Sunday, October 22, 2017

Last



ကန်တော်ကြီးပဲလေ့စ် မီးမလောင်ခင် အချိန်ကရိုက်ထားတာ အဲ့နေညက ည၁၂နာရီခွဲကျော်ကစြပြီး မီးပျက်သွားတာ ည၂နာရီလောက်အထိအိပ်လို့မရဘူး မီးကလဲပြန်မလာဘူး ကျွန်တော်နေတဲ့ပတ်ဝန်းကျင်တစ်ခုလုံး အမှောင်အတိကျနေတာကို သဘောကျပြီး အလင်းသဲသဲရှိတဲ့ကောင်းကင်ကို ရိုက်ထားလိုက်မိတာ..


မနက်အိပ်ယာနိုးမှ ည၃နာရီကျော်မှာ မီးလောင်မှန်းသိရတာ စိတ်မကောင်းဖြစ်မိပါတယ် ကျောင်းပြီးစအချိန် ၂၀၀၃၊၂၀၀၄ က ဒူဘိုင်းသွားမယ်ဆိုပြီး ဟိုတယ်သင်တန်းတက်ဖြစ်တော့ ကန်တော်ကြီးပဲလေ့စ်မှာ OJT တစ်လဆင်းဖြစ်တယ် ဟိုတယ်တစ်ခုလုံးနီးပါးကို ရောက်ခဲ့ဘူးတော့ တကယ်နှမြောတယ်ဗျာ..


ကျွန်တော်တောင် မနက်ဖြန်ဆိုတာ မသေချာမှန်းသိပေမယ့် အကုန်လုံးနီးပါး ဆုံးရှုံးသွားတာကို စိတ်မကောင်းဖြစ်မိပါတယ် တရားလဲကျမိပါတယ် အနှစ်၈၀ကျော်သက်တမ်းရှိတဲ့ဂဒီလိုအရာဝတ္တူတွေတောင် အချိန်မရွေးပျောက်ကွယ်သွားနိုင်တယ်ဆိုတာ ကျွန်တော်ဆိုတဲ့လူတစ်ယောက်လဲ အလားတူပျောက်ကွယ်သွားနိုင်ပါတယ်။


ကျွန်တော် Blog ရေးလာတာကြာပါပြီ စရေးတုန်းကတော့ ကိုယ့်အတွက်ပဲရေးမိတယ် နောက်ပိုင်းကျတော့ ကျွန်တော့်Exအတွက် ခံစားချက်တွေ ရေးဖြစ်တယ်ဗျာ..


အခုတော့ဒီ Blog မှာရေးစရာ ခံစားချက်လဲမရှိတော့ပါဘူး ရေးလဲမရေးချင်တော့ဘူးဗျာ
အရင် Blog တုန်းကတော့ ခံစားချက်လဲကုန်ရော အကုန်နီးပါး ပြန်ဖျက်ပြစ်တယ်ဗျ ဘယ်နှစ်ပုဒ်မှန်းတောင် မသိတော့ဘူး..


ဒီ Blog ကိုတော့ မှတ်မိသလောက့် ၅ပုဒ်၊၆ပုဒ်လောက်တော့ အရင်က ကျွန်တော်ဖျက်ခဲ့မိပါတယ် အမှတ်တရအနေနဲ့ ထားခဲ့မယ်လို့ ဆုံးဖြတ်ပြီး ၁ပုဒ်မှကို ထပ်မဖျက်တော့ပါဘူးဗျာ  Draft ထဲက၃ပုဒ်ပါ ကျွန်တော်ပြန်တင်ပေးထားပါတယ်..


နှုတ်ဆက်ခဲ့ပါတယ်ဗျာ ကျွန်တော်ဆိုတဲ့ကောင်မျိုးက ထိကရုန်းမဟုတ်တော့ ပတ်ဝန်းကျင်နဲ့ အသားကျအောင် နေလို့မရတဲ့သူမျိုးဆိုတော့ ကျွန်တော်ရှင်သန်လို့ရတဲ့ ဘဝမျိုးမှာပဲနေထိုင်ပါတော့မယ်ဗျာ။

Monday, October 16, 2017





ငယ်ငယ်ထဲက အမွှာဆိုရင် အရမ်းသဘောကျတာ Apps ကနေ အမွှာမွေးမယ်ဆိုတော့ ခဏရူးမိတာပါဗျာ..


တွေးမိလိုက်ပါတယ် လောလောလတ်လတ် ယူစရာမရှိသေးတော့ ဒီဇင်ဘာအမှီ လေဥဥပြီးမွေးရရင် ကောင်းမလားပဲ?


ပြီးတော့ရှိသေးတယ် အမွှာဆိုတော့ ယောင်္ကျားလေးတစ်ယောက် မိန်းကလေးတစ်ယောက်ဆို ဗိုက်နှစ်ခါမကြီးရတော့ဘူး စိတ်ကူးထားတာနဲ့ ကွက်တိပဲဗျ အဲ ယောင်္ကျားနှစ်ယောက်ဆိုမှ မျောက်မေမေဖြစ်နေမှာ မိန်းကလေးနှစ်ယောက်ဆိုရင်တော့ ကန်တော့ပွဲနှစ်ပွဲပေါ့ဗျာ..


အဲ့ဒါနဲ့တင် မပြီးသေးဘူးဗျ နာမည်လိုသေးတယ် ကျွန်တော်ကတော့ ယောင်္ကျားလေးကို နေဝန်းလို့ပေးမယ် ထက်ထက်မြက်မြက် ရှိတာပေါ့ မိန်းကလေးကို လဝန်းပေါ့အေးချမ်းစေချင်လို့ပါ အိမ်မှာတော့ သဲနဲ့သက်ပေါ့ နာမည်ကိစ္စလဲပြီးပြီ..


အဲ့မှာတင်စတွေ့တာပဲဗျာ...


သောက်တလွဲ Application မနေ့တနေ့က အမွှာမွေးခိုင်းတယ် ဒီနေ့ကျတော့ နောက်နှစ်မှ Relationship လုပ်ပါတဲ့??


လွယ်လိုက်တာဗျာ မနေ့တနေ့က အမွှာနှစ်ယောက်ကို ကိုဖိုးဇော်စီပဲပို့ရမလား မာမီကွတ်စီပဲပို့ရမလား မလုပ်ရက်ပါဘူးဗျာ ကျွန်တော်ပဲမွေးမှာပေါ့ မပေးရက်ပါဘူးဗျာ..



အဲ့လို Plan လဲချပြီးရော...

အခုလို သောက်ကြီးသောက်ကျယ်တွေပြောရော.. 

ဘယ်နှယ့်ဗျာ ကလေးနှစ်ယောက်နဲ့ ဖတ်သီလိုက်နေမှာ ဘယ်နားကသိန်းသုံးဆယ်ရှာနိုင်ပါ့မလဲ တစ်ယောက်ထဲတောင် မတ်တပ်အိပ်နေရတာ အမွှာနှစ်ယောက်နဲ့ဆို ဇောက်ထိုးမအိပ်ရရင်ကံကောင်းဗျ..

ကားတဲ့ ရယ်ချင်တယ် အရုပ်ကား ၁၉,၅၀၀တောင် မဝယ်နိုင်တဲ့ဘဝ အိမ်တဲ့အဲ့လိုခမ်းခမ်းနားနား မလိုချင်ပါဘူး အခန်းလေးတစ်ခန်းရှိရင်တောင် ကျေနပ်ပါပြီ လောလောဆယ်တော့ မိဘနဲ့ကပ်နေမှာပေါ့ဗျ အမွှာနှစ်ယောက်မျက်နှာနဲ့ နှင်မချလောက်ပါဘူးဗျာ..


Apps ကသောက်ကြီးသောက်ကျယ်တွေပြောလဲ ကိုယ့်အရည်အချင်းကိုယ်သိတော့ ရယ်နေရတာပေါ့ဗျာ..







အဲ့လိုစိတ်ကူးတွေယဉ်နေတုန်း..

တိုက်တိုက်ဆိုင်ဆိုင် အိမ်နီးနားချင်း အစ်မတစ်ယောက်က တနေ့ကအိမ်လာလည်ရော ကျွန်တော့်ထက် အသက်ရောအတွေ့အကြုံရော စီနီယာကျတယ်..


နင်ဒီအချိန်အထိ လူလွတ်ပဲဆိုတော့ ယောင်္ကျားမယူနဲ့ ရည်းစားပဲထားတဲ့..


တိန်

တစ်ယောက်ထဲ Lonely ကတော့ ဘယ်သူကနေနိုင်မလဲတဲ့ မနေနိုင်လဲနေရမှာပဲဗျ..


တကယ်လို့ ယောင်္ကျားယူမယ်ဆိုရင်တောင် ကလေးမယူနဲ့ နင့်အသက်နဲ့ ကလေးကိုဘယ်လိုပြုစု ပျိုးထောင်နိုင်မလဲတဲ့


Oh God!! ယောင်္ကျားယူပါတယ်ဆို ကလေးလိုချင်လို့ပေါ့ဗျာ


ကိုယ့်ဘာသာ မြည်ကြွေးလိုက်ပါတယ် သေဟဲ့နန္ဒိယ စိတ်ကူးထဲမှာတော့ ချိုလိမ်လေးတပ်ထားတဲ့ အမွှာလေးနှစ်ယောက် အမေဆဆိုပြီး မျက်ရည်တွေကျနေတာ စိတ်ကူးမိသွားတယ်..


အပြင်မှာတော့ ဘယ်တက်နိုင်မလဲ စိတ်ကူးတောင် မယဉ်ရဲတဲ့ဘဝဆိုတော့ မချိသွားဖြဲလေးနေလိုက်ရတယ်


ကျွန်တော့်စိတ်ကူးသာ အဲ့ဒီအစ်မသိရင် တော်တော်ရွတဲ့ကောင်မလို့ ချီးကျူးခံနေရမှာ မကြီးမငယ်အရွယ်မှ ရွလဲမရွချင်တော့ပါဘူးဗျာ..


ကိုယ့်ဘာသာတစ်ယောက်ထဲ သက်ပြင်းတွေချမိရင်း ငါ့မှာ Application က ပုံလေးကိုတောင် စိတ်ကူးမယဉ်နိုင်တဲ့ဘဝပါလားဆိုပြီး အခုတော့ နားပိတ်၊ပါးစပ်ပိတ်၊မျက်စိပိတ်ရင်း ကိုယ့်ဘာသာ နေတော့မယ်ဗျာ ပတ်ဝန်းကျင်ဆိုတာလဲ မရှိမကောင်း ရှိမကောင်းဗျ။

🤣🤣🤣🤣🤣




Sunday, October 8, 2017

တမ်းတမိတဲ့ သီတင်းကျွတ်အချိန်



The Thadingyut Festival (Burmese: သီတင်းကျွတ်ပွဲတော်), the Lighting Festival of Myanmar, 
is held on the full moon day of the Burmese Lunar month of Thadingyut. As a custom, it is held at the end of the Buddhist lent (Vassa) and is the second most popular festival in Myanmar after Thingyan Festival (New Year Water Festival). 
Thadingyut festival is the celebration to welcome the Buddha’s descent from the heaven after he preached the Abhidhamma to his mother,Maya, who was reborn in the heaven.

Thadingyut Festival
သီတင်းကျွတ်ပွဲတော်Also calledLighting FestivalObserved byMyanmarTypeBuddhistDateFull moon day of Thadingyut2016 dateOctober 16[1]2017 dateOctober 52018 dateOctober 24Related toVap Full Moon Poya (in Sri Lanka)
Wan Ok Phansa (in Thailand)
Boun Suang Huea (in Laos)

Credit : 
https://en.m.wikipedia.org/wiki/Thadingyut_Festival






ဒီနှစ်သီတင်းကျွတ်ပွဲတော် ပြီးသွားပြီ

ရေကျော်ပွဲစျေးတောင် မသွားဖြစ်ပါဘူး

အိမ်မှာပဲ ဖယောင်းတိုင်ထွန်း မီးပုံးထွန်းရင်း

ပွဲတော်ရက်ကို ကုန်ဆုံးဖြစ်သွားပါတယ်..

လပြည့်နေ့မှာ ဦးလေးအငယ်တွေ အဖေ့ကို

လာကန်တောတော့ မှတ်မှတ်ရရ အဘိုးကို

အရမ်းသတိရမိတယ် အဘိုးရှိစဉ်အခါတုန်း

က ကျောက်ရေတွင်းအိမ်မှာရော

ကျောက်မြောင်းအိမ်ရာက်တော့ရော

အဖေတို့ညီအစ်ကိုတွေ

သီတင်းကျွတ်လပြည့်နေ့တိုင်း မိသားစုစုံ

အညီနဲ့ အဘိုးနဲ့အဘွားကို ကန်တော့ရင်း

အဘိုးတို့အိမ်မှာတနေ့လုံး

ပျော်ပျော်ပါးပါးဖြတ်သန်းခဲ့ရတာ...


သီတင်းကျွတ်ရောက်တိုင်း အဘိုးနဲ့အဘွား

ဘက်က ဆွေမျိုးတွေလာကန်တော့မျှကို

အဘိုးကဘုရားကပ်ဖို့လောက်သာဖယ်ပြီး

ကျန်သမျှကိုအဘွားကို သုံးပုံပုံခိုင်ြးပြီး

သူ့သားသုံးယောက်ကို အိမ်အပြန်ထည့်ပေး

ခဲ့တာတွေ သားတွေက အဖေနဲအမေစားပါ

ဘယ်လောက်ပြောပြော နှစ်စဉ်နှစ်တိုင်း

မပျက်မကွက်ကြွေးသစ်ချသွား

အဘိုးဆုံးတဲ့အချိန်အထိ...


၂၀၀၃မှာ အဘိုးဆုံးသွားတော့ အဘွားပဲ

ကျန်ခဲ့တာ အဘွားစီသွားတိုင်း အဘိုး

အကြောင်းတွေ အမြဲပြောပြတယ် အတူနေ

မြေးတွေက နေ့တဒူဝဆိုတော့ နားညီးချင်

ညီးပေမယ့် တခါတလေလာလည်တဲ့ ကျွန်

တော့အတွက့်တော့ သီးသီးသန့်သန့်ကြီးမ

လုပ်ပေးခဲ့ပေ့မယ် ဂရုတစိုက်နားထောင်ပေး

ခဲ့မိတယ်...

ငယ်ငယ်တုန်းတုန်းက အတူနေမြေးတွေ

အပေါ် အချစ်ပိုခဲ့တဲ့အဘွားဟာ အဘိုးမရှိတဲ့

နောက်ပိုင်း သူ့အပေါ်ဂရုစိုက်တဲ့ မြေးတွေကို

ပိုပြီးသံယောဇဉ်တွယ်ခဲ့တယ် အဘိုးဆုံးပါး

သွားချိန် ဒီလိုရက်တွေကို အဘိုးအကြာင်း

တွေပြောပြရင်း သူတစ်ယောက်ထဲ အားတ

င်းပြီးဖြတ်သန်းခဲ့ရမှာနေမှာ...

အဘွားမဆုံးခင်သာ ဒီလိုနားလည်ခဲ့ရင်

အဘွားစီကျွန်တော် မကြာခဏသွားခဲ့ပြီး

အဖော်လုပ်ပေးခဲ့မိမှာပါ

အခုတော့ အဘွားတစ်ယောက်

မရှိတော့တာ သီတင်းနှစ်ခါကျွတ်ခဲ့ရပါပြီ...

အဘွားဆုံးသွားတာ နှစ်နှစ်နီးပါးရှိတော့မယ်

ဆိုပေမယ့် အခုအချိန်အထိ အဘွားစကား

သံတွေ ကြားယောင်နေဆဲပါ။

Saturday, September 30, 2017




တိတိကျကျပြောရရင် ဒီနေ့အပါအဝင်ရက်၂၀လောက် ကျွန်တော်တကယ်ကို စိတ်ပင်ပန်းခဲ့ရပါတယ် ၁ရက်၂ရက်လောက်ပဲ စိတ်ပျော်ရွှင်ခဲ့ရတာပါ ဒါပေမယ့် ကျေးဇူးတင်ပါတယ် ဒီအချိန်အတွင်းမှာ ရသမျိုးစုံကိုခံစားတက်သွားလို့ အပြည့်အဝမဟုတ်တောင် လူ့ဘဝဆိုတာကို သဘောပေါက်သွားလို့ပါ..


ရက်၂၀ကျော်မှ စကားသံကြားရတယ် အရင်တုန်းကအခြေအနေဆို ကျွန်တော်အရမ်းပျော်မိမှာပါ ကျွန်တော်ကအဖြည့်ခံသက်သက် လူဖြစ်လာရတဲ့ဘဝဆိုတော့ ဝန်ခံရရင်အသိစိတ်မဲ့နေတဲ့အချိန်မှာ ပြောခဲ့တဲ့ စကားသံကြားရတာတောင် ပျော်မိသူပါ..


ဒါပေမယ့် ဒီတချိန်အပျော်မှာတော့ စိုးရိမ်စိတ်တွေ ဖုံးလွှမ်းနေတာကို ခံစားနေရတယ် ၁ရက်၊၂ရက်အဆင်ပြေပြီးရင် ၁လလောက်ပြဿနာဖြစ်မယ် အခန့်မသင့်ရင် ၄၊၅၊၁၀လ အဆက်အသွယ်မဲ့နေမယ်ဆိုတဲ့ ဇာတ်လမ်းက ဒီ၁နှစ်ကျော်မှာ ခဏခဏကြုံခဲ့ရြပြီးပါပြီ..


မလိုချင်တော့ပါဘူး ဒီဘဝကို မဖြစ်နိုင်မှန်းသိလို့ ထိမ်းချုပ်နေတဲ့သူကို စောင့်မျှော်နေရတဲ့ဘဝမျိုး တဖက်သတ်ကြီးမျှော်လင့်နေရတဲ့ဘဝမျိုး ၁ရက်တာအဆင်ပြေဖို့ ရက်ပေါင်းများစွာနာကျင်နေရတဲ့ဘဝမျိုးကို..


ကျွန်တော်နားလည်ပါတယ် ရပ်တန့်သင့်တာကြာပြီဆိုတာကို ချက်ချင်းကြီးကျွန်တော်မရပ်တန့်နိုင်သေးတာပါ အချိန်အတိုင်းအတာတစ်ခုတော့ ကျွန်တော့်အတွက့်လိုအပ်မှာပေါ့ သူများတွေ ပျော်ရွှင်နေတာတွေ့ရင် ကျွန်တော်အရမ်းအားကြမိပါတယ် ဒါပေမယ့် ခဏခဏနာကျင်ရတဲ့ဘဝကို အခုအချိန်မှာ ကျွန်တော်တကယ်ကို မလိုချင်တော့ပါဘူး ပျော်ရွှင်ခြင်းနဲ့နာကျင်ခြင်းက ကျောချင်းကပ်နေတာကို ကျွန်တော့်ရင်ဘက်ကနားလည်လိုက်ပါပြီ..


လောကဓံကြောင့် အထိုက်အလျောက်ရင့်ကျက်လာပေမယ့် အချစ်နဲ့ပတ်သတ်လာရင် ကျွန်တော်မပြောင်းလဲသေးပါဘူး အရင်တုန်းကအတိုင်း ခံစားနေတက်တုန်းပါ တကယ်တော့ နာကျင်မှုဆိုတာ သူတစ်ပါးဖန်တီးမှုက ရာနှုန်းနည်းနည်းလေးပါ တကယ်တော့ ကျွန်တော်ကိုယ်တိုင် ရာနှုန်းပြည့်နီးပါး ထပ်ဆောင်းဖန်တီးမိတာပါ ကျွန်တော်ဆိုတဲ့ကောင်က အပြင်ပန်းမာကြောသလောက် စိတ်ဓါတ်ကပျော့ညံ့လွန်းတော့ တကယ်တန်းနာကျင်လာရရင် သူတစ်ပါးထက်ပိုပြီး ခံစားရပါတယ်..


ဒီအချိန်မှာ လောကဓံရဲ့ထိုးနှက်ချက်နဲ့တင်
ကျွန်တော့်အတွက့် လုံလောက်ပါပြီ ထပ်ပြီးတော့ ခင်ဗျားနဲ့ပတ်သတ်ပြီး အကြိမ်ကြိမ်အခါခါ ခံစားရမယ့်နာကျင်ဝမ်းနည်းမှုတွေကို ထပ်ခါထပ်ခါ မခံစားနိုင်တော့ပါဘူးဗျာ..


မဖြစ်နိုင်လို့ ခင်ဗျားနောက်ဆုတ်ခဲ့တာပါ လှည့်ထွက်သွားတာ မဟုတ်ပါဘူး ဒီလိုပဲ ကျွန်တော်လဲ မဖြစ်နိုင်တဲ့အရာတစ်ခုကို ဖက်တွယ်နေမယ့်အစား အသာတကြည် နောက်ဆုတ်လိုက်ပါပြီ..


နဖူးစာမပါလို့ အစထဲကဝေးခဲ့ရတာကို ကျွန်တော်လက်ခံလိုက်ပါပြီ။

Thursday, September 28, 2017





ရယ်လိုက်တိုင်း ခင်ဗျားကို သတိရမိတာ ကျွန်တော် နည်းနည်းတော့များသွားပြီဗျာ..




Aသွေးပိုင်ရှင် သူမတို့အကြောင်း
-----------💓💞💓💞💓💞💓----------
သူမက အေးချမ်းတယ် တည်ငြိမ်တယ် လောကကြီးကို သဘာဝအတိုင်းတွေးမြင်တက်တယ် အချစ်ဆိုတာကို
ပေးဆပ်ခြင်းလို့ သတ်မှတ်ထားကြပီး ကိုယ့်ဆီမှာမနေလိုသူကို ဖက်တွယ်မနေတက်ဘူး...
ငြိမ်းငြိမ်းချမ်းချမ်း နေရတာကိုနှစ်ခြိုက်တယ်...
💗💗💗💗💗💗💗💗
ဘာကိုလုပ်လုပ် စနစ်တကျလုပ်တက်ပီး စေတနာပါပါလုပ်တက်ကြတယ်...
ဘဝမှာ ဘယ်အရာကိုမှ အလွယ်တကူမလိုချင်ဘူး...
အပေးနဲ့ အယူသဘောတရားကို နားလည်သဘောပေါက်တယ်...
သူ့ရဲ့ ချစ်သူကိုလည်း သူမလို အေးချမ်းပျော်ရွှင်စေချင်တယ်...
ယောင်္ကျားတယောက်ရှိမှ ဘဝရပ်တည်နိုင်မယ့် အထဲသူမတို့
မပါကြဘူး...
သူမအပေါ် နွေးထွေးကြင်နာတက်တဲ့ ယောင်္ကျားကိုသာ လိုအပ်တာပါ...
💕💕💕💕
ထပ်ထက်မြက်မြက်နဲ့
အရာရာကို ကိုယ်ပိုင် ဖန်တီးနိုင်စွမ်းရှိတယ်...
သူမလိုချင်တာ အေးမြတဲ့အချစ်ရိပ်လေးတခုတည်းပါ...
💟💟💟💟💟💟💟
ချစ်သူအမှားတွေ ကူညီပြုပြင်ပေးမယ်...
ဆရာကြီးသဘောဆန်ရင်ဆန်မယ် စိတ်ရင်းက သင့်ကိုသူမက
ကောင်းစေလိုတယ်ဆိုတာ သင်သိထားပါ...
😈😈😈😈
သစ္စာဆိုတဲ့ အရာတခုကိုပဲ အပြောမဟုတ်ပဲ သူမကိုယ်တိုင် ကျင့်သုံးတက်ကြပီး
သင့်ဘက်ကလည်း လက်တွေ့ သက်သေပြပေးဖို့သာ
အရေးကြီးပါတယ်...
😇😇😇😇
သူမတို့က အိမ်မူကိစ္စကျွမ်းကျင်တယ်...
(ဟီး ဒီတစ်ချက်ကတော့ မှားပါတယ်ခင်ဗျာ)
😂😂😂😂
အလှအပမက်တက်တဲ့အချက်တခုကြောင့် အိမ်မူမနိုင်နင်းသူလို့
သူမကိုထင်မိရင် သင်မဟာအမှားတခုကို ပိုင်ဆိုင်သွားပါပီ....
(မိန်းမတစ်ယောက်မို့လို့ အလှကြိုက်ပါတယ် အလှမက်တဲ့အထဲတော့ မပါပါဘူးဗျာ)
👵👵👵👵👵👵👵👵👵
အရောင်တွေထဲမှာ အဖြူ အဝါ အစိမ်း မိုးပြာရောင် တို့ကို့ကြိုက်နှစ်သက်ကြတယ်...
သူမတို့က သစ်ခွ စံပါယ် ခရေ တို့လို
ရနံ့ သင်းသင်းမွေးတဲ့ ပန်းအမျိုးအစားကိုလည်း
နှစ်သက်တက်ပါတယ်...
သီချင်းအေးအေးလေးနဲ့ရယ်မောစရာဟာသတွေကို
ကြိုက်နှစ်သက်တက်လို့ Pop musicနဲ့ဟာသလေးတွေနဲ့
ချဉ်းကပ်တက်ဖို့လည်း မမေ့ပါနဲ့...
စာဖတ်ရခြင်းကို ခုံမင်တက်တာလည်း သူမတို့အကျင့်ပါ...
💞💞💞💞💞💞💞💞
သူမနဲ့ချစ်သူဖြစ်နေရင် သူမပင်ပမ်းအားငယ်နေချိန် စိတ်အားငယ်တက်တဲ့
သူမအတွက် အားပေးစကားပြောတက်ဖို့ အရေးပါလွန်းပါတယ်. . .
သူမနှလုံးသားက နူးညံတဲ့သူမို့ သင့်နှလုံးသားကို နူးညံနေဖို့သင်ဂရုစိုက်ပြင်ဆင်ထားပါ...
သင်သူမကို ဘယ်လောက်ထိထိစိတ်ဆိုးနေပါစေ ခဏလေးတောင် အဆက်အသွယ် မဖြတ်မိပါစေနဲ့...
သူမက အစားအသောက် နဲ့ပတ်သက်ရင် အချဉ်ကိုပိုမိုနှစ်သက်တက်တာလည်း ဂရုစိုက်ပါ....
သူမ ကျန်းမာရေး ကသူမပျော်ရွှင်မူနဲ့ တိုက်ရိုက်ချိတ်ဆက်ထားလို့ သင်ချစ်ရင်သူမကိုပျော်ရွှင်စေဖို့့
အာရုံထဲ မပြတ်မှတ်မိနေပါစေ...
💓💓💓
Aသွေး ပိုင်ရှင်သူမက သင်နဲ့လက်ထပ်ဖြစ်သွားရင် ပထမဆုံး
သူမရင်သွေးကို အမြွှာမောင်နှမလေးတွေ မွေးဖွားပေးဖို့ ၃၀%
                     မိန်းကလေး ၅၀%
                     ယောင်္ကျားလေး ၇၀% မွေးပေးမယ့်သားကောင်း
                     မိခင်တစ်ဦးပါ...
👪👪👪👪👪
Credit :
Aung zin myat
(Living Tarot)

Monday, September 25, 2017













 လုပ်ထိမှ အမိတတက်တဲ့အကောင် ဘုရားသွားတာတောင် ဘုရားစာလေးရွတ် ပုတီးလေးစိတ်ရင်း စိတ်အေးလက်အေး မနေနိုင်ဘူး ရေသပ္ပါယ်ပြီး တက်သုတ်ရိုက်ပြန်လာတယ်..


ဘာပဲဖြစ်ဖြစ် ဘုရားဖူးလိုက်ရတော့ စိတ်ချမ်းသာသွားပါတယ် ကျွန်တော် ဒီနေ့ အပြင်လောကက ရာသီဥတုတောင် သာယာနေသလို ခံစားမိလိုက်ပါတယ်။

Thursday, September 21, 2017

မူးယစ်သားကောင်











 နတ်ဆိုးဟာ အပေါင်းအသင်းနဲ ရောင်းရင်းနဲ့ အဆင်းမှာဘီးတပ်ဝင်လာ..


37က စဝင်လာထဲက ရင်ဝကိုစုံကန်ြပြီးဝင်လာတာပါ ကျွန်တော်ဆိုတဲ့ အကောင်ကလဲ လူကသာပျော့ညံ့တာ စိတ်ကတော့ အကြောတင်းသလားမမေးနဲ့ လောကဓံက ထိုးချက်ပြင်းပြင်းနဲ့ အကန်ခံရတာတောင် ခဏတာယိုင်နဲ့သွားပြီး အချိန်တစ်ခုရောက်သွားရင် မြေကြီးပေါ်မှာ အရင်အတိုင်းခြေစုံရပ်နေတုန်းပဲ..


အဲ့လိုခံနိုင်လေ လောကဓံဆိုတဲ့ အကောင်က အဆင်းမှာဘီးတပ်လေ ရှင်ရင်ရွှေထီး၊သေရင်မြေကြီးပဲဗျာ မီးစတစ်ဘက်၊ရေမှုတ်တစ်ဘက်အချိန်မှာ ရေဝေးထက်ပိုပြီး သွားစရာမရှိတော့ပါဘူး ထပ်ကန်လိုက်ပါအုန်း
မြေကြီးထဲမရောက်သရွေ့ကတော့ ကျွန်တော်ခြေစုံရပ်ြပြီး
ကြံ့ကြံ့ခံနေအုန်းမှာပဲဗျ..


ရာဘလား ရာမလား ကျွန်တော်မသိပါဘူး ဆေးပြားဆိုတာ မူးယစ်ဆေးဝါးဆိုတာ မကောင်းဘူးဆိုတာတော့ ကျွန်တော်နားလည်ပါတယ် အဲ့ဒီဆေးပြားတွေကြောင့် ဘဝတွေပျက်သုန်းသွားရတာ..


မူးယစ်ဆေးဝါးသားကောင်ဖြစ်ြပြီဆိုတာနဲ့ ပထမဆုံးခင်ဗျား လူဖြစ်ရှုံးသွားပြီ ဒုတိယခင်ဗျားရဲ့မိသားစု၊မိန်းမ၊သား၊သမီး လူတောမတိုးနိုင်တော့ဘူး ခင်ဗျားလူဖြစ်ရှုံးြပြီဆိုတာနဲ့ သူတို့ရဲ့စားဝတ်နေရေး၊ပညာရေး၊ကျန်းမာရေး ဘယ်သူတာဝန်ယူပေးမလဲဗျာ.. 


တတိယခင်ဗျားမိဘ ခင်ဗျားကို လူတစ်လုံးသူတစ်လုံးဖြစ်အောင်ကျွေးမွေးြပြီးပညာသင်ပေးခဲ့တဲ့ သက်ရှိဘုရားနှစ်ပါး လူတစ်ကာရဲ့ အတင်းစကားကြားမှာ အသက်မှရှုနိုင်ပါ့မလားဆိုတာ ခင်ဗျားတွေးမိရဲ့လား..


သက်ပြင်းတောင်မချတော့ပါဘူး ချလိုက်ရင်ကျွန်တော်အတွက့် အသက်တိုတာကလွဲပြီးအကျိုးမဲ့လို့ပါ အရင်ကလဲထမင်းပူမစားခဲ့ပါဘူး အခုလဲထမင်းပူမစားပါဘူး နောင်လဲထမင်းပူစားဖို့ စိတ်မကူးခဲ့ပါဘူး အဲ့ဒါတောင်ဒီလောက်ပူပင်နေရတာဗျာ စိတ်ဓါတ်တော့မကျတော့ပါဘူး ဘယ်လောက်ပဲ သောကများပါစေ အချိန်တစ်ခုလွန်မြောက်သွားရင် အရာအားလုံး လွတ်မြောက်သွားကြတာပါပဲဗျာ..

Wednesday, September 20, 2017

ဘဝအစစ်




 ဘယ်အရာမှ မတည်မြဲဘူးဆိုတာ ကျွန်တော်လက်ခံပါတယ် မဖြစ်နိုင်ဘူးဆိုတာတော့ လက်မခံနိုင်တော့ပါဘူးဗျာ..


အချိန်အတိုင်းအတာတစ်ခုအတွင်းမှာ အရာအားလုံးဖြစ်နိုင် ပျက်နိုင်ပါတာပဲ ပစ္စည်းဥစ္စာ၊ဂုဏ်ပကာသနမပြောနဲ့ ကျွန်တော်လို့သုံးနှုန်းနေတဲ့ ခန္ဓာကိုယ်ကြီးတောင် မနက်ဆိုရင်ရှိချင်မှ ရှိတော့မှာလေဗျာ..


 ဘဝလို့သုံးနှုန်းနေကျတဲ့ အချိန်ကာလတိုတိုလေးအတွင်းမှာ လုပ်ခဲ့တာတွေအတွက့်ရော မလုပ်ခဲ့မိတာတွေအတွက့်ရော 
ကျွန်တော် နောင်တရနေမယ့်အစား..


 ကျန်ရှိတဲ့တခဏတာလေးမှာ ကျွန်တော့်ဖြစ်ချင်တဲ့ဆန္ဒတွေကို ပုံဖော်ရင်းရှင်သန်သွားတော့မှာပါ..


 I can do it, if I can't do it 
but I don't mind 
because I did it. 
I satisfied myself.

Saturday, September 16, 2017




 
ဆေးရုံဆိုတာ နေပျော်ရာအရပ်ဒေသမှ မဟုတ်တာဗျာ 

အကြောင်းကြောင်းကြောင့်ရောက်ရှိသွားတော့လဲ အရိယာမဖြစ်သေးတဲ့ 

ကျွန်တော်လိုလူအတွက့် အနိစ္စတွေလို့နှလုံးသွင်းလို့မရပဲ 

ပတ်ဝန်းကျင်ကအနိဌာရုံတွေက တကးကို စိတ်ဆင်းရဲစေပါတယ်ဗျာ

ဒါပေမယ့်လဲ မိဘကိုပြုစုရတာဆိုတော့ အားတင်းပြီးအဲ့ဒါတွေကို 

လျစ်လျှရှုထားရတယ်

 အခုကျမှပဲ ကျွန်တော်ဟာပုထုဇဉ်ပီသလွန်းမှန်း နားလည်လိုက်ပါတယ်

အနိစ္စဆိုတာ လက်ခံနိုင်ပေးဖို့ တော်တော်ကြိုးစားရတော့မယ်ဗျာ။

Thursday, September 14, 2017

ငတုံး




 ၃ရက်လောက်အိမ်ကလူတွေ နေမကောင်းလို့ နဲနဲပင်ပန်းသွားတာကို လူကရေလည်ပြိုင်းနေပြီ အဲ့ဒါနဲ့များဘဝတစ်ခု ထူထောင်ချင်သေးတယ် အဟတ် စိတ်ကူးယဉ်ချက်က အိုဇုန်းလွှာပါဖောက်ထွက်သွားတယ်..


ကျွန်တော်ရဲ့ပေါင်၁၁၀စီမံကိန်းက ပေါင်၁၀၀အောက်ရောက်သွားပြီ သူများတွေက ဝလာလို့စိတ်ညစ်နေတဲ့အချိန်မှာ ကျွန်တော်ကပေါင်၁၁၀လောက် လိုချင်တယ်ပြောရင် မိဘလုပ်စာထိုင်စားနေရင်း သူတို့အဆဲခံရမယ့်ဘဝရောက်မှာ ဟီး ဟီး အဆဲခံရမယ့်အတူတူ ကိုယ့် Blog ပေါ်မှာပဲ အဆဲခံလိုက်တော့မယ်..


အိပ်မရတော့ Blog ဝင်မွှေပေါ့ ဒါလဲအိပ်ဆေးတစ်မျိုးပဲ ဆေးကတော့တကယ်မသောက်ချင်ဘူး ဆေးဆိုတာကိုကြားကိုကြားချင်တော့တာ နေ့တိုင်းဆေးရုံ၊ဆေးခန်းသွားနေရတာ အလုပ်ထွက်တာ ကျန်းမာရေးတာဝန်ခံလုပ်ဖို့လား ကျွန်တော့်ဘာသာမေးယူရတော့မယ်


အကြိမ်အရေအတွက်တောင် မမှတ်မိတော့ဘူး ဆေးရုံ၊ဆေးခန်းရောက်တာ စောက့်မြင့်ကတ်အောင်ပြောလိုက်အုန်းမယ် ခဏခဏသွားရလွန်းလို့ MO လေးတောင် ကျွန်တော့်ကို Crush ချင်နေပြီဗျ..


စာရေးတော့မယ်ဗျာ 2011 vs 2017 ပေါ့ဗျာ ကျွန်တော်ကရူးပြီးသားဆိုတော့ ဖတ်ြပြီးခင်ဗျားတို့ရူးသွားရင်တော့ Sorry ပါဗျာ..



Thursday, September 8, 2011

ခပ်ညံ့ညံ့အကောင် ကျွန်တော်။

မှတ်တိုင် ၃၀မှာ

အပြုံးကအင်္သေချေ

ခေါင်းစဉ်မဲ့တာက

အနန္တ…

မချိပြုံး၊မဲ့ပြုံးက

အင်္သေချေမက…

၅နှစ်သားအပြုံးကို

ကျွန်တော်မပြုံးတက်တော့သလို

မချိပြုံး၊မဲ့ပြုံးလဲ

မပြုံးပြချင်တော့ဘူး အမေ…

ဒီလိုနဲ့

ခပ်ညံ့ညံ့လူတစ်ယောက်

မှတ်တိုင်တစ်ခုတိုးသွားတယ်

၃၁ တဲ့…။
4th Sep 2011

Sunday, 2:03pm.



( မှတ်တိုင်၃၀တဲ့ ခပ်ဟဟရယ်လိုက်မိတယ်
တုံးလိုက်တာချာတိတ်ရယ် သက်တမ်းတဝက်ကျိုးဖို့
ပြက္ခဒိန်၅ရွက်မဆုတ်ဖြဲခင်ကို ၅နှစ်သားအပြုံးပြုံးတက်ချင်သေးတယ် ကိုယ်တွေကတော့ဘဝဆိုတာ၄၀မှစတာလို့
လက်ခမောင်းခတ်ရင်းရင်ဘက်က ဖားဖိုလို့လှိုင်းစီးသွားတယ်။ )

14th Sep 2017
12:57 Am @ Ygn,MM)



September 8th အဖေ နဲ့ အမေ ကျေးဇူးအသင်္ချေပါ… ဘဝဆိုတာကို အသက် ၃၀ထိ မှောက်လိုက် လှန်လိုက် အတည့်ကြည့်လိုက် ဇောက်ထိုးဖတ်လိုက် လုံးလည်ခြာလည်လိုက်ရင်း ဘဝဆိုတာ ဘာလဲလို့ ခဏခဏပြန်မေးနေရတဲ့ 


ခပ်ညံ့ညံ့အကောင် ကျွန်တော့်မွေးတဲ့နေ့...


(အခုအချိန်မှာတော့ အဖေ၊အမေတင်မကဘူး ဘုရားနဲ့သေမင်းကို ကျေးဇူးတင်တယ် အရူးတစ်ယောက်ကိုရှင်သန်ခွင့်ပေးခဲ့သလို ကရုဏာမေတ္တာကိုပါပေးခဲ့လိုပါ ဘဝဆိုတာ ဘာမှမဟုတ်ပါဘူး သူ့ဘာသာတည်ရှိနေတဲ့ ဘ နဲ့ ဝ ကို ပေါင်းစပ်လိုက်တာပါ ကျွန်တော့တည်ရှိမှုကိုလဲ အဓိပ္ပါယ်မဖွင့်တော့ပါဘူး ပေါင်းစပ်ဖို့လဲမကြိုးစားတော့ဘူး တစ်ယောက်ထဲဂျွန်းပြစ်သွားမှာ စိုးရိမ်လို့..)



I hope last time could I get frosty shade for me always be

Now I got shade already but it can’t champion to me

May be I am egotism.

Nyawaykyal.

(Amazing, I didn't know how can I write like this 

now I already idiot.)


အေးချမ်းတဲ့ အရိပ်တစ်ခုမှာ ထာဝရခိုနားဖို့ ကျွန်တော် အိမ်မက်တွေ မက်ခဲ့ဖူးတယ်…

လက့်တွေ့မှာ ကျွန်တော့်ကို အဲ့ဒီ့အရိပ်က ရပ်တည်ကာကွယ် မပေးနိုင်ခဲ့ပါဘူး…

ကျွန်တော်ပဲ အတ္တကြီးခဲ့တာ ဖြစ်မှာပါ။

ညဝေးကြယ်။ ။

(သောက်ကြီးသောက်ကျယ်ပြောတက်တဲ့ အကျင့်ကတော့ အရင်ကတည်းကပါလားဗျာ အခုတော့အပိုးကျိုးနေပ​ြပြီ ကျွန်တော့်ဘာသာ သောက်သုံးမကျတာ လက်ခံသွားလို့..)



I AM THE KING OF MY KINGDOM!! : )


( Now I am The idiot of The Universe. )



ဒီနေ့ကစပြီးတော့ ကျွန်တော့်ကိုကျွန်တော် အုပ်ချုပ်ပြီ အမေ..။


ငါသည် ငါ၏ဘုရင်ဖြစ်၍

ငါသည် ငါ၏ပြည်သူဖြစ်၏။

ငါ့ကိုငါက အုပ်ချုပ်၍

ငါ့အလုပ်ကိုငါလုပ်ရပေတော့မည်။

တာရာမင်းဝေ။ ။

(ရွှေဘုန်းလူကိုဘယ်လိုမျက်နှာ ပြရမယ်မှန်းတောင်မသိတော့ပါဘူး အသက်ရှင်နေသေးရင်သူ့ကဗျာတွေနှစ်သက်ြပြီး သောက်တလွဲလုပ်နေတဲ့
အကောင်ကြောင့် သူ့ဘာသာသတ်သေသွားနိုင်တယ်ဗျ..)


အသက်တာ ၃၀ပြည့်သွားတယ် လူက ၃၀အတွေး မတွေးတက်သေးဘူး

အရာရာ အရင်ကအတိုင်းပဲ မနှစ်ကအတိုင်းပဲ အသက်တစ်နှစ်ကြီးတာက လွဲလို့..

ဒီအချိန်ထိ အိပ်ရေးမက်တုန်း ပိုက်ဆံဖြုန်းနေတုံး နေမကောင်းရင် 

ဂျီကျတက်နေတုံး အရာရာကို ဒေါသကြီးတက်နေတုံး လောကဓံကို သီးမခံတက်တုံးလေ..

ကိုယ့်ခြေထောက်ပေါ် ခိုင်ခိုင်မာမာ မရပ်ချင်သေးဘူး အမှီကိုအမြဲ လိုအပ်နေတုံး

မရှိတဲ့သူထက် မသိတဲ့သူကခက်တယ်တဲ့ စကားပုံ ပြောင်းလိုက်ချင်တယ် မသိတဲ့သူထက်

သိပြီးမပြင်တဲ့သူ ပိုခက်တယ်လို့..

(ဒီအချိန်မှာတော့ ဘာမှထပ်မရေးတော့ပါဘူး ငတုံးတစ်ကောင်အတွက့် အရမ်းခမ်းနားသွားမှာစိုးရိမ်မိလို့..)


လူအ တစ်ယောက်ရဲ့ ပေါ့တီးပေါ့ဆ ညနေပေါ့

ပြန်မလာတဲ့ ဖိနပ်လေးအကြောင်းတွေးပြီး

ခုထက်ထိ သူ့ခြေထောက်ကို ရေဆေးနေတုန်း။ 
တာရာမင်းဝေ။ 


ညဏ်ရည်မမှီဘူး ပြောရအောင်လဲ ကိုယ့်ဘာသာ မဟုတ်ဖူးဆိုတာ သိတယ် IQ

ကသူများထက် ပြေးတယ် မပြေးတာက လူ.. ကိုယ့်ဘာသာ စိတ်မောမိတယ် ဘယ်လိုလုပ်ရမယ်မှန်း မသိတော့ပါဘူး..


အိမ်မှာနေရင် လူပိုကြီးမှန်းသိလို့ အိမ်ပြင်မှာနေတယ် လူပိုကနေ လူလိုကြီး ဖြစ်သွားတာပဲ

အဖတ်တင်တယ် လူဘေးနားက ပိုတဲ့ လိုတဲ့ စာလုံးကို မဖြုတ်ချနိုင်ဘူး လူဆိုတာမလုပ်ပြနိုင်သေးဘူး.. ငါမရှိရင် မဖြစ်ဘူးဆိုတဲ့ အခြေအနေ မရောက်နိုင်မှန်းသိပါတယ် ငါဆိုတဲ့ အသိအမှတ်လေးတော့ ရချင်ပေမယ့် ဒီအချိန်ထိ မဖြစ်လာနိုင်ဘူး...


ငါကွ.. ဆိုတဲ့ စကားလုံးကို စိတ်ကူးမှာ အကြိမ်တစ်ရာမက အော်ခဲဘူးတယ်

လက်သီးဆုပ်ပြီးတော့ I’m Champion ပေါ့ အပြင်မှာတော့ တိုးတိုးလေးတောင်

မရေရွတ်ရဲဘူး ရှက့်လို့ပါ.. ကိုယ့်ဘာသာတောင် မကာကွယ် မစောင့်ရှောက်နိုင်တာ 

သူများကို ဘယ်လို စောင့်ရှောက်မလဲ ကာကွယ်ပေးနိုင်မလဲ.. 


အဖေပြောသလို တက်သမျှသင်တန်းတွေ နံရံကပ်ထားရင် Wallpaper ဖိုးသပ်သာမယ်တဲ့.. အပွင့်သိပ်မကားပါနဲ့တဲ့ သုံးလိုက်တဲ့ငွေတွေ ဖြုန်းလိုက်တဲ့ အချိန်တွေ ၂၇နှစ်ထိ.. ပြီးတော့အိမ်ပြင်ထွက်လာတယ် အချစ်ဆိုတဲ့ ထောင်ချောက်က်ထဲနစ်သွားလိုက်တာ ၃၀ ရောက်ရော ဒီအချိန်မှ မပြင်ရင် နောက့်ဆိုတာ ကျွန်တော့်အတွက် အခွင့်အရေးမရှိတော့ဘူးလေ..


ကိုယ့်ဘာသာ ဗျူဟာခင်းထားပါတယ် လူနဲ့စိတ်နဲ့ တိုက့်ရမယ့် စစ်ပွဲမှာ ရှုံးနိပ့်ရင် ဘဝဆိုတာ မရှင်သန်နိုင်တော့ဘူးလေ ဘဝမှာ အင်္သေချေရှုံးခဲ့ပေမယ့် ဒီတစ်ပွဲတော့ နိုင်ချင်ပါတယ်.. ဒီပွဲမှာအနိုင်ရမှ ရပ်တည်နိုင်မှာပါ မှတ်တိုင် ၃၀ပြည့်ပြီပဲ သရေလောက့်တော့ အနိပ့်ဆုံး ကြိုးစားတိုက်ရတော့မယ်...

(တစ်ခုပဲအသေကြိုက်တယ် အပွင့်မကားနဲ့တဲ့ သောက်ရေးမပါတာတွေ အခုအချိန်ထိလုပ်နေမိတုန်း အပွင့်ကားတော့ မြန်မြန်ကြွေကျတာပေါ့ဗျာ..)


ငါ့ရိပ်မြုံကို
ရုပ်ပုံစာတမ်း
ဘာမှမကပ်တမ်း
လမ်းဘေးမှာ မြက်ဖြင့်ဆောက်မည်။

တာရာမင်းဝေ။

(ရွှေဘုန်းလူရေ ကျွန်တော်ကတော့ မြက်တောင်မရှာနိုင်လို့ မြက်ခြောက်နဲ့ပဲ ဆောက်ပါတော့မယ်ဗျာ..)


“ ၈၊စက်တင်ဘာ၊၂၀၁၁။ အသက် ၃၀ ပြည့် အမှတ်တရ... ”

8th Sep' 11 I am 30 years already not Girl I am lady already!! :(

Posted by ဝိုင်း at 5:30 AM  

(အခုတော့အမှတ်တရဆိုတာ များများစားစားမသိမ်းဆည်းထားတော့ပါဘူး ရင်ဘက်ထဲထည့်ရမှာလေးလံလွန်းလို့ သူ့ဘာသာသိမ်းဆည်းတဲ့အရာကလွှဲရင် ကျွန်တော်ဘာမှမထည့်ထားတော့ဘူးဗျာ။)


Ps : မိုးမိုးသီချင်းအလွတ်ရအောင် ကျတ်ထားရတော့မယ်ဗျ၃၊၄နှစ်အော်ဆိုနေရပြီ ( အသက်လေးဆယ် လူတွေမေးတယ် ဘယ်တော့များမှ စားရမှာလဲ လူတွေမသိအောင် ဟန်ဆောင်ရြပြီ အပြုံးလေးနဲ့ လိမ်ရပြီ ) ဟား ဟား ကိုယ့်ဘာသာဆိုရင်း သဘောကျနေမိတယ်။

Sunday, September 10, 2017

တနေ့တာ












 အမေကံကောင်းသွားတာက ကျွန်တော်နေ့လည်မှနိုးလို့ နောက်ဆိုရေခဲသေတ္တာပြောင်နေလောက်ပြီ..


ဒီနေ့က ဦးရဲမိန်းမဆုံးတာ၃နှစ်ပြည့်သွာပြီဆိုတော့ မြောက်ဥက္ကလာအိမ်မှာ အန်တီဝေမာအတွက့် အလှူလုပ်ပေးတယ် ကျွန်တော်ကနေမကောင်းလို့ မလိုက်ဖြစ်ဘူး.. 


မနေ့ကအလှူအတွက့်လိုတာတွေသွားပို့ပြီး ပြန်လာတော့ YBS ပဲစီးလာတယ် ပိုက်ဆံရှားတာနဲ့ အလုပ်မရသေးတာနဲ့ဆိုတော့ အရင်လိုလက်မကြီးရဲတော့ဘူး ပိုက်ဆံကိုစီစစ်နေရပြီ အသိတရားရတယ်ဆိုလို့ အထင်မကြီးပါနဲ့ဗျာ မနေ့ကမှ အသိတရားရသွားတာပါ..


မြောက်ဥက္ကလာနဲ့တာမွေကို ၁နာရီခွဲလောက် ကားစီးလိုက်ရတာ အိမ်ရောက်တော့ လူကမဟန်နိုင်တော့ဘူး မူးတာအရမ်းပဲ စိတ်ကသာ ကိုယ့်ဘာသာ ငယ်သေးတယ်ထင်နေတာ လူကမငယ်တော့ဘူးလေ မနက်ဖြန်သဘက်ဆိုအသက်၄၀ရောက်ပြီ ဇရာကစိန်ခေါ်နေပြီဗျာ..


အဖေက Sunday ဆို နားရက်ဆိုပေမယ့် အရေးကြီးရင်အလုပ်သွားရတော့ အိမ်မှာဘယ်သူမှမရှိဘူး နိုးလာလိုက်ခေါင်းကြည်တော့ ပြန်အိပ်လိုက်နဲ့ အိပ်ယာနိုးတော့ နေ့လည်၁၂နာရီကျော်နေပြီ အရင်နေ့တွေလို ကော်ဖီဖျော်ထားတာမရှိတော့ ကိုယ့်ဘာသာ ကော်ဖီဖျော်သာက်ရတယ် ကော်ဖီအနံက လူကိုလန်းဆန်းသွားတာပဲ အပျင်းထူနေတော့ ကိုယ့်ဘာသာဖျော်မသောက်တာ ဘယ်နှနှစ်မှန်းတောင် မသိတော့ဘူးဗျာ မနက်ဖြန်ကစြပြီး ကော်ဖီအေးစက်စက်ကြီး မသောက့်တော့ဘူးဗျာ..


ကော်ဖီတခွက်သောက်ပြီး မီးဖိုဆောင်သန့်ရှင်းရေးလုပ် ပန်းကန်ဆေး အဝတ်လျှော် တိတ်တိတ်ဆိတ်ဆိတ်မဟုတ်ဘူးနော် သီချင်းကိုအသားကုန်ဖွင့်ထားတာ တိုးမှာစိုးရိမ်လို့ အသံကျယ်အောင် ဒန်အိုးထဲထည့်ထားလိုက်သေးတာ အဲ့ဒါတောင်အားမရသေးဘူး အသံသေးအသံကြောင်နဲ့ အော်ဆိုလိုက်သေးတယ် ၆လွှာမို့လို့ မြေညီသာဆိုရပ်ကွက်ထဲက ခဲနဲ့ထုလောက်တယ် ညနေစောင်းအထိ အဲ့လိုအော်ဆိုနေတာလေ သန့်ရှင်းရေးလုပ်ပြီး ကန်ထဲမှာရေကုန်သွားရော ရေတင်တာမရဘူး ရေချိုးချင်ပေမယ့်ရေမချိုးရဲသေးဘူး တနေ့လုံးရေဖြတ်ထားရင် ပြဿနာ တိုက်ခန်းနေရတဲ့ဘဝက ရေမရှိရင်ငရဲပဲဗျ..



အဲ့ဒါနဲ့မနက်စာစားဖို့ နေ့လည်၂နာရီလောက်ကနေစပြီး ချက်ပြုတ်လိုက်တာ ညနေစောင်းမှပြီးတယ် ဗိုက်ဆာနေပေမယ့် မစားနိုင်သေးဘူး ရေတင်လို့ရပြီဆိုတော့ ကန်ထဲရေဖြည့်ရအုန်းမယ် ရေချိုးရအုန်းမယ် မနက်စာနဲ့ညစာ ပေါင်းစားဖြစ်တဲ့ KL က ပိတ်ရက်ကိုသတိရမိတယ်..


ပုံတွေကြည့်ပြီး အထင်မကြီးသွားနဲ့ဗျ အိမ်သန့်ရှင်းရေးကလွှဲရင် ထမင်းဟင်းချက်ဖို့ကို ဝါသနာကိုမပါတာ ဒီနေ့ကတော်တော်ရယ်ရတယ်ဗျ အကုန်လုံးကိုအဆင်ပြေနေတာ
သတိရမိပါတယ် အဲ့လိုဘာမှမလုပ်တက်တာကို ဂုဏ်ယူနေတာမဟုတ်လား ပြောတက်တဲ့ခင်ဗျားကို..။

Saturday, September 9, 2017

ပထမခြေလှမ်း။



ဘုရားတက်ဖြစ်လို့ တော်သေးတယ်


မိုးသားကမဲနေတာတောင် ပြန်ခါနီးမှ ဖွဲဖွဲပဲမိုးရွာပေးတယ်


အစိမ်းရောင်ဘာလို့ကြိုက်မှန်း ဒီနေ့မှသိတော့တယ် အင်္ဂါနေ့နာမ်က အစိမ်းဆိုတာကို


မနက်က မလုပ်ဖြစ်တဲ့ ဘုရားဝေယျာဝစ္စကို ညသန်းခေါင်မှ လုပ်ဖြစ်တော့တယ်












ဘုရားစောင်းတန်းမှာ ရိုက်ချင်ပေမယ့် မရိုက်ရဲတော့ ဒီလိုပဲရိုက်လိုက်မိတယ်






 Welcome To The Thirty Seven!! 😘😘😘



မနေ့ကထက်စာရင်တော့ ဒီနေ့က ပိုပြီးသတ္တိရှိလာသလိုပါပဲ 
ဒီလိုအားပေးရင်းနဲ့ မနက်ဖြန်ပေါင်းများစွာကို 
ကျွန်တော်ဖြတ်သန်းရမှာပေါ့ခင်ဗျာ..

လောကဓံရှစ်ပါးက ရှစ်ရက်နေ့မှာမွေးတဲ့ ကျွန်တော့်ကို 
ခဏခဏသတိရနေတော့ ကြံ့ခိုင်မှုမရှိတဲ့လူအဖို့ 
အမြဲပြိုလဲရတာပေါ့..

လဲနေရင်ထူပေးပါ အားငယ်သူအားပေးပါ ထူမယ့်သူမရှိ အားပေးမယ့်သူမရှိပေမယ့် လဲကျလိုက်တိုင်းပြန်ထလျှောက်ရင်း တနေ့တော့ပုဂံရောက်မှာပါဗျာ။




Thursday, September 7, 2017

Happy Birthday Khin!!



Photo take myself.





Gift also give myself.






Birthday wish also wish myself.





Flower also give myself. 




Happy Birthday To You, Khin!! 😘😘😘




Don't think too much, tomorrow waiting to you.














 
ယာင်္ကျားပီပီသသလက်တစ်စုံကို မကမ်းလှမ်းခဲ့ရင်တောင် 
အခုလိုလဲကျနေတဲ့အချိန်မှာ လက်မယုတ်သွားသင့်ဘူးဗျ


ဖေးမဖို့နေနေသာသာ သတ္တိရှိရှိလက်ယုတ်သွားခဲ့တဲ့ 
ခင်ဗျားကို ဒီထက်ပိုပြီးနားမလည်ပေးနိုင်တော့ပါဘူး
ခင်ဗျားကိုအံဩလွန်းလို့ ပြောစရာစကားလုံးတောင် မရှိတော့ဘူးဗျ 


ကျေးဇူးတင်ပါတယ် အခုလိုအချိန်မှာ အဆက်အသွယ်ဖြတ်သွားတဲ့ ခင်ဗျားကို

မနာကျည်းပါဘူး နေ့တိုင်းကိုယ့်ဘေးနားက ဖြတ်သန်းသွားနေတဲ့ သာမန်လူတွေလိုပဲ သဘောထားလိုက်ပါပြီဗျာ။





Friday, September 1, 2017

စက်တက်ဘာ




 
စက်တင်ဘာ ၁ရက် ၂၀၁၇
မနက် ၁၂နာရီ ၁၇မိနစ်
သောကြာနေ့


နောက်ထပ်၇ရက်နေရင် အသက်၁နှစ်ကြီးတော့မယ်
လုပ်စရာတွေအများကြီးပါယူသွားလို့မရတဲ့အရာတွေပဲလုပ်နေခဲ့မိတာ

လုပ်တဲ့သူကမပြောဘူးမလုပ်တဲ့သူကပြောတယ်ဆိုတော့
ကျွန်တော်ကအပြောသမားသက်သက်ဖြစ်နေခဲ့တာကြာပါပြီ


ကျွန်တော်နဲ့ပတ်သတ်လို့ဒီစာရေးတဲ့အချိန်ကစပြီးအကြောင်းပြချက်မပေးတော့ပါတစ်ဦးတစ်ယောက်စီကအကြောင်းပြချက်လဲမသိချင်တော့ပါဘူး

အဓိကကကျွန်တော်ဆိုတော့ကျွန်တော်ဘာမှမပြောတော့ဘူးကျွန်တော့်ကိုလဲပြောဖို့မလိုတော့ပါဘူးဗျာ

ဘဝဆိုတာမျှော်လင့်ချက်တိုင်းသာပြည့်စုံနေရင်လူတွေအတွက့်နိဗ္ဗာန်ဆိုတာဘယ်လိုအပ်တော့မလဲဗျာ

အရေးကြီးဆုံးအချက်ကဘဝမှာကျွန်တော်ဘယ်အရာကိုမျှမမျှော်လင့်ခဲ့ဘူးဆိုရင်နိဗ္ဗာန်ရောက်သွားသလိုနေမှာပါ။


မေတ္တာကရုဏာကြီးမားတဲ့ဘုရားရှင်ကိုလဲကျေးဇူးတင်ပါတယ်၊လူတွေအကုန်လုံးကိုလဲကျေးဇူးတင်ပါတယ်၊ကောင်းသောနေ့ဖြစ်ပါစေ။





Tuesday, August 29, 2017

အမှတ်တရ ဒီဆာပရမိုင်း ဆလန်းဂေါ။

 Saturday, June 25, 2011


ကျွန်တော် ချစ်တဲ့ “ အိမ် ”။


“ ဓီရာမိုရ်ရဲ့သီချင်းလေးတွေရယ်
  သူငယ်တန်းဖတ်စာအုပ်လေးရယ်
  တေဇာဘလော့ကဟာမျိုးလေးရယ်
  တရားခွေနည်းနည်းရယ်
  ကော်ဖီတစ်ခွက်ရယ်...။ ”


(ကျွန်တော့် သူငယ်ချင်း ပြောပြတဲ့ ဘဝဆိုတဲ့ အနှစ်သာရ...)


သူငယ်ချင်းနှစ်ယောက် Gtalk မှာပြောဖြစ်တဲ့ အကြောင်းပါ အချိန်နာရီဝက်လောက်ကို အလုပ်တဖက်နဲ့ ပြောဖြစ်ခဲ့ပေမယ့် တစ်ခုခုတော့ ကျွန်တော်ရလိုက်တယ် ခေါင်းထဲကို အတွေးတစ်ခုက ဖျတ်ခနဲ ဝင်လာတယ် ငါ နှစ်၃၀လုံးလုံး မြစ်တစ်စင်းကိုများ တည်ဆောက်နေမိတာလားလို့..


 http://www.youtube.com/watch?v=l7yaeR0bj7U
  
:10 PMfri: အော်မဝိုင်းလည်းကြိုက်တာကိုး

 me: :)

1:11 PMfri: အဲဒီ့သီချင်းက

 me: ဟုတ်ကဲ့

 fri: မြန်မာပြည်ကိုပြောထားတာပါ

1:12 PM me: အင်းလေ

 fri: ဓီရာမိုရ်ဂျပန်ကိုရောက်နေတုန်းက

  သူလွမ်းတဲ့မြန်မာပြည်ကို

 me: အဲ့လိုအိမ်လေးမှာနေချင်လို့ပါ

 fri: သီချင်းရေးခဲ့တာ

 me: အရမ်းသာယာမှာပဲ

  ဟုတ်ကဲ့

 fri: မဟုတ်ဘူး

1:13 PM အဲဒီ့သီချင်းကမြန်မာပြည်ကိုဖွဲ့ထားတာဗျ

 me: အော်

  ဟုတ်ကဲ့

 fri: နောက် အိမ် ဆိုတဲ့သီချင်းတစ်ပုဒ်ရှိသေးတယ်

 me: ဟုတ်

  ရှိတယ်

 fri: “ကလေးလေးတွေနွေးထွေးဖို့လေ..

 me: ဟုတ်ကဲ့

 fri: ကမာ္ဘမြေမှာအိမ်တစ်အိမ်ကိုဆောက်ကြမယ်လေ ဆိုတာလေ..

1:14 PM me: အိမ် သီချင်းလေ

 fri: အင်းဟုတ်တယ်

  အရမ်းကောင်းတယ်ဗျာ

  အရမ်းလည်းနေချင်ပါတယ်

  ခဏတော့စိတ်ပူပန်တာတွေပျောက်သွားတယ်နော်

 me: ဟုတ် အဲ့ဒါကို အရင်နားထောင်ဖူးတာ

  ခုသီချင်းက ငါ့တို့အိမ်ထွက်မှ

1:15 PM နားထောင်ရတာ

1:16 PMfri: မဝိုင်း

 me: ဟုတ်ကဲ့

1:18 PMfri: let happen the future if it wants to be

1:20 PM me: ခုလောလောဆယ် ဘာမှမတွေးထားဘူးဗျ အကုန်လုံးပြောင်းလဲကုန်လို့ အိမ်နဲ့စကားပြောပြီးမှ သိတော့မယ် ပြန်မလို့ အကုန်ပြင်ပြီးသွားပြီ အိမ်ကိုတောင် မပြောရသေးဘူး ဒါပေမယ့် မနက်ဖြန်ဆိုတာ ကိုယ်မပိုင်ဘူးဆိုတာ မေ့သွားမိတယ်

1:24 PMfri: အင်းလေ

  ဒါပေမယ့်လည်း

 me: ဟုတ်ကဲ့

1:25 PMfri: မဝိုင်း

 me: ဟုတ်ကဲ့

1:27 PMfri: ငယ်ငယ်တုန်းက

 me: ဟုတ်

 fri: သင်ခဲ့ရတဲ့သူငယ်ချင်းဖတ်စာအုပ်လေးကိုမှတ်မိသေးလား

  က ကလေးငယ်ချစ်စဖွဝ်

1:28 PM ခ ခရေကုံးမလေးပြုံး

 me: ဟုတ်ကဲ့

 fri: ပန်းကလေးများပွင့်တော့မည်

  ဖူးတံဝင့်လို့ချီ

 me: ဟုတ် မှတ်မိတယ်

  :)

 fri: နေခြည်မှာရွှေရည်လောင်းငါတို့စာသင်ကျောင်း

 me: ခဏတော့ ပြုံးမိသွားတယ်

1:29 PMfri: တနင်္ဂနွေ တနင်္လာ ဂျိုးကလေးမှန်မှန်လာ

  ကူသံသာဗျ

  မှားလို့

 me: ကြာသာပတေး သောကြာ ဂျိုးလေးမှန်မှန်လာ

 fri: ဟုတ်တယ်နော်

1:30 PM me: ဟုတ်တယ်

  ကျေးဇူးပဲ

  ဒီနေ့ ပြန်ရှာထားအုံးမယ်

 fri: လယ်သမားကြီးဦးသာအောင်

 me: သူငယ်တန်းစာအုပ်ကို

  :)

1:32 PM http://sitagucenter.org/index.php?option=com_content&view=article&id=200&Itemid=6

 fri: ဓီရာမိုရ်ရဲ့သီချင်းလေးတွေရယ်

  သူငယ်တန်းဖတ်စာအုပ်လေးရယ်

1:33 PM တေဇာဘလော့ကဟာမျိုးလေးရယ်

 me: ကော်ဖီတခွက်တော့ လိုမယ်ထင်တယ်

 fri: တရားခွေနည်းနည်းရယ်

1:34 PM me: :)

 fri: ကော်ဖီတစ်ခွက်ရယ်

  အင်း

  မဝိုင်းကိုပြောချင်တာအဲဒါပါ

  တစ်ခုခုတွေ့တယ်မဟုတ်လားဗျာ

  ...

  ....

 me: အဲ့လောက်ဆို ဘဝနိဗ္ဗာန်ပဲနော်

1:35 PM ဟုတ်တစ်ခုခုတော့ရလိုက်တယ်

  ခုမှ သူငယ်ချင်းဆိုတာ

  နားလည်သွားတယ်

  အသေအချာပဲ သူ့အဓိပ္ပါယ်ကို

1:36 PM ကျေးဇူးဆိုတဲ့ စကားမပြောတော့ဘူး

  စော်ကားသလို ဖြစ်သွားမယ်

  :)

1:38 PMfri: ကျေးဇူးပါဗျာ

 me: တကယ် ကျေးဇူးတင်ပါတယ်

  :)



 သူငယ်ချင်းနှစ်ယောက် Gtalk မှာပြောဖြစ်တဲ့ အကြောင်းပါ အချိန်နာရီဝက်လောက်ကို အလုပ်တဖက်နဲ့ ပြောဖြစ်ခဲ့ပေမယ့် တစ်ခုခုတော့ ကျွန်တော်ရလိုက်တယ် ခေါင်းထဲကို အတွေးတစ်ခုက ဖျတ်ခနဲ ဝင်လာတယ် ငါ နှစ်၃၀လုံးလုံး မြစ်တစ်စင်းကိုများ တည်ဆောက်နေမိတာလားလို့သူငယ်ချင်းဆိုပေမယ့် ကျွန်တော့်ထက် ၈နှစ်ငယ်ပါတယ် ဒါပေမယ့်သူ့ အတွေးအခေါ်က ကျွန်တော့်ထက် ၈နှစ်ကြီးတယ်။



ကျွန်တော်စာမဖတ်ဖြစ်တာ တော်တော်ကြာပါပြီ စာလဲမရေးဖြစ်ဘူး ဘာအတွက် အသက်ရှင်နေရတာလဲဆိုရင် ရယူခြင်းအတွက်လား ပေးဆပ်ခြင်းအတွက်လားဆိုရင် ကျွန်တော့်မှာ အဖြေမရှိပါဘူး ကျွန်တော်ရှင်သန်ခဲ့တဲ့ နှစ် ၃၀ မှာ ကလေးဘဝကလွဲရင် ကျန်တဲ့အချိန် တော်တော်များများ အလဟသ ဖြုန်းတီးခဲ့တာ ဒီမှာနေခဲ့တဲ့ ၃ နှစ်အပါ့အဝင်ပေါ့။



ကျွန်တော်အခု တစ်နေရာကို သွားချင်နေတယ် အဲ့ဒီ့နေရာမှာ ကျွန်တော်ရှင်သန်ချင်နေတယ် ကျန်ရှိနေတဲ့အချိန်ကို အဲ့ဒီ့နေရာလေးမှာ ကုန်ဆုံးစေချင်တယ် ကျွန်တော် မျှော်လင့်ချက်ပေါ့ ကျွန်တော်ကလေးဘ၀ ၇နှစ် အရွယ်က ၂ နှစ်တာနေခဲ့ရတဲ့ ပြန်မရနိုင်တော့တဲ့ အိမ်မက်လေးတစ်ခုပါ ခုအချိန်ထိ ကျွန်တော်တမ်းတနေဆဲပါ ပြန်မရနိုင်မှန်းသိပေမယ့် အဲ့ဒီဘ၀လေးကို ပြန်တွေးကြည့်လိုက်ယုံနဲ့ ကျွန်တော်ကြည်နူးမိတယ်။



အဲ့ဒီအိမ်လေးကနေ လှမ်းကြည့်လိုက်ရင် မှိုင်းညို့ညို့တောင်တန်းကြီးတွေမြင်နိုင်တယ် ဧရာဝတီမြစ်ပြင်ကျယ်ကြီးကိုလဲမြင်နိုင်တယ် အိမ်နဲ့ခပ်လှမ်းလှမ်းမှာ စိုက်ခင်းတွေရှိတယ် မြစ်ရေကျသွားလို့ ပေါ်လာတဲ့သောင်ပြင်မှာ စိုက်ပျိုးထားတာ ခရမ်း၊ငရုပ်၊ကြက်သွန်၊ပြောင်း ပြီးတော့ဒေသထွက်ကုန် မုန်ညှင်း၊ပန်းအာလူး အဲ့ဒီ့စိုက်ခင်းတွေကို ခူးယူနိုင်တယ် ဘယ်သူမှတားမြစ်ချက်မထားဘူး ငါ့အခင်း သူ့အခင်း အငြင်းမပွားဘူး သောင်ပြင်မှာကစားလို့ရတယ် ထင်းကောက့်လို့ရတယ် ပုရစ်ဖမ်းလို့ရတယ် ဍကောက်အညွန့်တွေ ခူးလို့ရတယ် ရေစပ်မှာငါးဖမ်းလို့ရတယ် ကျွန်တော့်တို့အခေါ်ဟင်္သာ (အမှန်ကတော့ ရေဘဲတွေပါ) တွေနဲ့ဆော့လို့ရတယ်။



ရောင်ရဲခြင်းဆိုတာ အဲ့ဒီ့နေရာလေးမှာ ဖေါဖေါသီသီရှာတွေ့နိုင်တယ်ဗျ ခင်ဗျားတို့အပြောနဲ့ဆို မဖွံ့ဖြိုးမတိုးတက်သေးတဲ့ဒေသ အဲ့ဒီ့မှာ ငြိမ်းချမ်းရေးဆိုတဲ့ ပန်းတွေလှိုင်လှိုင်ပွင့်နေတယ်  


အေးချမ်းမှုအပေါင်းခညောင်းနေတယ် ပကာသနတွေ ရုပ်ဝတ္တုပစ္စည်းတွေ အာဃာတတွေ အကုန်လုံး ပျောက်ဆုံးနေတယ် ငြိမ်းအေးတဲ့နေရာ အေးမြတဲ့ဒေသ ကြည်နူးဖို့ကောင်းတဲ့အရပ် ကျွန်တော်ကြိုးစားပြီး ရောက်အောင် သွားပါမယ် ကျွန်တော့်ဘဝကို အဲ့ဒီ့ဒေသရဲ့ ရင်ခွင်မှာပဲ ခေါင်းချချင်တယ်။

ဝိုင်း at 3:27 AM



Ps :  ကျွန်တော်အလုပ်မရသေးတာနဲ့ စိတ်ညစ်နေတာနဲ့ ပေါင်းသွားပြီး stress  ရနေတယ် တစ်ယောက်ထဲနေရင်တော့ ဘီယာ၄လုံးလောက်သောက်ြပြီး ထိုးအိပ်ပြစ်လိုက်ချင်ပေမယ့် မိဘနဲ့နေတော့ လူလိမ္မာမဖြစ်ရင်တောင် အစစအရာရာ ဆင်ချင်နေရတယ် မိဘမှမဟုတ်ပါဘူး အသက်ကြီးလာလေ ပတ်ဝန်းကျင်ကို အလေးထားတက်လာလေ အဲ့ဒါကကျွန်တော့်အားနဲချက်ဆိုတော့ Stress ပိုရတာပေါ့ဗျာ..


အိပ်မရတော့ Blog ဝင်ဖတ်တော့ ဒီ Post ဖတ်ရင်းနဲ့ အဲ့အချိန်ကိုသတိရနေမိတယ် Malaysia မှာ အလုပ်သွားလုပ်တော့ သူငယ်ချင်းပေါင်းစုံတွေ့ရတယ် အများစုကပျက်စီးနေပေမယ့် ကျွန်တော်ကကံကောင်းစွာ လူကောင်းတွေနဲ့ပဲတွေ့ရတယ်..


အပေါင်းအသင်းထဲမှာ ကျွန်တော်အဆိုးဆုံး အလုပ်ထဲမှာရော Hostel မှာရော ဗိုလ်ကျတယ် အလုပ်မှာဆို သူဌေးကို Complain တက်တယ်၊ (လစာပေးခိုင်းထားတာတောင် ခင် နင်အဆင်ပြေရဲ့လား တစ်လတစ်ခါမေးနေရတယ်၊ မျက်နှာမကောင်းရင် GM က ခင် နေမကောင်းဘူးလား ဆေးခန်းပြမလား Account တွဲလုပ်တဲ့ မလေးမလေးက ခင် အလုပ်များရင် ငါကူလုပ်ပေးမယ်လေဆိုးပြီး Invoice တထပ်ဆွဲယူသွားရော)..


ထမင်းဟင်းချက်မစားဘူး ဝယ်စားတယ် ပိုက်ဆံနည်းနေရင် ညဘက်ဆိုခေါက်ဆွဲပြုတ်စားတယ် သူငယ်ချင်း၂ယောက်က မနေနိုင်ဘူး ညဘက်ထမင်းစားရင် အတူတူစားခိုင်းတယ်၊ ( သူများတွေကပိုက်ဆံစုမိအောင် ကိုယ့်ဘာသာချက်စားတယ် ကျွန်တော်ကတော့တနေ့တမျိုး ဆိုင်ပေါင်းစုံကနေ ဝယ်စားတယ်.. )



စိတ်ညစ်ရင်ဘီယာသောက်တယ် (Presser မရလိုက်နဲ့ အလုပ်ပြန်ရင် Seven Eleven ကနေ ၂ဘူးဝယ်လာပြီး Hostel ရှေ့အုတ်ခုံမှာထိုင်သောက်တော့တာပဲ စကားဝါနံသင်းသင်းလေးရယ်၊ ခပ်လှမ်းလှမ်းမှာမြင်နေရတဲ့ တောင်တွေကိုလွမ်းမိတယ်) ကျွန်တော်မအိပ်ရင် ကျန်တဲ့၂ယောက်ပါမအိပ်ရှာဘူး တစ်ခုခုဖြစ်သွားမှာစိုးရိမ်လို့ အိပ်ဖို့စောင့်နေပေးတယ် ဝိုင်း အလုပ်မှာဘာဖြစ်လာလို့လဲဆိုပြီး စိုးရိမ်ပေးရသေးတယ် အခုအချိန်ထိ သူတို့၂ယောက်လုံး အိမ်ထောင်ကျသွားတာတောင် ကျွန်တော့်ကို စိတ်ပူပေးနေရတုန်း..


မြန်မာ၊မလေး၊တရုတ် သူငယ်ချင်းအကုန်လုံး၊အလုပ်ထဲက Partner ကျွန်တော့်ကိုအနစ်နာခံပြီး ဂရုစိုက်ပေးခဲ့တာ အဲ့လူတွေကိုပစ်ထားခဲ့ပြီး ဒီပြန်လာခဲ့မိတာ ကျွန်တော်နောင်တခဏခဏရမိတယ်ဗျာ (သတိရတိုင်း ကန်တော့ဗျာ ဟိုအကောင်ကိုဆဲမိတယ် ကျွန်တော်သာအဲ့အချိန်က မွှန်ပြီးပြန်မလာဖြစ်ရင် ဘဝကအခုထက်သာယာမယ်လို့ ထင်နေတုန်းပဲ) အခုတော့ အကုန်လုံး သူငယ်ချင်းတွေရော Partner တွေရောတနေရာစီ ရောက်နေပါပြီဗျာ..။

Goodnight အိပ်တော့မယ်ဗျာ အဲ့အချိန်လေးကို လွမ်းရင်းနဲ့...

Sunday, August 27, 2017

အမှတ်တရ ၁/၂၀၁၀။

 Thursday, August 26, 2010

money less ဖြစ်နေပြီဗျာ။


ပိုက်ဆံကပဲ ခြေထောက်ပေါက်တာလား

ကိုယ်ကပဲ စည်းကမ်းမရှိတာလား မသိတော့ပါဘူး

money less ဖြစ်နေပြီ

အိမ်မပို့တော့လဲကုန် အိမ်ပို့တော့လဲ ဘုရားစူး

ဒါတောင် 1/4 ၁နှစ်မှ ၄လ လောက့်

ဟူး.. ကိုယ်လေ တောထဲမှာပဲနေတော့မယ်နော်

အရိုးလိုပေါ့ကွာ ကျားကြီးပဲကိုက်ပါစေ

Plaza, Market တွေနဲ့ဝေးရင်ရပြီ

ကိုယ်သိပ့်တော်တာပဲ B.M နဲ့ကျောင်းပြီးထားတော့

Income ထက် Expenses ကျော်အောင်သုံးတတ်တယ်ဗျ   : (

အဖေရေကယ်ပါအုံး ကိုယ့် Wallet က အဖေလေ

Cash ဆိုခြေထောက့်ပေါက်တယ်

အဲ Cheque ဆိုတော့ ATM အတောင်လေးနဲ့

ဘယ်သူမှ ကိုယ့်အနားမနေဘူးဗျာ

ပြေးလိုက်တာ အရိပ်တောင်မကျန်ဘူး

ငါ့ထိုက်နဲ့ငါကံ ပေါ့

သားကြီးသီချင်းမဟုတ်ဘူးဗျ   : )

တော်ပါပြီ စိတ်နာတယ်သူ့ကိုအသဲထဲမှာ။   : (

ဝိုင်း at 6:57 PM

Ps : Sorry ဗျာ ကျွန်တော်စာရေးဖို့ အပျင်းထူနေတော့ Post အဟောင်းတွေပဲ ပြန်မလာမိတယ်ဗျာ။








Thursday, August 24, 2017

ကျေးဇူးတင်ပါတယ်






 ကိုယ့်ကို ကူညီပေးတဲ့သူကို ကျေးဇူးတင်ထိုက်သလို 

ကိုယ့်ကိုပြစ်တင်ရှုံ့ချပေးတဲ့သူကိုလဲ ပိုပြီးကျေးဇူးတင်ရမှာပါ အဲ့လူကြောင့် 

ငါဘာကောင်လဲလို့ ကိုယ့်ဘာသာ ပြန်မေးကြည့်မိသွားတာပါ ရလဒ်ကောင်းပါ။



၁နှစ်ကျော်ြပြီ ကျွန်တော်မေတ္တာဆိုတာရောင်ပြန်ဟပ်တယ်ဆိုတဲ့ 

ခပ်တိမ်တိမ်အတွေးကို ခေါင်းထဲအသေရိုက်သွင်းြပြီး ခင်ဗျားကို မျှော်လင့်တစ်ကြီး

စောင့်နေမိခဲ့တာပါ.. 



မနေ့ကမှ သိလိုက်ရတယ် ကျွန်တော်က ယောင်္ကျားတစ်ကာနဲ့

 လိုက်အိပ်နေတဲ့ဖာသာသာမိန်းမဆိုတဲ့ ခင်ဗျားခေါင်းထဲကအတွေးကို 

ဖာသည်မလို့ ကျွန်တော့်ကိုမဆဲသွားတာကို ကျေးဇူးတင်ပါတယ်.. 



(စေတနာရောင်ပြန်ဟပ်တာပေါ့ဗျာ ကျွန်တော်ကထွန့်ထွန့်လူးနေပြလိုက်မိတော့  

ဒီကောင်မလူတိုင်းကို အဲ့လိုပလူးနေတယ်ထင်တာ ဖြစ်သင့်ပါတယ် 

ကျွန်တော်ဘက်က စောက့်ရှက်မရှိချစ်ပြလိုက်မိတာလေ။)

ငယ်ငယ်တုန်းကတော့ အဲ့လိုမိန်းမတွေကို အရမ်းမုန်းမိတယ် 

ယောင်္ကျားထည်လဲတွဲတဲ့ မိန်းမပျက်တွေလိုသဘောထားခဲ့မိတယ် 

တဖြည်းဖြည်းကြီးပျင်းလာတော့ သူတို့ကိုအားကျမိတယ်

ကျွန်တော်ချစ်ခဲ့မိတဲ့ လူတွေကအဲ့လိုမိန်းမတွေကိုပဲ အမြတ်တနိုး 

တန်ဘိုးထားတာပါ..



သူတို့တန်ဘိုးထားတဲ့ ယောင်္ကျားတစ်ကာနဲ့လိုက်အိပ်နေတဲ့ မိန်းမပျက်

 ကျွန်တော်တကယ်ဖြစ်ချင်ပါတယ် ယောက်င်္ကျားတွေကိုပိုက်ဆံပေးဝယ်လို့ရတဲ့

 ရုပ်ဝတ္တူလိုသဘောထားချင်လို့..



စောက်သုံးမကျတဲ့ကျွန်တော်က အဲ့လိုယောင်္ကျားတစ်ကာနဲ့ပလူးချင်ပေမယ့် 

သစ္စာဆိုတဲ့ စောက်သုံးမကျတဲ့တရားကို အခုအချိန်အထိဖက်တွယ်နေတုန်း 

ရိုးသားတယ်ဆိုတာကို ဂုဏ်တစ်ရပ်လို ဖက်တွယ်မိနေတုန်း..

တန်ပါတယ် တကယ်တန်ပါတယ် တစ်ဘဝလုံးစာအတွက့် 

အဲ့လိုအပြောခံလိုက်ရတာ ခင်ဗျားအရည်အချင်း ခင်ဗျားဘုန်းကံက

 ကျွန်တော့်ထက် မတန်တဆမြင့်မားနေလို့ ကံတရားက ကျွန်တော်ဆိုတဲ့ 

ကျက်သရေမရှိတဲ့မိန်းမကို (ခင်ဗျားပြောလိုက်တဲ့ ယောင်္ကျားတစ်ကာနဲ့ 

လိုက်အိပ်နေတဲ့ မိန်းမကို) ဖယ်ထုတ်လိုက်တာပါ..

ကျွန်တော်ဆိုတဲ့အကောင်က အရှက်နဲ့လူလုပ်တာပါ ကျေးဇူးတင်ပါတယ်ဗျာ။