Thursday, May 11, 2017

သို့




မစိမ်းကားသီချင်းပဲ ကြားဘူးပါတယ် ကျွန်တော့်ကျမှ ကိုစိမ်းကားနဲ့ အရှင်လတ်လတ်ကြီး တွေ့နေရတာ.. 

စိမ်းကားယုံလောက်တော့ သူ့အတွက်က စာမဖွဲ့ပါဘူး ပြတ်သားတဲ့သူအတွက့်တော့ ဒီလောက်က သာမာန်အနေအထားတစ်ခုပါ ကျွန်တော့်အတွက့်ကတော့ တော်တော်ကို ကြိုးစားနေရပါတယ်..

Connection လေးရလို့ ဝမ်းသာလို့မဆုံးသေးဘူး ဘုရားစူး တစ်ညနေတောင် စကားလုံး အလုံးတစ်ရာတောင် မပြည့်လိုက်ပါဘူး connection က မီးမဝါပဲ ရပ်သွားပြန်ပြီ..

ခင်ဗျားတို့အမြင်ကပ်လဲ ကပ်နိုင်ပါတယ် ကျွန်တော့်ကိုကျွန်တော်တောင် စောက့်မြင့်ကပ်နေတာ ဘုရားစူး ကျိန်တာနှစ်ခါရှိပြီ အဲ့လောက်ချစ်တက်မယ်မှန်း မထင်ခဲ့ဘူးဗျ..

ခင်ဗျားက ဆုတောင်းကောင်းခဲ့လွန်းလို့ နေမှာပါ ကျွန်တော်က ဆုမတောင်းခဲ့ဘူးနေမှာပေါ့ဗျာ..

Messenger က Active မဖြစ်တဲ့ တစ်ခုထဲသော 
ခင်ဗျား Account ကို ဝင်လေထွက်လေမှတ်သလောက်နီးပါး ကျွန်တော်ဝင်ဝင်ကြည့်မိနေတာ..

အဖတ်လုပ်ပြီး စကားပြန်မပြောမှန်း သိပေမယ့် sent ရော delivered ရော ပြနေရင် ကျွန်တော်အလုပ်ဖြောင့်ဖြောင့် မလုပ်နိုင်တော့ဘူး seen ဆိုမှ ကျွန်တော်ပျော်သွားတာ ငါ့ကို Blocked မလုပ်သေးဘူးဆိုတဲ့ ခံစားချက်နဲ့..

ခင်ဗျားတို့ သနားရင်သနား လှောင်ချင်ရင်လှောင်ပါ 
ကျွန်တော်ကိုကျွန်တော်တောင် ဘာမှမတက်နိုင်တော့တဲ့ဘဝဗျ ကျွန်တော်အရှင်လတ်လတ်ကနေ ဆိုးဆိုးဝါးဝါး မဖြစ်သွားတာပဲ
ကျေနပ်ပါတယ်ပဲ ပြောရတော့မယ်ဗျာ..။ 


No comments: