အရာအားလုံးကို စွန့်လွှတ်ဖို့ ကျွန်တော်ဆုံးဖြတ်လိုက်တဲ့အချိန်မှာ
ပိုင်ဆိုင်ဖို့ စိတ်ကူးယဉ်ခဲ့တဲ့ ကြိုးစားခဲ့ဘူးတဲ့ အချိန်ထက်တော့
ကျွန်တော့်ခံစားချက်တွေ တိုးတိတ်နေပါတယ်...
ကျွန်တော့်ကို ကျွန်တော်တောင် ပိုင်ဆိုင်ခွင့်မရနိုင်တဲ့ လူ့ဘဝမှာ
တဖက်သားကို ကျွန်တော် ပိုင်ဆိုင်ချင်ခဲ့ဘူးပါတယ် ကြိုးစားခဲ့ဘူးတယ်..
ကျွန်တော်ပိုင်ဆိုင်ဖို့ ကြိုးစားခဲ့ဘူးတာတွေ အများကြီးပါ
မိသားစု ဘဝ အချစ် ပစ္စည်းဥစ္စာ တကယ့်ကိုအများကြီးပါ..
ကျွန်တော်သတိမထားမိတာက မနက်ဖြန်ဆိုတာတောင်
ကျွန်တော်ပိုင်ဆိုင်ခွင့် မရှိသူဆိုတာကို..
သေခြင်းတရားကို ကျွန်တော်မပြောဘူးနော် သူကကျွန်တော်နဲ့
လက်တစ်ကမ်းမှာရှိြပြီးသားပါ သူအားနည်းနေတဲ့အချိန်မှာ
အချိန်မရွေး ကျွန်တော့်လက်ကို ဖမ်းဆုတ်ခွင့်ရှိတယ်..
လူ့ဘဝမှာ ကျွန်တော်ရှင်သန်ခဲ့တာ သက်တမ်းတစ်ဝက်ကျော်လွန်ခဲ့ပြီးြပြီ
အတိတ်ကအကောင်းအဆိုးမှန်သမျှကို ကျွန်တော်ကျေနပ်စွာ
လက်ခံထားြပြီးပြီ အနာဂတ်ဆိုတာကို ကျွန်တော်မေ့ထားလိုက်ပြီ
ပစ္စုပ္ပန်မှာပဲ အဓိပ္ပါယ်ရှိစွာ ကျွန်တော်ရှင်သန်သွားမှာပါ..။
Thanks God,
You give me everything and
you teached me how to live to the life.
No comments:
Post a Comment