Saturday, May 20, 2017

Ta Sain Ta Yout - Myo Gyi




ကျွန်တော်ချစ်တဲ့သူ စိတ်ချမ်းသာပါအောင် နေပါတော့မယ်..

လူတစ်ယောက် ကိုယ့်ကိုချစ်လာဖို့ဆိုတာ မလွယ်ကူပါဘူး

(အပေါ်ယံခံစားချက်တွေကို ကျွန်တော်ထည့်မပြောပါဘူး) တစ်ဘဝလုံးစာ

တစ်သက်လုံးစာရည်စူးပြီး ချစ်တာကိုပြောတာပါ..

လူတစ်ယောက် ကိုယ့်ကိုချစ်လာရင် လျစ်လျှူ မရှုလိုက်ပါနဲ့ မချစ်နိုင်တော့ဘူး

ဆိုရင် မုန်းတယ်ဆိုတဲ့ စကားတခွန်း ပြောပေးခဲ့ပါ..

လျစ်လျှူ မရှုလိုက်ပါနဲ့ ခင်ဗျားလျစ်လျှူ ရှု့လိုက်တာဟာ

သူ့ရင်ကို ဓားတစ်လက်ထိုးသွင်းလိုက်တာပါပဲ..

ကျေးဇူးပြုပြီး ကိုယ်မချစ်နိုင်တဲ့ သူတိုင်းအတွက့် မုန်းတယ်ဆိုတဲ့

စကားပြောပေးခဲ့ပါ ကျွန်တော်အပါအဝင် အဲ့လူတွေအကုန်လုံး

ရှင်သန်သွားနိုင်ဖို့ပါ။

သွားခွင့်ပေးလိုက်တာ မဟုတ်ပါဘူး ထွက်သွားတဲ့ လူတစ်ယောက်အတွက့်

ကျန်ရစ်နေခဲ့ပေးတာပါ..

အခုဘဝမှ မဟုတ်ပါဘူး သံသရာတလျှောက်လုံး ဖြစ်လေရာဘဝတိုင်းမှာ

ကျွန်တော်ကြောင့် ဘယ်သူတစ်ဦးတစ်ယောက်မှ အတားအဆီးမဖြစ်ပါစေနဲ့လို

ဆုတောင်းလိုက်ပါတယ်။


No comments: