ပကတိဖြူစင်တဲ့ ကလေးတစ်ယောက်လို
ကျွန်တော်နှုတ်ဆက်လိုက်ပါတယ်..
ကောင်းသောညဖြစ်ပါစေ
ချစ်သူ..
တနေ့တာနွမ်းနယ်သမျှတွေ
အိပ်စက်ခြင်းနဲ့အတူ ကင်းစင်သွားပါစေ..
နိုးထလာတဲ့အချိန်မှာ
လောကကြီးကလှပနေပါစေ
ပူလောင်ခြင်းကင်းဝေးပါစေ
ညအချိန်ရဲ့ အေးချမ်းငြိမ်းအေးမှုအပေါင်း
နေ့အချိန်မှာလဲ ထပ်တူထပ်မျှခံစားရပါစေ..။
Ps : Goodnight,
Have a sweet dream.
No comments:
Post a Comment