ဝန်ခံပါတယ်
သူဖုန်းခေါ်လို့ ကျွန်တော်အရမ်းပျော်သွားပါတယ်
အဲ့စကားသံမကြားရတာ ၉လဆိုတာ သတိရနေမိတယ်
မှတ်မထားပေမယ့် မသိစိတ်မှာ ရက်စွဲတွေနစ်မြုပ်နေတုန်းပဲဗျာ
အချစ်ဆိုတဲ့ခံစားမှုကြောင့်
ကျွန်တော့်ကိုရော သူ့ကိုရော နောက်တဖန်မပူလောင်စေချင်တော့တာပါ
တနေ့တော့ သတိရတယ်ဆိုတဲ့နေရာလောက်မှာ သူလည်းရပ်တန်နိုင်မှာပါ
သာယာတဲ့နွေဦးအချိန်တော့ လူတိုင်းပိုင်ဆိုင်ခွင့်ရှိပါတယ်
ကျွန်တော်ကတော့ အချစ်ဆိုတဲ့ခံစားချက်ကြောင့် အရူးတပိုင်းဖြစ်ဘူးသလို
အဲ့ခံစားချက်ကြောင့်ပဲ ရင်ကျတ်သွားခဲ့သူပါ။
Just : 12th August 2017
No comments:
Post a Comment