၃ရက်လောက်အိမ်ကလူတွေ နေမကောင်းလို့ နဲနဲပင်ပန်းသွားတာကို လူကရေလည်ပြိုင်းနေပြီ အဲ့ဒါနဲ့များဘဝတစ်ခု ထူထောင်ချင်သေးတယ် အဟတ် စိတ်ကူးယဉ်ချက်က အိုဇုန်းလွှာပါဖောက်ထွက်သွားတယ်..
ကျွန်တော်ရဲ့ပေါင်၁၁၀စီမံကိန်းက ပေါင်၁၀၀အောက်ရောက်သွားပြီ သူများတွေက ဝလာလို့စိတ်ညစ်နေတဲ့အချိန်မှာ ကျွန်တော်ကပေါင်၁၁၀လောက် လိုချင်တယ်ပြောရင် မိဘလုပ်စာထိုင်စားနေရင်း သူတို့အဆဲခံရမယ့်ဘဝရောက်မှာ ဟီး ဟီး အဆဲခံရမယ့်အတူတူ ကိုယ့် Blog ပေါ်မှာပဲ အဆဲခံလိုက်တော့မယ်..
အိပ်မရတော့ Blog ဝင်မွှေပေါ့ ဒါလဲအိပ်ဆေးတစ်မျိုးပဲ ဆေးကတော့တကယ်မသောက်ချင်ဘူး ဆေးဆိုတာကိုကြားကိုကြားချင်တော့တာ နေ့တိုင်းဆေးရုံ၊ဆေးခန်းသွားနေရတာ အလုပ်ထွက်တာ ကျန်းမာရေးတာဝန်ခံလုပ်ဖို့လား ကျွန်တော့်ဘာသာမေးယူရတော့မယ်
အကြိမ်အရေအတွက်တောင် မမှတ်မိတော့ဘူး ဆေးရုံ၊ဆေးခန်းရောက်တာ စောက့်မြင့်ကတ်အောင်ပြောလိုက်အုန်းမယ် ခဏခဏသွားရလွန်းလို့ MO လေးတောင် ကျွန်တော့်ကို Crush ချင်နေပြီဗျ..
စာရေးတော့မယ်ဗျာ 2011 vs 2017 ပေါ့ဗျာ ကျွန်တော်ကရူးပြီးသားဆိုတော့ ဖတ်ြပြီးခင်ဗျားတို့ရူးသွားရင်တော့ Sorry ပါဗျာ..
Thursday, September 8, 2011
ခပ်ညံ့ညံ့အကောင် ကျွန်တော်။
မှတ်တိုင် ၃၀မှာ
အပြုံးကအင်္သေချေ
ခေါင်းစဉ်မဲ့တာက
အနန္တ…
မချိပြုံး၊မဲ့ပြုံးက
အင်္သေချေမက…
၅နှစ်သားအပြုံးကို
ကျွန်တော်မပြုံးတက်တော့သလို
မချိပြုံး၊မဲ့ပြုံးလဲ
မပြုံးပြချင်တော့ဘူး အမေ…
ဒီလိုနဲ့
ခပ်ညံ့ညံ့လူတစ်ယောက်
မှတ်တိုင်တစ်ခုတိုးသွားတယ်
၃၁ တဲ့…။
4th Sep 2011
Sunday, 2:03pm.
( မှတ်တိုင်၃၀တဲ့ ခပ်ဟဟရယ်လိုက်မိတယ်
တုံးလိုက်တာချာတိတ်ရယ် သက်တမ်းတဝက်ကျိုးဖို့
ပြက္ခဒိန်၅ရွက်မဆုတ်ဖြဲခင်ကို ၅နှစ်သားအပြုံးပြုံးတက်ချင်သေးတယ် ကိုယ်တွေကတော့ဘဝဆိုတာ၄၀မှစတာလို့
လက်ခမောင်းခတ်ရင်းရင်ဘက်က ဖားဖိုလို့လှိုင်းစီးသွားတယ်။ )
14th Sep 2017
12:57 Am @ Ygn,MM)
September 8th အဖေ နဲ့ အမေ ကျေးဇူးအသင်္ချေပါ… ဘဝဆိုတာကို အသက် ၃၀ထိ မှောက်လိုက် လှန်လိုက် အတည့်ကြည့်လိုက် ဇောက်ထိုးဖတ်လိုက် လုံးလည်ခြာလည်လိုက်ရင်း ဘဝဆိုတာ ဘာလဲလို့ ခဏခဏပြန်မေးနေရတဲ့
ခပ်ညံ့ညံ့အကောင် ကျွန်တော့်မွေးတဲ့နေ့...
(အခုအချိန်မှာတော့ အဖေ၊အမေတင်မကဘူး ဘုရားနဲ့သေမင်းကို ကျေးဇူးတင်တယ် အရူးတစ်ယောက်ကိုရှင်သန်ခွင့်ပေးခဲ့သလို ကရုဏာမေတ္တာကိုပါပေးခဲ့လိုပါ ဘဝဆိုတာ ဘာမှမဟုတ်ပါဘူး သူ့ဘာသာတည်ရှိနေတဲ့ ဘ နဲ့ ဝ ကို ပေါင်းစပ်လိုက်တာပါ ကျွန်တော့တည်ရှိမှုကိုလဲ အဓိပ္ပါယ်မဖွင့်တော့ပါဘူး ပေါင်းစပ်ဖို့လဲမကြိုးစားတော့ဘူး တစ်ယောက်ထဲဂျွန်းပြစ်သွားမှာ စိုးရိမ်လို့..)
I hope last time could I get frosty shade for me always be
Now I got shade already but it can’t champion to me
May be I am egotism.
Nyawaykyal.
(Amazing, I didn't know how can I write like this
now I already idiot.)
အေးချမ်းတဲ့ အရိပ်တစ်ခုမှာ ထာဝရခိုနားဖို့ ကျွန်တော် အိမ်မက်တွေ မက်ခဲ့ဖူးတယ်…
လက့်တွေ့မှာ ကျွန်တော့်ကို အဲ့ဒီ့အရိပ်က ရပ်တည်ကာကွယ် မပေးနိုင်ခဲ့ပါဘူး…
ကျွန်တော်ပဲ အတ္တကြီးခဲ့တာ ဖြစ်မှာပါ။
ညဝေးကြယ်။ ။
(သောက်ကြီးသောက်ကျယ်ပြောတက်တဲ့ အကျင့်ကတော့ အရင်ကတည်းကပါလားဗျာ အခုတော့အပိုးကျိုးနေပြပြီ ကျွန်တော့်ဘာသာ သောက်သုံးမကျတာ လက်ခံသွားလို့..)
I AM THE KING OF MY KINGDOM!! : )
( Now I am The idiot of The Universe. )
ဒီနေ့ကစပြီးတော့ ကျွန်တော့်ကိုကျွန်တော် အုပ်ချုပ်ပြီ အမေ..။
ငါသည် ငါ၏ဘုရင်ဖြစ်၍
ငါသည် ငါ၏ပြည်သူဖြစ်၏။
ငါ့ကိုငါက အုပ်ချုပ်၍
ငါ့အလုပ်ကိုငါလုပ်ရပေတော့မည်။
တာရာမင်းဝေ။ ။
(ရွှေဘုန်းလူကိုဘယ်လိုမျက်နှာ ပြရမယ်မှန်းတောင်မသိတော့ပါဘူး အသက်ရှင်နေသေးရင်သူ့ကဗျာတွေနှစ်သက်ြပြီး သောက်တလွဲလုပ်နေတဲ့
အကောင်ကြောင့် သူ့ဘာသာသတ်သေသွားနိုင်တယ်ဗျ..)
အသက်တာ ၃၀ပြည့်သွားတယ် လူက ၃၀အတွေး မတွေးတက်သေးဘူး
အရာရာ အရင်ကအတိုင်းပဲ မနှစ်ကအတိုင်းပဲ အသက်တစ်နှစ်ကြီးတာက လွဲလို့..
ဒီအချိန်ထိ အိပ်ရေးမက်တုန်း ပိုက်ဆံဖြုန်းနေတုံး နေမကောင်းရင်
ဂျီကျတက်နေတုံး အရာရာကို ဒေါသကြီးတက်နေတုံး လောကဓံကို သီးမခံတက်တုံးလေ..
ကိုယ့်ခြေထောက်ပေါ် ခိုင်ခိုင်မာမာ မရပ်ချင်သေးဘူး အမှီကိုအမြဲ လိုအပ်နေတုံး
မရှိတဲ့သူထက် မသိတဲ့သူကခက်တယ်တဲ့ စကားပုံ ပြောင်းလိုက်ချင်တယ် မသိတဲ့သူထက်
သိပြီးမပြင်တဲ့သူ ပိုခက်တယ်လို့..
(ဒီအချိန်မှာတော့ ဘာမှထပ်မရေးတော့ပါဘူး ငတုံးတစ်ကောင်အတွက့် အရမ်းခမ်းနားသွားမှာစိုးရိမ်မိလို့..)
လူအ တစ်ယောက်ရဲ့ ပေါ့တီးပေါ့ဆ ညနေပေါ့
ပြန်မလာတဲ့ ဖိနပ်လေးအကြောင်းတွေးပြီး
ခုထက်ထိ သူ့ခြေထောက်ကို ရေဆေးနေတုန်း။
တာရာမင်းဝေ။
ညဏ်ရည်မမှီဘူး ပြောရအောင်လဲ ကိုယ့်ဘာသာ မဟုတ်ဖူးဆိုတာ သိတယ် IQ
ကသူများထက် ပြေးတယ် မပြေးတာက လူ.. ကိုယ့်ဘာသာ စိတ်မောမိတယ် ဘယ်လိုလုပ်ရမယ်မှန်း မသိတော့ပါဘူး..
အိမ်မှာနေရင် လူပိုကြီးမှန်းသိလို့ အိမ်ပြင်မှာနေတယ် လူပိုကနေ လူလိုကြီး ဖြစ်သွားတာပဲ
အဖတ်တင်တယ် လူဘေးနားက ပိုတဲ့ လိုတဲ့ စာလုံးကို မဖြုတ်ချနိုင်ဘူး လူဆိုတာမလုပ်ပြနိုင်သေးဘူး.. ငါမရှိရင် မဖြစ်ဘူးဆိုတဲ့ အခြေအနေ မရောက်နိုင်မှန်းသိပါတယ် ငါဆိုတဲ့ အသိအမှတ်လေးတော့ ရချင်ပေမယ့် ဒီအချိန်ထိ မဖြစ်လာနိုင်ဘူး...
ငါကွ.. ဆိုတဲ့ စကားလုံးကို စိတ်ကူးမှာ အကြိမ်တစ်ရာမက အော်ခဲဘူးတယ်
လက်သီးဆုပ်ပြီးတော့ I’m Champion ပေါ့ အပြင်မှာတော့ တိုးတိုးလေးတောင်
မရေရွတ်ရဲဘူး ရှက့်လို့ပါ.. ကိုယ့်ဘာသာတောင် မကာကွယ် မစောင့်ရှောက်နိုင်တာ
သူများကို ဘယ်လို စောင့်ရှောက်မလဲ ကာကွယ်ပေးနိုင်မလဲ..
အဖေပြောသလို တက်သမျှသင်တန်းတွေ နံရံကပ်ထားရင် Wallpaper ဖိုးသပ်သာမယ်တဲ့.. အပွင့်သိပ်မကားပါနဲ့တဲ့ သုံးလိုက်တဲ့ငွေတွေ ဖြုန်းလိုက်တဲ့ အချိန်တွေ ၂၇နှစ်ထိ.. ပြီးတော့အိမ်ပြင်ထွက်လာတယ် အချစ်ဆိုတဲ့ ထောင်ချောက်က်ထဲနစ်သွားလိုက်တာ ၃၀ ရောက်ရော ဒီအချိန်မှ မပြင်ရင် နောက့်ဆိုတာ ကျွန်တော့်အတွက် အခွင့်အရေးမရှိတော့ဘူးလေ..
ကိုယ့်ဘာသာ ဗျူဟာခင်းထားပါတယ် လူနဲ့စိတ်နဲ့ တိုက့်ရမယ့် စစ်ပွဲမှာ ရှုံးနိပ့်ရင် ဘဝဆိုတာ မရှင်သန်နိုင်တော့ဘူးလေ ဘဝမှာ အင်္သေချေရှုံးခဲ့ပေမယ့် ဒီတစ်ပွဲတော့ နိုင်ချင်ပါတယ်.. ဒီပွဲမှာအနိုင်ရမှ ရပ်တည်နိုင်မှာပါ မှတ်တိုင် ၃၀ပြည့်ပြီပဲ သရေလောက့်တော့ အနိပ့်ဆုံး ကြိုးစားတိုက်ရတော့မယ်...
(တစ်ခုပဲအသေကြိုက်တယ် အပွင့်မကားနဲ့တဲ့ သောက်ရေးမပါတာတွေ အခုအချိန်ထိလုပ်နေမိတုန်း အပွင့်ကားတော့ မြန်မြန်ကြွေကျတာပေါ့ဗျာ..)
ငါ့ရိပ်မြုံကို
ရုပ်ပုံစာတမ်း
ဘာမှမကပ်တမ်း
လမ်းဘေးမှာ မြက်ဖြင့်ဆောက်မည်။
တာရာမင်းဝေ။
(ရွှေဘုန်းလူရေ ကျွန်တော်ကတော့ မြက်တောင်မရှာနိုင်လို့ မြက်ခြောက်နဲ့ပဲ ဆောက်ပါတော့မယ်ဗျာ..)
“ ၈၊စက်တင်ဘာ၊၂၀၁၁။ အသက် ၃၀ ပြည့် အမှတ်တရ... ”
8th Sep' 11 I am 30 years already not Girl I am lady already!! :(
Posted by ဝိုင်း at 5:30 AM
(အခုတော့အမှတ်တရဆိုတာ များများစားစားမသိမ်းဆည်းထားတော့ပါဘူး ရင်ဘက်ထဲထည့်ရမှာလေးလံလွန်းလို့ သူ့ဘာသာသိမ်းဆည်းတဲ့အရာကလွှဲရင် ကျွန်တော်ဘာမှမထည့်ထားတော့ဘူးဗျာ။)
Ps : မိုးမိုးသီချင်းအလွတ်ရအောင် ကျတ်ထားရတော့မယ်ဗျ၃၊၄နှစ်အော်ဆိုနေရပြီ ( အသက်လေးဆယ် လူတွေမေးတယ် ဘယ်တော့များမှ စားရမှာလဲ လူတွေမသိအောင် ဟန်ဆောင်ရြပြီ အပြုံးလေးနဲ့ လိမ်ရပြီ ) ဟား ဟား ကိုယ့်ဘာသာဆိုရင်း သဘောကျနေမိတယ်။