အခုတလော ကျွန်တော်တစ်ယောက်ဆေးရုံ၊ဆေးခန်းတွေနဲ့ အကျိုးပေးနေတယ်ဗျ
ဒီ post ကိုလဲ ဒီနေ့ညဘက် ရန်ကုန်ဆေးရုံကပြန်လာပြီး အသိတရားရသွားလို့ အိပ်ချင်နေတဲ့ကြားက ရေးဖြစ်အောင်ရေးလိုက်တာပါ..
ပြီးခဲ့တဲ့ Monday ကစပြောမယ် မနက်အိပ်ယာမနိုးသေးဘူး အိမ်မှာဆူညံတေပြီ မနက်မနက်ဆို ၇နာရီလောက်ဆိုရင် ကျွန်တော်နိုးနေပြီ ကျွန်တော်အကျင့်က ဆူညံနေရင်မရဘူး အိပ်ယာကနိုးနေရော ဘယ်လောက်အိပ်ယာနိုးနိုး ကျွန်တော်အိပ်ရေးမဝသေးရင် အိပ်ယာထဲနှပ်နေတက်တာ မွေးထဲကနေ ဒီမနက်အထိပဲ ကန်တော့ဗျာ (အဲ့သောက်ကျင့်ကသေမှပျောက်တော့မှာ)။
ကျွန်တော်နှပ်နေပေမယ့် အသံတွေက အိပ်ခန်းထဲ အလုအယက်ဝင်လာတာ အဖေတစ်ညလုံးဝမ်းတွေသွားနေတာ လူကယဲ့ယဲ့ပဲကျန်တော့တယ် အလုပ်မသွားနိုင်တော့ဘူး ဆေးခန်းလိုက်ပို့ရမယ်။
အဖေကအသက်၇၀ကျော်ပြီ ကျန်တဲ့လူတွေဆွဲမထည့်တော့ပါဘူး ကျွန်တော်သုံးစားမရသေးလို့ အလုပ်လုပ်ရနေတုန်း အသက်ကြီးတော့ စိတ်တိုတယ် ကျန်တဲ့သူတွေထက်စာရင် ကျွန်တော်နဲ့နဲနဲပိုအဆင်ပြေတယ် အိပ်ရေးမဝပေမယ့် အိပ်ယာကထရေတန်းချိုးပြီး ဆေးခန်းလိုက်ပို့တယ်။
ဆေးနှစ်လုံးထိုးပေးတယ် အရင်လက ချော်လဲထားတဲ့ဒဏ်က ကျီးပေါင်းဖြစ်ချင်နေလို့ ဓါတ်မှန်ရိုက်ခိုင်းတယ် ဆေးခန်းပြတာ ဆေးဝယ်တာ စုစုပေါင်း ၅သောင်းလောက်ကုန်သွားတယ်။
အိမ်ပြန်ရောက်တော့ အဖေက ငါအိပ်ချင်တယ် Dream bed သွားဝယ်ဖို့ ၁သိန်းထပ်ပေးတယ် နောက်ထပ် ၅သောင်းကုန်သွားတယ် ဆေးနှစ်ကြိမ်သောက်ပြီးတော့ သက်သာလာတယ် အိုကေပေါ့။
နောက်ရက် ကျွန်တော်ဝမ်းသွားတယ် စိတ်ဖိစီးရင် ကျွန်တော်နေမကောင်းဖြစ်တာ အားနည်းချက်ကြီးတစ်ခုပါ အလုပ်မသွားတော့ဘူး အိမ်မှာပဲနားလိုက်တယ် ဒီကိုတေး၂လုံးသောက်ထားလိုက်တ နေမကောင်းရင် ဆေးခန်းမပြပဲ အိပ်ယာထဲခွေနေတက်တာ (နောက်ထပ်သောက်ကျင့်) ကန်တော့ဗျာ။
Wednesday အေးဆေးပဲ အလုပ်သွားတယ် ပြန်လာတယ် ညဘက်ကျတော့မှ စလာတာ ဒီတစ်ခါက ကျွန်တော့်အမေ ကျွန်တော်နဲ့သူကသိပ်အဆင်မပြေဘူးဗျ။
ည၁၁နာရီလောက်ထဲက ကြွက်တက်လိုက် ဝမ်းတွေသွားလိုက်နဲ့ တစ်ညလုံး တစ်အိမ်လုံးအိပ်မရဘူး မနက်၃နာရီကျတော့ ကျွန်တော်နဲ့အဖေ down ရော
အစ်မနဲ့မောင်အငယ်ဆုံးစောင့်နေတယ် မနက်၈နာရီထိုးတော့
ဆေးခန်းသွားဖို့ပြောတော့ ကျွန်တော်နဲ့စကားများရော။
သူမဆင်းနိုင်တာ ကိုယ်ချင်းစာပါတယ် ပေါင်၁၇၀ရှိတဲ့အမေ့ကို ၆လွှာကနေ ကျွန်တော်ရော မောင်လေးရော မမနိုင်ဘူးလေ ကျန်တဲ့နှစ်ယောက်က
ရွှေပြည်အေးတွေ ဘယ်တော့မှ အမုန်းမခံတဲ့သူတွေ ကျွန်တော်ပဲ ဘီလူးဆိုင်းတီးပြီး ဆေးခန်းသွားခိုင်းရတယ် (ဘီလိန်နေရာကတော့ ကျွန်တော့်အတွက့် ရိုးနေပါပြီ အမုန်းခံရတာဖို့က ရင်ဘက်မှာ စာထွင်းပြီးပါလာတာ)။
အလုပ်ရောက်တော့ ဖုန်းတစ်လုံးနဲ့ အလုပ်ရှုပ်နေရော ဆေးရုံကိုလှမ်းဆက်လိုက် အဖေ့စီလှမ်းဆက်လိုက်နဲ့ ဆေးချိတ်ထားတယ် ဆေးချိတ်တာပြီးရင် အိမ်ပြန်လို့ရပြီဆိုတော့ အိုကေပေါ့ အလုပ်မှာလဲ အရေးကြီးကိစ္စရှိတော့ ပျားတုတ်နေရော ထမင်းတောင်မစားနိုင်ပါဘူးဗျာ။
ကျွန်တော်လဲ အမေသက်သာသွားပြီဆိုပြီး အေးဆေးနေတာ အိမ်ရောက်ပြီလားလှမ်းမေးတော့မှ အသက်ရှုမမှန်လို့
အောက်စီဂျင်ပေးထားရတယ်ဆိုတော့ လူကခေါင်းကြီးသွားတာပဲ နှလုံးရောဂါအခံရှိတော့ တော်တော်စိတ်ပူသွားတယ် မျက်နှာပူပူနဲ့ သူဌေးကိုခွင့်တောင်းပြီး အိမ်ပြန်လစ်ရတော့တယ် (အလုပ်ရောက်တာ နေ့လည် ၁၂နာရီ ပြန်တာ နေ့လည် ၃နာရီဆိုတော့ ကျွန်တော်မျက်နှာတကယ်ပူပါတယ်)။
အိပ်ချင်နေလို့ မနက်ဖြန်မှ ဆက်ရေးတော့မယ်ဗျာ..
No comments:
Post a Comment