အရမ်းလူပီသလွန်းခဲ့လို ထိကရုန်းလို အသားလွတ်တက်နင်းခံရတယ်
တခဏနေတော့ နောက့်ထပ်တစ်ယောက်က အပျော်တမ်းတက်နင်းပြန်တယ်လေ
နင်းတဲ့လူအပြစ်လား လူပီသလွန်းတဲ့ကျွန်တော့်အပြစ်လား အာကောင်ခြစ်အော်မေးလိုက်တော့ နင်ကလူပီသတာကိုတဲ့..
နောက့်ဘဝလူထပ်ဖြစ်ရင်တောင် လူပီသနေအုန်းမှာတဲ့ အဲ့စကားသံက လက်ကျန်အချိန်တွေကို စုတ်ဖြဲသွားတယ်
လူပီသတဲ့လူဖြစ်ရင်တောင် ကျွန်တော်ယုတ်မာပါရစေလို့ တောင်းပန်လိုက်မိတယ်..
လူယုတ်မာထက် ရက်စက်တဲ့သူကိုကျွန်တော်သွေးခြောက်ခမ်းသွားအောင် ကြောက်မိလို့လေ ရက်စက်ပါတယ်ဆိုမှ အဲ့လူကသွေးအေးတော့ ကျွန်တော်လိပ်ပြာလွင့်စင်သွားတာ မသိဘူးလားလို့ စူးစူးဝါးဝါးအော်ဟစ်လိုက်မိတယ်..
လူတစ်ယောက်ကို တစ်ခါသတ်တာနဲ့ လုံလောက်ပါြပြီ အကြိမ်ကြိမ်အခါခါသတ်ခံနေရတာ ကျွန်တော်ကရန်သူကြီးလား
ခပ်သော့သော့ရယ်သံဖုန်းလွှမ်းသွားတယ် နင်ကလည်စင်းပေးြပြီးမှ ကယ်ပါအုန်းအော်နေရအောင် ငါကဘုရားသခင်မဟုတ်ဘူးလေ..
အသံကြားရာစီတဟုန်းထိုးပြေးြပြီးတော့ လည်ြမြိုကိုညှစ်လိုက်မိတယ် နာကျင်မှုခံစားလာတော့မှ ကျွန်တော့်လည်ပင်းမှာသွေးတွေစီးကျနေတယ် ရိုးသားမှုတစ်ခုကလွဲရင် နင်ဟာမာန်နတ်ရဲ့သမီးတော်ဆိုတဲ့စကားသံ ပဲ့တင်သွားတယ်..
အင်္ဂါန့မှာမွေးတယ် အင်္ဂါနာမည်ပေးလို့မရဘူး မွေးတဲ့နက္ခတ်ကြဂြိုဟ်ဆိုးလို့ လောကြီးကိုဒုက္ခပေးမှာစိုးရိမ်ြပြီး နာမ်နှိမ်တဲ့အနေနဲ့တနင်္လာနာမည်ပေးခဲ့တယ် အဲ့ဒါတောင်အခုအချိန်ထိ ကျွန်တော်ချစ်တဲ့လူတွေကို ကျွန်တော်ကိုယ်တိုင်ဒုက္ခပေးနေတုန်း..
တကယ်ချစ်တယ်ဆို ကျွန်တော်နဲ့ဝေးရာမှာနေပေးပါ ခင်ဗျားထိခိုက်ရင် ကျွန်တော်လဲနာကျင်ရပါတယ် အရာဝတ္တူတစ်ခုဟာ ပကတိပဲအကောင်းဆုံးပါ ပွန်းပဲ့သွားရင် တချိန်မှာပျက်စီးသွားနိုင်တယ်..
No comments:
Post a Comment