Friday, November 4, 2016

ကျွန်တော်လူယုတ်မာ




ပြုံးယုံတင် မကပါဘူး

ကျွန်တော် ခပ်တိုးတိုးလေး

ရယ်နေလိုက်ပါတယ်..

ဆုမတောင်းချင်တော့ပါဘူး

နောင်ဘဝဆိုတာ

အဝေးကြီးကျန်သေးတာပဲ..


ကျေးဇူးတင်ပါတယ်

အဲ့ဒီစကားလုံးတော့

ပြောခဲ့ပါရစေ..


တချို့လူတွေက

ယုတ်မာတယ်

တချို့လူတွေက

လှည့်စားတယ်

အဲ့ထက်ယုတ်မာပက်စက်တဲ့လူ

ကျွန်တော်ကတော့

ရိုးအခဲ့ပါတယ်..။


၄၊၁၁၊၁၆။

No comments: