလား မသိတော့ပါဘူး

money less ဖြစ်နေပြီ

အိမ်မပို့တော့လဲကုန် အိမ်ပို့တော့လဲ ဘုရားစူး

ဒါတောင် 1/4 ၁နှစ်မှ ၄လ လောက့်

ဟူး.. ကိုယ်လေ တောထဲမှာပဲနေတော့မယ်နော်

အရိုးလိုပေါ့ကွာ ကျားကြီးပဲကိုက်ပါစေ

Plaza, Market တွေနဲ့ဝေးရင်ရပြီ

ကိုယ်သိပ့်တော်တာပဲ B.M နဲ့ကျောင်းပြီးထားတော့

Income ထက် Expenses ကျော်အောင်သုံးတတ်တယ်ဗျ   : (

အဖေရေကယ်ပါအုံး ကိုယ့် Wallet က အဖေလေ

Cash ဆိုခြေထောက့်ပေါက်တယ်

အဲ Cheque ဆိုတော့ ATM အတောင်လေးနဲ့

ဘယ်သူမှ ကိုယ့်အနားမနေဘူးဗျာ

ပြေးလိုက်တာ အရိပ်တောင်မကျန်ဘူး

ငါ့ထိုက်နဲ့ငါကံ ပေါ့

သားကြီးသီချင်းမဟုတ်ဘူးဗျ   : )

တော်ပါပြီ စိတ်နာတယ်သူ့ကိုအသဲထဲမှာ။   : (

ဝိုင်း at 6:57 PM

Ps : Sorry ဗျာ ကျွန်တော်စာရေးဖို့ အပျင်းထူနေတော့ Post အဟောင်းတွေပဲ ပြန်မလာမိတယ်ဗျာ။








Thursday, August 24, 2017

ကျေးဇူးတင်ပါတယ်






 ကိုယ့်ကို ကူညီပေးတဲ့သူကို ကျေးဇူးတင်ထိုက်သလို 

ကိုယ့်ကိုပြစ်တင်ရှုံ့ချပေးတဲ့သူကိုလဲ ပိုပြီးကျေးဇူးတင်ရမှာပါ အဲ့လူကြောင့် 

ငါဘာကောင်လဲလို့ ကိုယ့်ဘာသာ ပြန်မေးကြည့်မိသွားတာပါ ရလဒ်ကောင်းပါ။



၁နှစ်ကျော်ြပြီ ကျွန်တော်မေတ္တာဆိုတာရောင်ပြန်ဟပ်တယ်ဆိုတဲ့ 

ခပ်တိမ်တိမ်အတွေးကို ခေါင်းထဲအသေရိုက်သွင်းြပြီး ခင်ဗျားကို မျှော်လင့်တစ်ကြီး

စောင့်နေမိခဲ့တာပါ.. 



မနေ့ကမှ သိလိုက်ရတယ် ကျွန်တော်က ယောင်္ကျားတစ်ကာနဲ့

 လိုက်အိပ်နေတဲ့ဖာသာသာမိန်းမဆိုတဲ့ ခင်ဗျားခေါင်းထဲကအတွေးကို 

ဖာသည်မလို့ ကျွန်တော့်ကိုမဆဲသွားတာကို ကျေးဇူးတင်ပါတယ်.. 



(စေတနာရောင်ပြန်ဟပ်တာပေါ့ဗျာ ကျွန်တော်ကထွန့်ထွန့်လူးနေပြလိုက်မိတော့  

ဒီကောင်မလူတိုင်းကို အဲ့လိုပလူးနေတယ်ထင်တာ ဖြစ်သင့်ပါတယ် 

ကျွန်တော်ဘက်က စောက့်ရှက်မရှိချစ်ပြလိုက်မိတာလေ။)

ငယ်ငယ်တုန်းကတော့ အဲ့လိုမိန်းမတွေကို အရမ်းမုန်းမိတယ် 

ယောင်္ကျားထည်လဲတွဲတဲ့ မိန်းမပျက်တွေလိုသဘောထားခဲ့မိတယ် 

တဖြည်းဖြည်းကြီးပျင်းလာတော့ သူတို့ကိုအားကျမိတယ်

ကျွန်တော်ချစ်ခဲ့မိတဲ့ လူတွေကအဲ့လိုမိန်းမတွေကိုပဲ အမြတ်တနိုး 

တန်ဘိုးထားတာပါ..



သူတို့တန်ဘိုးထားတဲ့ ယောင်္ကျားတစ်ကာနဲ့လိုက်အိပ်နေတဲ့ မိန်းမပျက်

 ကျွန်တော်တကယ်ဖြစ်ချင်ပါတယ် ယောက်င်္ကျားတွေကိုပိုက်ဆံပေးဝယ်လို့ရတဲ့

 ရုပ်ဝတ္တူလိုသဘောထားချင်လို့..



စောက်သုံးမကျတဲ့ကျွန်တော်က အဲ့လိုယောင်္ကျားတစ်ကာနဲ့ပလူးချင်ပေမယ့် 

သစ္စာဆိုတဲ့ စောက်သုံးမကျတဲ့တရားကို အခုအချိန်အထိဖက်တွယ်နေတုန်း 

ရိုးသားတယ်ဆိုတာကို ဂုဏ်တစ်ရပ်လို ဖက်တွယ်မိနေတုန်း..

တန်ပါတယ် တကယ်တန်ပါတယ် တစ်ဘဝလုံးစာအတွက့် 

အဲ့လိုအပြောခံလိုက်ရတာ ခင်ဗျားအရည်အချင်း ခင်ဗျားဘုန်းကံက

 ကျွန်တော့်ထက် မတန်တဆမြင့်မားနေလို့ ကံတရားက ကျွန်တော်ဆိုတဲ့ 

ကျက်သရေမရှိတဲ့မိန်းမကို (ခင်ဗျားပြောလိုက်တဲ့ ယောင်္ကျားတစ်ကာနဲ့ 

လိုက်အိပ်နေတဲ့ မိန်းမကို) ဖယ်ထုတ်လိုက်တာပါ..

ကျွန်တော်ဆိုတဲ့အကောင်က အရှက်နဲ့လူလုပ်တာပါ ကျေးဇူးတင်ပါတယ်ဗျာ။






Tuesday, August 15, 2017

လူ






 အရမ်းလူပီသလွန်းခဲ့လို ထိကရုန်းလို အသားလွတ်တက်နင်းခံရတယ်
တခဏနေတော့ နောက့်ထပ်တစ်ယောက်က အပျော်တမ်းတက်နင်းပြန်တယ်လေ
နင်းတဲ့လူအပြစ်လား လူပီသလွန်းတဲ့ကျွန်တော့်အပြစ်လား အာကောင်ခြစ်အော်မေးလိုက်တော့ နင်ကလူပီသတာကိုတဲ့..



နောက့်ဘဝလူထပ်ဖြစ်ရင်တောင် လူပီသနေအုန်းမှာတဲ့ အဲ့စကားသံက လက်ကျန်အချိန်တွေကို စုတ်ဖြဲသွားတယ်
လူပီသတဲ့လူဖြစ်ရင်တောင် ကျွန်တော်ယုတ်မာပါရစေလို့ တောင်းပန်လိုက်မိတယ်..



လူယုတ်မာထက် ရက်စက်တဲ့သူကိုကျွန်တော်သွေးခြောက်ခမ်းသွားအောင် ကြောက်မိလို့လေ ရက်စက်ပါတယ်ဆိုမှ အဲ့လူကသွေးအေးတော့ ကျွန်တော်လိပ်ပြာလွင့်စင်သွားတာ မသိဘူးလားလို့ စူးစူးဝါးဝါးအော်ဟစ်လိုက်မိတယ်..



လူတစ်ယောက်ကို တစ်ခါသတ်တာနဲ့ လုံလောက်ပါြပြီ အကြိမ်ကြိမ်အခါခါသတ်ခံနေရတာ ကျွန်တော်ကရန်သူကြီးလား
ခပ်သော့သော့ရယ်သံဖုန်းလွှမ်းသွားတယ် နင်ကလည်စင်းပေးြပြီးမှ ကယ်ပါအုန်းအော်နေရအောင် ငါကဘုရားသခင်မဟုတ်ဘူးလေ..



အသံကြားရာစီတဟုန်းထိုးပြေးြပြီးတော့ လည်ြမြိုကိုညှစ်လိုက်မိတယ် နာကျင်မှုခံစားလာတော့မှ ကျွန်တော့်လည်ပင်းမှာသွေးတွေစီးကျနေတယ် ရိုးသားမှုတစ်ခုကလွဲရင် နင်ဟာမာန်နတ်ရဲ့သမီးတော်ဆိုတဲ့စကားသံ ပဲ့တင်သွားတယ်..



အင်္ဂါန့မှာမွေးတယ် အင်္ဂါနာမည်ပေးလို့မရဘူး မွေးတဲ့နက္ခတ်ကြဂြိုဟ်ဆိုးလို့ လောကြီးကိုဒုက္ခပေးမှာစိုးရိမ်ြပြီး နာမ်နှိမ်တဲ့အနေနဲ့တနင်္လာနာမည်ပေးခဲ့တယ် အဲ့ဒါတောင်အခုအချိန်ထိ ကျွန်တော်ချစ်တဲ့လူတွေကို ကျွန်တော်ကိုယ်တိုင်ဒုက္ခပေးနေတုန်း..



တကယ်ချစ်တယ်ဆို ကျွန်တော်နဲ့ဝေးရာမှာနေပေးပါ ခင်ဗျားထိခိုက်ရင် ကျွန်တော်လဲနာကျင်ရပါတယ် အရာဝတ္တူတစ်ခုဟာ ပကတိပဲအကောင်းဆုံးပါ ပွန်းပဲ့သွားရင် တချိန်မှာပျက်စီးသွားနိုင်တယ်..





Sunday, August 13, 2017

နွေဦး





 

ဝန်ခံပါတယ် 
သူဖုန်းခေါ်လို့ ကျွန်တော်အရမ်းပျော်သွားပါတယ်
အဲ့စကားသံမကြားရတာ ၉လဆိုတာ သတိရနေမိတယ်
မှတ်မထားပေမယ့် မသိစိတ်မှာ ရက်စွဲတွေနစ်မြုပ်နေတုန်းပဲဗျာ

အချစ်ဆိုတဲ့ခံစားမှုကြောင့် 
ကျွန်တော့်ကိုရော သူ့ကိုရော နောက်တဖန်မပူလောင်စေချင်တော့တာပါ
တနေ့တော့ သတိရတယ်ဆိုတဲ့နေရာလောက်မှာ သူလည်းရပ်တန်နိုင်မှာပါ
သာယာတဲ့နွေဦးအချိန်တော့ လူတိုင်းပိုင်ဆိုင်ခွင့်ရှိပါတယ်

ကျွန်တော်ကတော့ အချစ်ဆိုတဲ့ခံစားချက်ကြောင့် အရူးတပိုင်းဖြစ်ဘူးသလို
အဲ့ခံစားချက်ကြောင့်ပဲ ရင်ကျတ်သွားခဲ့သူပါ။

Just : 12th August 2017

Wednesday, August 9, 2017

ရွှေလသာမှ








 
Rest In Peace 

Ko Khine Htoo



မနေ့က ရွှေလည်တိုင်ကို Blog မှာတင်မိတယ် BKK က ပြန်လာတယ်ဆိုထဲက မမျှော်လင့်တော့ပါဘူး ကင်ဆာပြန့်နေြပြီဆိုတော့..

ဆေးရုံကပုံတွေမြင်ရတော့ စိတ်မကောင်းဘူးဗျာ လူအသက်မရှိတော့ဘူးလေ ဆေးအသက်ပဲကျန်တော့တာ..

 သူ့သီချင်းတွေအများကြီးပါ ကျွန်တော်က Feel တစ်လိုင်းဆိုတော့ ရွှေလည်တိုင် ရွှေလသာ စစ်ကိုင်းလမ်းသီချင်းတွေကို ပိုကြိုက်မိတယ်..

ကိုခိုင်ထူးရေ အေးအေးချမ်းချမ်းဖြစ်သွားပါြပြီ ဘဝသစ်မှာလဲ ဒီလိုအဖိုးတန်တဲ့ အနုပညာရှင်ဖြစ်ပါစေဗျာ.. 😔😔



Saturday, August 5, 2017

မိန်းမဆိုး





ရင့်ကျက်ခြင်း ပိုက်ဆံပေးလို့ရရင်အဲ့စကားလုံးကိုအပိုင်သိမ်းထားချင်မိတယ် သံယောဇဉ်ကြီးသလို အတ္တလဲကြီးတက်သူ အချစ်ဆိုတဲ့ခံစားချက်အောက်မှာနစ်မွန်းနေတဲ့အချိန် အဆိပ်မဲ့ပေမယ့် အမုန်းစည်းကျော်လွန်သွားရင်တော့ ​ေမြွဆိုးတစ်ကောင်လို့


ဘုရားနားညီးတာသိပေမယ့် တပည့်တော်ဆုတောင်းပါရစေ
ကိလေသာမကုန်နိုင်သေးရင်တောင် ရင့်ကျက်မှုလေးတစ်ခုတော့ပေးသနားပါ လူဆိုတဲ့သတ္တဝါကို ကျွန်တော်မပျက်စီးနိုင်အောင်ပါ။



Ps : တချိန်ကပြောခဲ့ဘူးတယ် နင်သေရင်တောင် ငါမျက်ရည်မကျဘူးဆိုတဲ့စကား အခုတစ်ခါ ထပ်ပြောလိုက်ပါတယ် အသက်ရှင်နေ့သမျှ အဲ့စကားကိုဘယ်သူ့ကိုမှထပ်မပြောတော့ပါဘူးလို့ သစ္စာဆိုပါတယ်။

Friday, August 4, 2017





 
3. Aug.2017
04:45 AM

 ````Case Collision ´´´´
and than
Cargo Oil Pollution......

MT GLOBAL APOLLON and
MV KOTA GANTENG
လူ​တွေအန္တရာယ်​ ကင်းပါသည်​။

Credit#


တော်သေးတာပေါ့ဗျာ Vessel ၂စင်းလုံး အန္တရာယ်ကင်းတယ်ဆိုတော့ ဘာပဲဖြစ်ဖြစ် သူတို့မိသားစုတွေအတွက့် ဝမ်းသာမိပါတယ်။

ကျွန်တော်က သာမန်လူတစ်ယောက်ဆိုပေမယ့် ဝမ်းသာစရာရှိရင်လဲ ပျော်ရွှင်တက်ြပြီး ဝမ်းနည်းစရာရှိရင်လဲ စိတ်မကောင်းဖြစ်မိပါတယ် စိုးရိမ်စရာရှိရင်လဲ သူများထက်ပိုစိုးရိမ်တက်ပါတယ်။

ဒီ Post ရေးလို့ မျှော်လင့်နေတုန်းပဲ မဟုတ်ပါဘူးဗျာ တစ်ခါတလေတိုက်ဆိုင်မှုရှိရင် သတိရမိတယ် ဒီလောက်ပါပဲ လူဆိုတော့လည်း အနေကြာသွားတော့ အနည်ထိုင်သွားတာပေါ့ဗျာ။

ဘယ်သူ့ကိုမှ မျှော်လင့်ချက်မပေးခဲ့သလို ကျွန်တော်ကိုယ်တိုင် ဘယ်သူ့ကိုမျှ အချိန်အကြာကြီး စောင့်စားနေတဲ့သူ မဟုတ်ပါဘူး။

#Thanks God, Because you saved to them.#



Wednesday, August 2, 2017

သမိုင်း




 2nd August 2017
Wednesday.
13,103 days,
I spend many days and times. 
If I alive may be limited,
I have only 1,497 days to alive .
But I didn't sad for it,
Because I waste many times for the nothing matter.
Thanks God, you gave me everything to alive,
So, now I give you back all things to grow up.

ဩဂုတ်လ ၂ရက်နေ့ ၂၀၁၇ခုနှစ်
ဗုဒ္ဓဟူးနေ့
၁၃,၁၀၃ရက်
ကျွန်တော်ဖြတ်သန်းခဲ့တဲ့အတိတ်
အကယ်၍များ ကျွန်တော်ရှင်သန်ခွင့်ကကန့်သတ်ချက်ရှိခဲ့ရင်
၁,၄၉၇ရက်မှာ ကျွန်တော်ဘယ်လိုဖြတ်သန်းမှာလဲ
ကျွန်တော်ရှင်သန်ခွင့်ရခဲ့တဲ့ အချိန်ကာလမှာတည်ရှိတဲ့အရာအားလုံးကို
ချန်ထားရစ်မှာပါ ဖက်တွယ်ထားရအောင်ကျွန်တော်မြငြိတွယ်တော့ပါဘူး
ရွှေထီးလဲဆောင်းခဲ့သလို မြေကြီးထဲရောက်ခဲ့တာဟာ ကျွန်တော့်သမိုင်းပါ။