Saturday, August 5, 2017

မိန်းမဆိုး



ရင့်ကျက်ခြင်း ပိုက်ဆံပေးလို့ရရင်အဲ့စကားလုံးကိုအပိုင်သိမ်းထားချင်မိတယ်
သံယောဇဉ်ကြီးသလို အတ္တလဲကြီးတက်သူ
အချစ်ဆိုတဲ့ခံစားချက်အောက်မှာနစ်မွန်းနေတဲ့အချိန် အဆိပ်မဲ့ပေမယ့်
အမုန်းစည်းကျော်လွန်သွားရင်တော့ မြွေဆိုးတစ်ကောင်လို့
ဘုရားနားညီးတာသိပေမယ့် တပည့်တော်ဆုတောင်းပါရစေ
ကိလေသာမကုန်နိုင်သေးရင်တောင် ရင့်ကျက်မှုလေးတစ်ခုတော့ပေးသနားပါ
လူဆိုတဲ့သတ္တဝါကို ကျွန်တော်မပျက်စီးနိုင်အောင်ပါ။

Ps : တချိန်ကပြောခဲ့ဘူးတယ် နင်သေရင်တောင် ငါမျက်ရည်မကျဘူးဆိုတဲ့စကား
      အခုတစ်ခါ ထပ်ပြောလိုက်ပါတယ် အသက်ရှင်နေ့သမျှ အဲ့စကားကို
     ဘယ်သူ့ကိုမှထပ်မပြောတော့ပါဘူးလို့ သစ္စာဆိုပါတယ်။

No comments: