Saturday, May 20, 2017

ကျေးဇူးတင်ပါတယ်



ခင်ဗျားကျေနပ်တယ် မဟုတ်လား ကျွန်တော့်ကို အကြိမ်ကြိမ်အခါခါ

နာကျင်အောင် လုပ်ခဲ့ရလို့..

အဲ့လောက်တောင် ကျွန်တော့်ကို မုန်းတီးနေတဲ့ ခင်ဗျားကို ခွင့်ပြုလိုက်ပါပြီ

ကျွန်တော်ဒီထက်ပိုပြီး တွယ်ကပ်လို့မရတော့ပါဘူး

ထပ်ပြီးတော့ ခင်ဗျားစီက အမုန်းတရားတွေ မလိုချင်တော့ပါဘူး

မခံစားနိုင်တော့လို့ပါ ချစ်သူရယ်..

တစ်ခုတော့ တောင်းဆိုပါရစေ ခင်ဗျား Facebook account ကို

ကျွန်တော်လာကြည့်တာ မကြိုက်လို့ ကျွန်တော့်ကို Blocked ထားတာဆိုတော့

ကျွန်တော့် Blog ကိုလဲ ခင်ဗျား ဝင်မဖတ်ပါနဲ့တော့..

လူတစ်ယောက်ရဲ့ လျစ်လျှူ ရှု့ထားခံရတာ ဘယ်လောက်နာကျင်တယ်ဆိုတာ

ခင်ဗျားတစ်ယောက် ကိုယ်ချင်းစာတက်စေချင်လို့ပါဗျာ။

ဘယ်လောက်ပဲ နာကျင်နေရပါစေ ကျွန်တော်ကျေနပ်ပါတယ်

လူတစ်ယောက်ကို စူးစူးနစ်နစ်ချစ်မြတ်နိုးခဲ့ရဘူးလို့ အဲ့လောက်

ကျွန်တော်ချစ်တယ်ဆိုတာကို ခင်ဗျားသိစေခဲ့ရလို့ပါ။






No comments: