Monday, December 26, 2016

ဆူးနဲ့နှင်းဆီ။




Nov နဲ့ Dec ကျွန်တော် Feel နေတာတွေကြီးတွေပဲ Blog မှာ
ရေးဖြစ်တော့ ကျွန်တော့် Blog ကိုတကူးတကလာဖတ်တဲ့ သူငယ်ချင်းတွေကို တောင်းပန်ပါတယ် အခုတော့ ကျွန်တော်လဲ အသားကျသွားပါပြီ အက်ဆေးတွေ ကဗျာတွေ 
ပြန်ရေးပါတော့မယ် ဗျာ။

နှင်းဆီရဲ့ပြယုဒ်က
ပွင့်ဖတ်မဟုတ်ပါဘူး
သူ့ရဲ့အလှတရားကိုကာကွယ်ပေးတဲ့ ဆူးပါ

ဆူးဆိုတာ လူတစ်ယောက်အတွက့်
အတားအဆီးဖြစ်ပေမယ့်
ပန်းတစ်ပွင့်အတွက့် 
အဟန့်အတားပါ ချစ်သူ

အတ္တဆိုတာ ပန်းတစ်ပွင့်အတွက့်
အဆောင်အယောင်မဟုတ်ပေမယ့်
လူတစ်ယောက့်အတွက့်တော့
အရံအတားပါ..

အဖြူထည်လူတစ်ယောက်အတွက့် ဆူးဆိုတာ မလိုအပ်တဲ့ အတားအဆီးလို့ ကျွန်တော်ထင်ခဲ့မိပါတယ် တကယ်တော့ ဆူးဆိုတာ သက်မဲ့တွေအတွက့် သဘာဝတရားက ဖန်ဆင်းပေးထားတဲ့ လက်ဆောင်ပါ

မာန၊အတ္တဆိုတာကိုလဲ လူတစ်ယောက်အတွက့် မလိုအပ်တဲ့ အဆောင်အယောင် ပကာသနတွေလို့ ကျွန်တော်မှတ်ယူခဲ့ဘူးပါတယ် ဒါပေမယ့် လူတိုင်းက မဖြူစင်ကျတော့ အတ္တ၊မာနဆိုတာ သက်ရှိလူသားတွေအတွက့် ရှိသင့်တဲ့အရာပါ

တကယ်တော့ ပန်းတစ်ပွင့်မှာ ဆူးဆိုတဲ့အရံအတားကို သဘာဝတရားကြီးက ဖန်တီးပေးထားသလို လူမှာလဲ အတ္တ၊မာနတရားကို လောကကြီးက ဖြည့်စည်းပေးထားတာပါ

ကျွန်တော်လဲ လူသားတစ်ယောက်မို့လို့ အတ္တရှိပါတယ် တခါတလေကျတော့ အတ္တဆိုတာ ကျွန်တော့်အတွက့် လမ်းလွဲမသွားဖို့ တားဆီးပေးပါတယ် အရိယာမဖြစ်သေးခင် ပုထုဇဉ်တစ်ယောက်မို့လို့ ကျွန်တော်အတ္တကြီးပါသည်။


Monday, December 19, 2016

နယူးရီးယား။

                                         
                Credit : https://goo.gl/images/zqAHTC

19th December..

ဩော် တစ်လတောင် ပြည့်သွားပြီ ကျွန်တော်ရက်စွဲတွေကို သတိရနေတုန်းပဲဗျာ တဖြည်းဖြည်းတော့ မေ့သွားနိုင်မှာပါ..။

၂၀၁၆နှစ်ကုန်ဖို့ ၁၂ရက်ပဲလိုတော့တယ် ၁၂ရက်ဆိုတာ ကျွန်တော့်အတွက် ရုတ်တရက် ပျောက်ကွယ်သွားတော့မှာ

ကျွန်တော် New year ကို ချစ်ပါတယ် သင်္ကြန်လိုပဲ New year ကို နှုတ်ဆက်ရတာ နဲနဲတော့ Feel ဖြစ်တယ်ဗျ

မှတ်မှတ်ရရ ၂၀၁၁ New year ကို သတိရနေတုန်းပဲ ဗျာ Malaysia မှာ သူငယ်ချင်းတစ်သိုက် Company က ငှားပေးထားတဲ့ အိမ်ရှေ့မှာ စုပြီး
New year ကျင်းပတာ အဲ့အချိန်တွေ ပြန်တမ်းတမိတယ်

၂၀၁၂ New year ကိုတော့ စိတ်ကူးယဉ်ခဲ့ဘူးတယ် ချစ်သူနဲ့တူတူ အင်းယားကန်ဘောင်မှာ မီးပန်းတွေဖောက် မီးပုံးပျံလွှတ် မြက်ခင်းပေါ်ပက်လက်လှန်အိပ်ရင်းနဲ့ ကောင်းကင်ကို
မော့ကြည့်ချင်ခဲ့တာ ( New year မပြောနဲ့ Ygn ပြန်ရောက်ပြီး ကျွန်တော့်မွေးနေ့တောင် မရောက်လိုက်ပါဘူး The End. ဖြစ်သွားတာ)

အခုတော့ အသက်ကလေးရလာတော့ ကဗျာမဆန်တော့ဘူး ဗျာ
အများပိုင်ပန်းခြံထဲမှာ ဘီယာလေးသောက်ရင်း ခပ်ဖြောင့်ဖြောင့် Crush လေးတွေကိုရင်ခုန် သီချင်းလေးညီးရင်း New year ကို သာသာယာယာလေး နှုတ်ဆက်လိုက်မယ်

မိသားစုဘဝကို လိုချင်ခဲ့ပေမယ့် မိသားစုဘဝကိုတည်ဆောက်ဖို့ အချစ်နဲ့ပတ်သတ်မိတိုင်း ကျွန်တော်ပဲနာကျင်နေရတော့
အကုန်လုံးကို စွန့်လွှတ်လိုက်ပါပြီ

Single life ကတော့ တစ်ခါတလေ Lonely ဖြစ်ပါတယ် ( ပိုက်ဆံမရှိလို့ မသုံးမဖြုန်းရတဲ့ အချိန်တွေမှာ ပိုပြီးအထီးကျန်ဆန်တာပေါ့ ဗျာ )  ဒါပေမယ့် ကျွန်တော့်အတွက် အသားကျနေပါပြီ

နှစ်သစ်ကူးဆိုတာ ကလေးတွေပဲ ဆင်နွှဲရမယ်လို့ ဘယ်သူမှ မသတ်မှတ်ထားသလို လူတိုင်းဆင်နွှဲနိုင်ပါတယ် အရက်၊ဘီယာသောက်ရမယ်လို့ ဘယ်သူကမှ မသက်မှတ်ပါဘူး ကျွန်တော်ကတော့ 2016 က နာကျင်တာနည်းနည်းများသွားတော့ ဘီယာနဲ့နှုတ်ဆက်တာပါ တစ်ခါတလေတော့ ကျွန်တော့်ကိုကျွန်တော် လွှတ်ပေးလိုက်အုန်းမယ်ဗျာ။

Peace Beloved.

Friday, December 16, 2016

အိုင် အမ်(မ်) ဆောရီး။





I am so sorry beloved cus I try to forget to you.

အချစ်ဆိုတာ ဖန်တီးလို့မရသလို ဖျက်စီးလို့လဲ မရနိုင်ပါဘူး ဒါပေမယ့်..

အချစ်ကြောင့် နာကျင်နေတဲ့ ကျွန်တော့်နှလုံးသားကို လူသားတစ်ယောက်အတိုင်း မခံစားတက်အောင် ပျက်စီးမသွားခင် သိမ်းဆည်းထားလိုက်ပါပြီ..

၂၀၁၂မှာ ကျွန်တော့်ဘဝမှာ ပထမဆုံးကြိမ် ဘဝပျက်သလို ခံစားခဲ့ရဘူးတယ် 
( အခုအချိန်မှာ အသားကျသွားပေမယ့် အဲ့အချိန်တုန်းကတော့ သွေးတွေခြောက်ခမ်းသွားသလို နာကျင်ခဲ့ပါတယ်)..

ကျွန်တော်တစ်ယောက်ထဲ ပြန်ရပ်တည်နိုင်ဖို့ကို အချိန်တော်တော်ကြာကြာ ပေးဆပ်ခဲ့ရသူပါ လူမသိ၊သူမသိ အဲ့ဒီကာလတွေမှာ လဲကျမသွားအောင် 
ကြံ့ကြံ့ခံဖြတ်သန်းခဲ့ရတာ ဘယ်သူမှမသိပါဘူး..

၂၀၁၆မှာ ကျွန်တော်အနည်ထိုင်လို့ ငါကွလို့ ခေါင်းမမော့သေးခင်မှာ ကျွန်တော်ကပဲ ခလုပ်တိုက်မိတာလား သူကပဲ ချော်လဲသွားတာလား ဓါးစာခံကျွန်တော်ရင်ဘက်က ဒုတိယမိဒဏ်ရာထပ်ရသွားတယ်..

ကျွန်တော်ဆိုတဲ့ကောင်ကလဲ သနားစရာတော်တော်ကောင်းပါတယ် ကိုယ့်ဘာသာ Crush ကို ရင်ခုန်နေရင် အကောင်းသား Crush ဆိုတာ ကျွန်တော့်ရင်ဘက်ထဲ ရောက်မလာသလို နာကျင်စရာ ခံစားစရာ မလိုပါဘူး အခုတော့ လူသားဆန်လိုက်မိတာ..

ကျွန်တော့်ဦးနှောက်က မေ့ပြစ်လိုက်ပေမယ့် ရက်စွဲတွေရေရွတ်နေတဲ့ နှလုံးသားကိုတော့ လျစ်လျှူ ရှုထားပါတယ်..

ဇော်ဝင်းထွဋ် သီချင်းလိုပေါ့ 
တနေ့ ပင်လယ်ရေတွေ ခန်းတဲ့တနေ့
နေရောင်ခြည်တွေ မလင်းတဲ့တနေ့
ကိုယ်နဲ့မင်းနဲ့ ဝေးတဲ့တနေ့
အဆုံး ကမ္ဘာမှာရှင်သန်ခြင်းများ အဆုံး 
အရာရာပျက်သုန်းလို့ ပြီးဆုံး 
ဇာတ်လမ်းလေးလဲ အဲ့ဒီအချိန်မှာအဆုံး။

တောင်းပန်ပါတယ် ချစ်သူ ကျွန်တော်ကို နာကျင်စေတဲ့ ခင်ဗျားလေးကို မျှော်လင့်နေမယ့်အစား ကျွန်တော့်ရင်ဘက်ထဲ ရောက်မလာတဲ့ Crush ကိုပဲ ရင်ခုန်နေပါတော့မယ်..

သစ္စာမဲ့တာလား သစ္စာဖောက်တာလား ကြိုက်တဲ့ပုဒ်မတွေတပ်ပြီး ကျွန်တော်ကို့ စွပ်စွဲလိုက်ပါ ကျွန်တော့် မေတ္တာက အဖြူရောင်ပါ ခင်ဗျားအရောင်ဆိုးခဲ့လို့ အရောင်ပြောင်းသွားရတာပါ..

Saturday, December 10, 2016

နိဒါန်း နှင့် နိဂုန်း။





The End. ပြီးပါပြီ။

 မြန်မာရုပ်ရှင်ဇာတ်လမ်းတွေထဲမှာလို ကျွန်တော့်အချစ်ဇာတ်သိမ်းကမလှပခဲ့ပါဘူး.. 
ကျွန်တော်နှစ်သက်ခဲ့တဲ့ စာရေးဆရာတွေ 
ရေးခဲ့တဲ့ လုံးချင်းဝတ္တုတွေထဲကလို ရင်နာနာနဲ့ ဇာတ်သိမ်းခဲ့ရပါတယ်..
အမြဲတမ်း ချန်ထားခံရတဲ့ လူတစ်ယောက်အတွက့် ဒဏ်ရာဆိုတာ အသားမာတက်နေပါပြီ။

အစ။

၁၇၊၁၁၊၂၀၁၆။
ကြာသာပတေးနေ့
နေ့လည် ၁:၅၈:၂၇

တကယ်တော့ ဒီစာကို တနေ့ နင်ငါ့ကို ပြန်ပြီးအဆက်အသွယ် လုပ်လာခဲ့ရင် ငါခံစားရတာတွေ နင့်ကို ပါးစပ်ကနေ ဖွင့်မပြောနိုင်မှာ စိုးရိမ်လို့ ဒီစာကို ရေးထားလိုက်တာပါ နင်သိစေချင်လို့ပါ
( ငါ့စိတ်ကူးတွေက လေထဲမှာ အိမ်ဆောက်သလိုပါပဲ နင့်ဘက်က တကယ်ကို လမ်းခွဲသွားခဲ့တာပါ။)

တကယ်လို့ နင့်ဘက်က အဆက်အသွယ် မလုပ်လာခဲ့ရင်လဲ အရေးမကြီးတော့ပါဘူး ငါပြောချင်တာတွေ ငါခံစားနေရတာတွေ ဒီ Blog မှာ အန်ချလိုက်ရလို့ ငါခံစားရတာတွေ နည်းနည်းသက်သာသွားမှာပါ

ငါတိုနှစ်ယောက် ဘာမှမပတ်သတ်တော့ပေမယ့် နင့်လိုအရည်အချင်းရှိတဲ့ ယောင်္ကျားလေးအတွက့် မိန်းမမရှားပါဘူး နင့်အတွက့်သင့်တော့်မယ်သူ ရှာလို့ရပါတယ်

ပြီးတော့ ငါ့ကိုစပြီး နင့်ဘက်ကနေ အဆက်အသွယ်ဖြတ်ပေးလို့ 
ကျေးဇူးတင်ပါတယ် နင့်ဘက်ကစမဖြတ်ခဲ့ရင်  ငါပြန်ပြီး ပတ်သတ်နေအုန်းမှာပဲ ငါစိတ်က တကယ်မပြတ်သားနိုင်ဘူးလေ

နင်ပြောခဲ့သလိုပဲ ငါကပြဿနာကောင်ပါ ၁ရက်လောက်Q ပြီး ၃ရက်လောက်ပြဿနာ ရှာတက်တဲ့သူပါ အခုတော့ ပြဿနာရှာစရာလဲ မလိုတော့ပါဘူး နင်ဖြစ်ချင်သလို ဖြစ်သွားပါပြီ ငါမရှိတော့တဲ့ အချိန်မှာ နင်စိတ်ချမ်းသာပါစေ ချစ်သူ

နင်ပြောသလို ငါနင့်ကို မကစားခဲ့ပါဘူး ကစားရအောင်လဲ ငါ့ရင်ဘက်မှာ အချစ်ဆိုတဲ့ခံစားချက်ကလွဲလို့ တခြားအရာတွေအတွက့် နေရာလွတ်မရှိပါဘူး နင်လဲငါ့ကိုမကစားခဲ့ဘူးလိုပဲ ယုံကြည်ထားပါတယ် အချိန်ခဏလေးအတွင်းမှာ လမ်းခွဲရတာ ပိုကောင်းပါတယ် ငါတို့နှစ်ယောက်လုံးအတွက့် ဒဏ်ရာနည်းသွားတာပေါ့

တကယ်ဆိုငါ နင့်ချစ်သူတောင်မဖြစ်သင့်ခဲ့ပါဘူး 
တရားဝင်မကွာရှင်းရသေးတဲ့ 
ယောင်္ကျားတစ်ယောက်ကို မျက်ကန်းတစ်ယောက်လို 
ချစ်မိခဲ့တာ ငါမှားသွားတာပါ နင့်စီမှာပိုင်ရှင်ရှိသေးတယ်ဆိုတာ ငါလုံးလုံးသတိမေ့သွားခဲ့တာ

ဒါပေမယ့် နင့်ကိုကျေးဇူးတင်ပါတယ် ငါတို့ပတ်သတ်ခဲ့တဲ့ အချိန်အတွင်းမှာ ငါ့စီကအခွင့်အရေးမယူခဲ့လိုပါ နင်ပြောသလိုပဲ ငါကတစ်ခါသေဘူးခဲ့တာတောင် အမှတ်မရှိတဲ့အကောင်ပါ

ငါက အရမ်းနာကျင်တဲ့ကိစ္စမှ အမှတ်သည်းခြေကြီးတာပါ
တော်ယုံကိစ္စဆို စိတ်ဆိုးနေတုန်းပဲ အညှိုးအတေးထားတက်သူပါ
နောက်ရက်ကျော်သွားရင် အမှတ်မရှိတော့ဘူးလေ
နင်နဲ့ပတ်သတ်သမျှအတွက့် ငါမနာကျင်ရက်ပါဘူး 
သူ့ဘာသာနေတဲ့ ကံကိုပဲ ရိုးမယ်ဖွဲ့လိုက်ပါတယ် 
ငါလိုလူအတွက် ကံဆိုးမှုဆိုတာ အရွယ်ရောက်ထဲက 
အပေါင်းအသင်းဖြစ်နေခဲ့တာ

ပြီးတော့ ငါကသနားတက်တယ် သနားတက်တဲ့စိတ်ကြောင့် နင့်ကိုမြန်မြန်ဆန်ဆန် ချစ်မိသွားခဲ့တယ် 
အဲ့ဒီအကျင့်က ငါ့အတွက့်မကောင်းဘူး ကိုယ်ချင်းစာတရား ခေါင်းပါးတဲ့လူတွေအတွက့် ချနင်းစရာပြစ်မှတ် 
ဖြစ်သွားတက်တယ် ငါ့ကိုချနင်းရက်တဲ့ လူတွေထဲမှာ နင်လုံးဝမပါခဲ့ပါဘူး ချစ်သူ

ပြဿနာတက်တိုင်း played me ဆိုတဲ့ စကားလုံးကို နင်အမြဲသုံးတယ်နော် မပတ်သတ်ချင်တော့ဘူးလား အမြဲမေးခဲ့တယ် ငါဝန်ခံပါတယ် နင်နဲ့ပြန်တွေ့တုန်းက XXX XXX ရဲ့အဖေ မိန်းမနဲ့တရားဝင် မကွာရှင်းရသေးတဲ့သူကို ငါမပတ်သတ်ချင်ခဲ့ပါဘူး ငါ့ဘက်က အတက်နိုင်ဆုံး စောင့်စည်းခဲ့ပါတယ် နင်သင်္ဘောမတက်ခင် ငါတွေ့ချင်တာတောင် ငါမတွေ့ခဲ့ပါဘူး ငါ့စိတ်ကိုငါသိနေလို့ပါ ငါနင့်အပေါ် သံယောဇဉ်တွယ်သွားပြီလေ အဲ့ဒါတောင်  နင့်နဲ့ပတ်သတ်ခဲ့မိတာ နင့်ကိုချစ်တဲ့စိတ်တစ်ခုထဲကြောင့်ပါ

အခုတစ်ခါမှ ငါ့ကိုအဆက်အသွယ်ဖြတ်တာ မဟုတ်ပါဘူး Sep တုန်းကလဲ နင်အဆက်အသွယ်ဖြတ်ခဲ့ပါတယ် အန်တီချော်လဲသွားလို့ နင်စိတ်ပူပြီး ငါ့ကိုအဆက်အသွယ်ပြန်လုပ်တာပါ တကယ်လို့သာ အန်တီဘာမှမဖြစ်ခဲ့ရင် အဲ့ဒီအချိန်ထဲက ငါတို့ဇာတ်လမ်း ပြီးသွားပါပြီ ငါ့ကိုထားခဲ့လိုက်ပါပြီ

နင်ပြောခဲ့တာတွေ ပြန်ဖတ်ကြည့်ရင် တကယ်ရင်နာရတယ် ငါ့ကိုတကယ်ချစ်လို့ ရွေးချယ်ခဲ့တာမှ မဟုတ်တာ နင့်အတွက့်သင့်တော်မယ်ထင်လို့ နင့်ကိုဖြည့်စည်းပေးနိုင်မယ်ထင်လို့ 
နင်ငါ့ကို ရွေးချယ်ခဲ့တာပဲ နင့်အတွက့်ကံဆိုးတာလားတော့ မသိဘူး ငါကမိန်းမပီပီသသ အိမ်ထောင်မှုမထိမ်းသိမ်းတက်ဘူးလေ ငါ့ဘက်ကတော့ ချစ်တာတစ်ခုထဲနဲ့ နင့်ဘဝထဲ တိုးဝင်ခဲ့သူပါ

ငါကရင်ဘက်ကို ဦးစားပေးခဲ့သလို နင်ကတော့ ဦးနှောက်ကို ဦးစားပေးခဲ့သူပါ နင့်ရင်ဘက်မှာက XXX တစ်ယောက်လုံးရှိနေတော့ ဘယ်သူမှဝင်လို့မရဘူးလေ အဲ့ဒါကြောင့် ငါတို့မြန်မြန်ဆန်ဆန် လမ်းခွဲရတာ နေမှာပါ

နင့်အတွက် ငါဆိုတာ အရေးမကြီးမှန်း အစထဲက ငါနားလည်ရမှာ နင့်အတွက့် နင့်မိသားစုက ပထမမှန်း ငါသိရဲ့သားနဲ့ ငါ့အဆင့်ကို ငါမေ့သွားခဲ့တယ်

နင်က ငါနဲ့ခရီးသွားချင်တယ်နော် ငါလဲသွားချင်တာပေါ့ 
ငါချစ်တဲ့သူဘေးမှာ အချိန်အကြာကြီးအတူရှိနေလို့ရမှာလေ
Ex နဲ့တောင် ငါခရီးမထွက့်ခဲ့ပါဘူး 
နင့်အခွင့်အရေး မယူမှန်း 
ငါယုံကြည်ပါတယ် ဒါပေမယ့် အိမ်ထောင်ကွဲ 
ယောင်္ကျားတစ်ယောက်နဲ့ ခရီးသွားရင် ငါ့ရဲ့ ပတ်ဝန်းကျင်မှာ ဘာမှမထိခိုက်နိုင်ဘူးလို့ နင်တွေးခဲ့တယ်နော် 
တွေးရအောင်လဲ နင်ကငါ့ကို အပျော်ရည်းစားထားခဲ့တာလား 
တကယ်တော့ နင့်အတွက့် ငါဆိုတာ တကယ်ကို့ ဘာမှမဟုတ်ခဲ့ဘူးနော်
( ငါနာကျင်လို့ အပျော်ရည်းစားဆိုတဲ့ စကားလုံး သုံးလိုက်တာပါ။ )

ငါကလက်ထပ်မယ်လို့ပြောတော့ နင်တုန်လှုပ်သွားတယ်နော် 
အစက ငါကလက်မထပ်နိုင်ဘူး ပြောခဲ့တာလေ နင်ပျော်နေမှာပေါ့
အခုတော့ ငါ့ဘက်က လက်ထပ်မယ်ပြောတော့ 
နင့်အတွက့် အခက်တွေ့တာပေါ့ XXXရဲ့အဖေကို လက်ထပ်ဖို့ သတ္တိရှိလား လူပုံအလယ်မှာ ကလေးတို့လို့တွဲလောင်းနဲ့ မင်္ဂလာဆောင်ရဲလားတဲ့ နင်မေးခဲ့တာပါ ရယ်ရတယ်ကွာ သတ္တိရှိလို့ နင့်ကိုပြန်ချစ်ခဲ့တာတောင် 
နင့်ဘက်က ငါ့ကိုလက်မတွဲရဲဘူးလား 

ငါ နင်ပြောခဲ့တဲ့စကားကို အခုချိန်အထိ ငါယုံကြည်နေတုန်းပဲ

for the rest of my life
to be with  you

( အခုအချိန်မှာတော့ နင်ပြောခဲ့တဲ့စကားကို ငါ့ဘဝအစိတ်အပိုင်းအဖြစ် အမှတ်တရသိမ်းဆည်းထားလိုက်ပါပြီ။ )

နင်နဲ့ပြဿနာဖြစ်တိုင်း ငါနေမကောင်းဖြစ်တယ် ငါကိုက စိတ်ဓာတ်ပျော့ညံ့တာလေ အဲ့အချိန်တိုင်း နင်မစာမနာပြောတယ် XXXX နေတာလား
နေမကောင်းခဏခဏဖြစ်တာလားတဲ့ ရယ်ရတယ်ဟာ ၁၃နှစ်ကြာပြီးမှ ပြန်တွေ့ပေမယ့် နင်နဲ့ကြေးအိုးသွားသောက်တာကလွဲရင် ငါဘက့်က ဘာမှမဖြစ်ခဲ့ပါဘူး အဲ့အချိန်တုန်းကတောင် နင့်ကိုငါ ချစ်မိသွားမယ်ဆိုတဲ့ စိတ်ကူးတောင်မရှိခဲ့ပါဘူး

နင်ဘယ်လောက်ပဲ မစာမနာပြောခဲ့ပြောခဲ့ နင့်စီက စကားလေးတစ်ခွန်း ကြားလိုက်ရရင်ပဲ ငါကျေနပ်သွားတဲ့သူပါ နင်ငါ့ကို နဲနဲလေးဂရုစိုက်ပြလိုက်ရင်ကို ငါ့ရင်ဘက်က အရည်ပျော်သွားရတာ နင်ပြောသလို နင်ကိုငါ မျက်ကန်းချစ်မိသွားတာ

ငါခဏခဏ နင့်ဓာတ်ပုံတောင်းတာ ငါသတိရလွန်းလို့ပါ ငါကခံစားတက်လွန်းတော့ သူများထက်ပိုလွမ်းတက်လို့ပါ အဝေးမှာရှိနေတဲ့ နင့်အစား နင့်ဓာတ်ပုံက ငါ့ကိုနှစ်သိမ့်ပေးနိုင်လို့ပါ ဒါပေမယ့် နင်အမြဲစိတ်ဆိုးခဲ့ပါတယ်
အခုပြဿနာရဲ့အစကလဲ အဲ့ဒီ့ကိစ္စကနေ စတာပါ နင်မပို့ပေးချင်လို့ ငါအရွဲ့တိုက်ပြီး ယောင်္ကျားတစ်ယောက်ပုံ နင့်စီပို့လိုက်မိတာပါ အမှန်ဆိုရင် အဲ့ဒီ့ကလေး Acccount တောင် ငါ့စီမှာမရှိပါဘူး ငါ Oversea မှာ အလုပ်လုပ်တုန်းက ငါ့ကတစိမ်းဖြစ်နေတော့ ငါကို Care လုပ်ခဲ့တဲ့ ကလေးပါ ဘာပဲဖြစ်ဖြစ် နင်မကြိုက်တာ ငါလုပ်လိုက်မိတာ ဝန်ခံပါတယ် ပြန်တွေးကြည့်ရင်တော့ ရင်နာပါတယ် ချစ်သူဓါတ်ပုံတောင်းမိတာကနေ လမ်းခွဲရတာ အခုတော့ ငါလဲဓာတ်ပုံတောင်းစရာ မလိုတော့ပါဘူး ကိုယ်နဲ့မှမသတ်ဆိုင်တော့တာ နင်လဲစိတ်ဆိုးစရာ မလိုတော့ပါဘူး 

ငါ နင့်စီကို ဓာတ်ပုံပို့ပေးလို့ အထင်သေးတယ် မဟုတ်လား ငါမှာလဲမာနနဲ့သိက္ခာရှိပါတယ် အရှက်တရားလဲရှိပါတယ် ဒါပေမယ့် ငါ့ချစ်တဲ့သူအတွက့်တော့ ချစ်တဲ့စိတ်တစ်ခုကလွဲရင် ကျန်တာတွေ ငါဂရုမစိုက်တော့ဘူး

ကိစ္စတစ်ခုခုဖြစ်တိုင်း နင်ကအမြဲတမ်း နင့်မိန်းမနဲ့ငါ့ကိုယှဉ်ပြောတယ် ငါအရမ်းမုန်းတယ် ငါဘယ်တော့မှ Ex နဲ့နင့်ကို မယှဉ်ခဲ့ဘူး ယှဉ်စရာမလိုအောင် နင်ကငါ့အတွက့် ငါချစ်ရသူဖြစ်နေလို့

နင့်ကိုသစ္စာဖောက့်မှာ ကြောက်တယ် ဟားဟား ငါက နင့်သူငယ်ချင်းဓာတ်ပုံအောက်မှာ ရေးခဲ့တဲ့ ချစ်စရာလေးဆိုတဲ့ စကားလုံးတွေ့တာတောင် ကျိတ်ပြီး သွေးပျက်နေတဲ့ ကောင်ပါ ငါလဲ သစ္စာတရားကို တန်ဖိုးထားတဲ့လူပါ ငါ့ကိုထားခဲ့မှာ သိပ်ကြောက်တဲ့ကောင်ပါ တနေ့တော ချန်ရစ်ခံရတဲ့ဘဝမှာ အနည်ထိုင်သွားမှာပါ

ငါပြောချင်တာတွေ ပြောပြလိုက်ရလို့ 
ကျေးဇူးတင်ပါတယ် 
Facebook မှာ လဲ 
ငါ့ကိုပြန်မ Addပါနဲ့တော့ 
နင်တင်သမျှ 
Photos တွေ  Posts တွေ 
ငါမမြင်ရအောင် အကုန်ဖျောက်ထားပြီး 
ငါ့ကို Add ထားတော့ နင် ဘယ်တရားမလဲ
( အခုတော့ ငါ့ကို Blocked ထားတော့ ငါဘယ်လိုရှာရှာ နင့် Account ကို မတွေ့နိုင်တော့ပါဘူး.. )
Messenger လဲ ငါအဆင်ပြေသွားတဲ့တနေ့ 
နင့်ကို deleted လုပ်ပေးမှာပါ 
အခုလောလောဆယ်တော့ 
ငါ့ကိုထားခွင့်ပြုပါ
( Deleted လုပ်လိုက်ပါပြီ ဘယ်တော့မှ Active မဖြစ်တော့တဲ့ Account ကို အရူးတစ်ယောက်လို ထိုင်ကြည့်နေမယ့်အစား Deleted လုပ်ပေးလိုက်တာ ငါ့ကိုငါ သနားလို့ပါ.. ) 
ဝမ်မနည်းနေပါနဲ့ စိတ်မကောင်းမဖြစ်ပါနဲ့ နင်ပြောတဲ့အတိုင်း ငါလုပ်ပေးတာပါ နင်ပြောတဲ့ရက်ထက် ၅ရက်ပဲ 
နောက်ကျသွားတာပါ 

SAT AT 6:28 PM NOV 12
ကိုနဲ့တူတူတန်တန်လေးတွေဘဲ
ရွေးချယ်လိုက်ပါ
ငါလိုကေါင်ကိုသံယောဇဉ်ထားမနေပါနဲ့တော့နော်
bye  bye!!!!!!!!!!!!!!!!

နင်ပြောသလိုပဲ လူကြားထဲ ချပြလို့မရတဲ့ ချစ်သူကို ချပြမိလို့ 
နင်နဲ့ငါ လမ်းခွဲသွားတဲ့ အချိန်မှာ ငါ့ကို သူများအပြောခံရလဲ တစ်လပါပဲ တစ်လကျော်ရင် သူတို့ပြောစရာ အကြောင်းအရာအသစ် တွေ့သွားမှာပါ 

အစစ အရာရာ အဆင်ပြေပါစေ ချစ်သူ
အဆင်ပြေမယ်လို့လဲ ငါယုံကြည်ထားပါတယ်..။

အဆုံး။

19th November 2016
2:30Pm

ကို ငါနောက်ဆုံး အကြိမ်ခေါ်တာပါ။

ငါ့ Wall မှာ နင့်ပုံ Cover photo မတင်စေချင်ရင် မတင်နဲ့လို့ 
နင်ပြောပါလား ငါ ခွင့်တောင်းပါတယ် 
မေးပါတယ် နင် ပြန်မဖြေလို့ ငါ တင်လိုက်မိတယ် 
အဲ့ဒါကို စိတ်ဆိုးပြီး ငါ့ကို Blocked တယ်
Blocked ရအောင် နင့်အတွက့် အဲ့လောက်ကြီးကျယ်သွားလား

နင့်ဘက်က အရမ်းလွန်သွားပါပြီ တကယ်လွန်သွားပါပြီ ငါ တပတ်လုံးလုံး စိတ်ဆိုးပေမယ့် စိတ်လျော့ပြီး 
နင့်ကိုပြန်ချော့ပါတယ် ငါ့ဘက်ကမှားသွားလို့ နင်မကြိုက်တာလုပ်မိခဲ့လို့ အဲ့လောက့်အနိုင်ယူတာက မကောင်းပါဘူး နင့်အိမ်မှာ အငယ်ဆုံးဆိုပေမယ့် ငါ့ကို အဲ့လိုကြီး အနိုင်မယူသင့်ဘူးလေ

တော်ပါပြီ နင် FB ကို ပြန်အပ်ချင်အပ် မအပ်ချင်ရင် 
နေပါစေတော့ ထပ်ပြီးတော့ နင် နဲ့ပတ်သတ်သမျှ ဘာခံစားချက်မှ FB မှာ ငါ မတင်တော့ဘူး Messenger မှာလဲ ငါ မပို့တော့ဘူး

တစ်ပတ်ပြည့်သွားပြီဆိုတော့ 
နင် နေနိုင်သွားပြီမဟုတ်လား 
အဲ့လိုပဲ ဆက်နေလိုက်ပါ 
ငါ နင်နဲ့ခွဲပြီး မနေနိုင်ပါဘူး 
ဒါပေမယ့် ထပ်ကာထပ်ကာ 
ဒီ့ထက်ပို့ပြီး တွယ်ကပ်မနေတော့ပါဘူး 

ငါ တကယ်ရင်နာသွားပါပြီ။

ကျေးဇူးတင်ပါတယ် ချစ်သူ။

10th December 2016!!

ဒီ Post ကို ကျွန်တော်မတင်တော့ဘူးလို့ ဆုံးဖြတ်ထားတာပါ 
တစ်လပြည့်တဲ့ အချိန်မှာ ကျွန်တော့်ဘဝအစိတ်အပိုင်းတစ်ခုအဖြစ် သိမ်းထားချင်လို့ ကျွန်တော်တင်လိုက်တာပါ..
ကျွန်တော့်ကိုကျွန်တော် အခုထက်ပိုပြီး မခံစားတော့ပါဘူးလို့လဲ ကတိပေးထားပါတယ်..
သူများတကာတွေက တစ်ခါသေဘူး ပျဉ်ဘိုးနားလည်သွားတယ် ကျွန်တော်ကတော့ နှစ်ခါသေရတော့မှ အချစ်ဆိုတာ နားလည်သွားသူပါ.. ကျွန်တော်က အစွဲအလမ်းကြီးတော့ မေ့ပျောက်ဖို့ကို အချိန်တော်တော်ကြာပေးဆပ်ရအုန်းမှာပါ.. 
ဘယ်သူ့ကိုမှ အပြစ်မတင်တော့ပါဘူး အဖြစ်အပျက်အားလုံး ကျွန်တော့်ဘက်က မှားခဲ့တယ်လို့ပဲ ခံယူထားပါတယ်။

Wednesday, December 7, 2016

တဒင်္ဂ



နာကျင်ပေမယ့် ကျွန်တော်အမြဲတမ်း ဆုပ်ကိုင်ထားခဲ့တဲ့ လက်တစ်စုံကို ဒီတကြိမ်တော့ လွှတ်ချလိုက်ပြါပြီ။

တဒင်္ဂလေးဖြစ်ဖြစ် သူ့ကို ကျွန်တော်တင်းတင်းကျပ်ကျပ် ဖက်ထားချင်ခဲ့သူပါ..

တခါတလေကျတော့ ဘဝဟာလှပခဲ့ပေမယ့် တခါတလေကျတော့ ရက်စက်လွန်းပြန်တယ်..

အရင်ကတော့ နာကျင်သမျှကို ရင်ဘက်ထဲသိမ်းဆည်းထားခဲ့ပေမယ့် ဒီတစ်ကြိမ်တော့ ကျွန်တော်အန်ချလိုက်မိတယ်..

နာကျင်မှုနဲ့အတူ အချစ်တွေ အလွမ်းတွေ အမုန်းတွေ အကုန်လုံးအန်ချပြစ်လိုက်ချင်တာ စိတ်မကောင်းစွာနဲ့ပဲ ကျွန်တော့်အသွေးအသားထဲ သူတို့ရောက်နေတာ သိလိုက်ရတယ်..

၁နဲ့၁ပေါင်း ၂ပါ ကျွန်တော်က ၁နဲ့၁ပေါင်း ၁ရချင်သူဆိုတော့ ကျွန်တော့်ဘဝကိုပဲ ပြန်နှုတ်ပေးလိုက်ပါတယ်..

ခေါင်းမော့ ရင်ကော့ပြီး ဘဝကြီးကို ဟားတိုက်ရယ်မောလိုက်ချင်တယ် ကျွန်တော်အဓိပတိဖွားဆိုပြီးတော့ ခက်တာက ကျွန်တော့်အသဲကနူနေတယ်..

တစ်ချောင်းငင်မဟုတ်ပါဘူး နှစ်ချောင်းငင်ပါ ခဏခဏ နုပြနေတဲ့နှစ်လုံးသားကို နူပေးလိုက်တာပါ..

တဒင်္ဂလေးပါပဲ ချစ်သူကို ကျွန်တော် တင်းတင်းကျပ်ကျပ် ဖက်ထားပြီးတော့ ခပ်ဖွဖွလေး သူ့နဖူးနဲ့မေးဖျားလေးကိုနမ်းမယ် ပြီးရင် ကျွန်တော်သူ့ကို ထွက်သွားခွင့်ပေးလိုက်ပါပြီဆိုတာ ပြောပြချင်ယုံလေးပါ။

Wednesday, November 30, 2016

Good bye




Feel @ ခံစားချက်

28th November 2016!!

3:25 Pm

ကလေးတွေပြောတာ ခဏခဏကြားနေရတာ Feel နေတယ် ကျွန်တော်လဲ Feel နေတယ်ပေါ့ဗျာ..


အခုတစ်ခေါက်ကတော့ ချစ်သူကိုလဲ အပြစ်မတင်သလို ကျွန်တော့်ကိုကျွန်တော်လဲ အပြစ်မတင်ရက်ပါဘူး ရင်ဘက်နဲ့ချစ်ခဲ့လို့ ရင်နာရတာ နောက့်ဆို ရင်ဘက်နဲ့မချစ်တက်အောင် ကျွန်တော်သင်ယူရမှာပေါ့ဗျာ..


ကျွန်တော်က ခံစားချက်ကို ရှေ့တန်းတင်လွန်းတော့ ရင်နာရပြီဆိုရင် အကွဲအပြဲခံစားရတာ ငယ်တော့တဲ့အရွယ်မဟုတ်တော့ အရင်လို အကြမ်းကြီးမဟုတ်ပဲ လိမ်လိမ်မာမာလေး အသည်းကွဲတက်သွားပါတယ်..


ချစ်ခဲ့ပါတယ် ချစ်နေဆဲပါပဲ အချိန်ကြာသွားရင်တောင် ချစ်နေအုန်းမှာပဲ ချစ်တယ်ဆိုတဲ့ ခံစားချက်နဲ့တော့ ကျွန်တော်ချစ်သူစီ ဝပ်ဆင်းမှာမဟုတ်ပါဘူး ကျွန်တော်လဲလူသားတစ်ယောက်ဖြစ်လို့ အတ္တ မာန်မာန မကင်းပါဘူး ကျွန်တော်ကို မယုံကြည်တဲ့ နာကျင်အောင်လုပ်နေတဲ့ လူတစ်ယောက်ကို ကျွန်တော့်ဘဝလို့ မခံယူတော့ပါဘူး..


ကျွန်တော်က ထိရှလွယ်တယ် အပွန်းအပဲ့မခံနိုင်ဘူး ကျွန်တော်ပေးနိုင်တာ အချစ်တစ်ခုပဲရှိတယ် ကျွန်တော်လိုချင်တာလဲ အချစ်တစ်ခုပါပဲ ကျွန်တော်ပေးဆပ်သလောက် ပြန်မပေးနိုင်ရင်တောင် မစော်ကားပါနဲ့..


အရည်အချင်းရှိတဲ့ ယောင်္ကျားတစ်ယောက်အတွက့် မိန်းမမရှားပါဘူး ချစ်သူ ခင်ဗျားစီက အချစ်တစ်ခုပဲ လိုအပ်တဲ့ သူတော့တွေ့နိုင်မှာပါ..


ကျွန်တော် Feel တုန်းမှာပါ ၂လ ၃လလောက်တော့ ကျွန်တော့်ကို ကျွန်တော်လဲ Feel ခွင့်ပြုထားပါတယ် ဘယ်သူမှနားလည်မပေးလဲ ကိုယ့်ကိုကိုယ် နားလည်ပေးပါတယ်..


ကျွန်တော်ကိုကျွန်တော် ၁လလောက်တော့ အနားပေးလိုက်အုန်းမယ် နာကျင်တာတွေ မပျောက်သွားပေမယ့် သက်သာသွားပါစေဆိုတဲ့ အတွေးနဲ့ပေါ့ဗျာ..


နှုတ်ဆက်ခဲ့ပါတယ် ဒီဇင်ဘာ ကျွန်တော် ၂၀၁၆ကို ကြိုနှုတ်ဆက်ထားတာပါ နှစ်ကုန်ခါနီး ကျွန်တော်ရင်နာရတဲ့ အဖြစ်နဲကြုံခဲ့ရတော့ ' သူ ' မနှုတ်ဆက်ခင် ကျွန်တော်ကြိုနှုတ်ဆက်ခဲ့တာပါ..


Good Bye 2016 & Good Luck to you.

Sunday, November 27, 2016

Accept



အတိတ်ဆိုတာ ပြန်သွားလို့မရပါဘူး
ပစ္စုပန်ကိုပဲ ကျွန်တော်လက်ခံလိုက်ပါတယ်

တချို့အမှန်တရားတွေက လက်မခံချင်လောက်အောင် ခါးသက်လွန်းတယ် ဒါပေမယ့် ကျွန်တော်လက်ခံလိုက်တယ်

အချစ်နဲ့စစ်မှာ မတရားတာမရှိဘူးတဲ့ ကျွန်တော်များ တရားသဖြင့်တိုက်ပွဲဝင်ခဲ့မိသူလား

အချစ် အရှုံး အမုန်း အ နဲ့စတဲ့ စကားလုံးတွေကို ကျွန်တော်မုန်းသွားပြီ ဒဏ်ရာမကျက်သေးသရွေ့

နှစ်ခါသေဘူးတဲ့ ကျွန်တော်အတွက့် အချစ်ဆိုတာ ကပ်ဆိုး ရောဂါဆိုးလို ရွံ့ကြောက်ကြီး ဖြစ်သွားရတာ

အကောင်းမြင်ကြည့်တာပါ ဘုရားကများ တားစီးပေးတာလား ဒါမှမဟုတ် မာန်နတ်ကပဲ နှောင့်ယှက်နေတာလား တစ်ခုမှ မဟုတ်ဘူး ကျွန်တော်ကိုကျွန်တော် နှစ်သိမ့်ပေးတာ

စိတ်နုရင် ဒဏ်ရာထင်တယ် ကျွန်တော်စိတ်က နုတာများသွားလို့ နူသွားရတာပါ

ရင်ဘက်ချင်းနီးနီး ဝေးဝေး နားလည်မှုမပါဘဲ တည်ဆောက်ခဲ့ရင် ပြိုကျနိုင်တာပဲ ကျွန်တော်အုတ်မြစ်က သိပ်မနက်ပဲ မြေပျော့သွားတာ နေမယ်..

Saturday, November 19, 2016

Thanks



ထပ်ကာ ထပ်ကာ တွန်းထုတ်နေတဲ့ လူတစ်ယောက်စီမှာ ဒီထက်ပိုပြီး ကျွန်တော် တွယ်ကပ်မနေတော့ပါဘူး ဗျာ..
ဒီလထဲ ပြဿနာက အကြိမ်မရေတွက်နိုင်အောင် ဖြစ်ခဲ့ပါတယ် သူ့ဘက်ကလျော့ပေးခဲ့လို့ ကျွန်တော်လဲ ကျေအေးပေးခဲ့ပါတယ်..
ပြီးခဲ့တဲ့ စနေနေ့က ပြဿနာတက်တယ် ကျွန်တော်ကပြဿနာရှာမိလိုက်တာ စကားများရင်းနဲ့ ကလေးတစ်ယောက်ပုံ ပို့လိုက်မိတယ်..
ပို့ပို့ချင်း ပြဿနာကြီးသေးဘူး ကျွန်တော် အလုပ်ပြန်မှ ကျွန်တော်အဆက်အသွယ်လုပ်လို့ရသမျှ အကုန်ဖြတ်ပြစ်လိုက်တယ် စနေနေ့ တစ်ညလုံး ကျွန်တော်တောင်းပန်တယ် တနင်္ဂနွေနေ့ ကျွန်တော် Rush ဖြစ်နေတာတောင် Messenger ကနေ စာပို့ပေးနေတုန်း..
တနင်္ဂနွေညတော့ ကျွန်တော်ဒေါသထွက်ပြီး ကျွန်တော်ခံစားသမျှ ရေးပို့ပြီး သူ့ Account ကို Un လိုက်တယ် စောက်သုံးမကျပါဘူးဗျာ ညဘက်ကျတော့ ပြန် Add လိုက်ပါတယ် ကျွန်တော်ပဲ ကျေအေးလိုက်ပါတယ်..
တနင်္လာ အင်္ဂါ ဗုဒ္ဓဟူး ကျွန်တော်တောက်လျောက် အဆက်အသွယ်လုပ်ပါတယ် Don't care ဗျာ စောက်ဂရုစိုက်စရာ မလိုဘူးပေါ့ဗျာ ကျွန်တော်က ယောင်္ကျားမမြင်ဘူးဖူးလို့ သတ်မှတ်ထားတာနေမှာပေါ့..
စောက်သုံးမကျတဲ့ ကျွန်တော်က ကြာသာပတေးနေ့မှာ အရုပ်ကြိုးပြတ်သွားတယ် တနေ့လုံးခွေနေတယ် ညနေကျတော့ ဒုတိယမိ ရင်တွင်းဖြစ်တွေရေး ထပ်ပို့ Account ကို Un ကျွန်တော်က ပုဇွန်ဦးနှောက်ကောင်လေ ခေါင်းထဲမှာ ချီးပဲရှိတယ်..
အမှတ်မရှိတဲ့ ရင်ဘက်က ပြန်ပြီးဝပ်တွားတာတောင် ကျွန်တော့်ကို စောက်ဂရု နဲနဲလေးမှ မစိုက်ဘူးဗျာ..
သောကြာ ထုံးစံအတိုင်း အချော့တော်ပေါ့ဗျာ ကျွန်တော့်စီတော့ မပို့ပါဘူး သူ့ Account မှာ ဓါတ်ပုံတင်တယ် ကျွန်တော်ဝမ်းသာလုံးစို့ပြီး Down လိုက်တယ်..
ဒီနေ့ ၈ရက်မြောက့်နေ့ မိုးလင်းထဲက ကျွန်တော်တစ် ' ကို ' ထဲ ' ကို ' နေမိတယ် အဲ့လိုခေါ်ရတာ ကျွန်တော်တက်မြတ်နိုးတာပါ စနေဆိုပေမယ့် japan side က supplier က viber ကနေ စာတဒေါင်ဒေါင်ပို့ ဖုန်းတဂွမ်ဂွမ်ခေါ် ကျွန်တော်လဲ Busy ဖြစ်နေတာတောင် သူ့စီစာပို့နေပါတယ်
သူ့ Messenger က Active Now ပြနေတာ..
၁နာရီခွဲမှာ ပြဿနာအကြီးကြီးတက်တော့တာပဲ မနေ့ကသူ့ပုံကို ကျွန်တော် Cover photo တင်လိုက်ပါတယ် ကျွန်တော်ခွင့်တောင်းပါတယ် ခပ်ရိုင်းရိုင်းပြောမယ်ဗျာ
ကျွန်တော့်စောက့်ဆင့်နဲ့ တက်မလာနဲ့ပေါ့ အဖတ်မလုပ်ဘူးပေါ့ဗျာ ကျွန်တော့်စကားလုံး အရမ်းကြမ်းနေပါမည် သီးခံပါ..
Blocked သွားပါသည် FB ရော Messenger ရော..
သေလောက်အောင်ချစ်ပါသည် ထပ်ပြီးတော့ မခံစားတော့ပါဘူး လွမ်းလွန်းလို့ သတိရလွန်းလို့ ကျွန်တော်မသာဖြစ်သွားရင်တောင် ထပ်ြပြီးတော့ မဆက်သွယ်တော့ပါဘူး မပတ်သတ်တော့ပါဘူး ဗျာ။
ကျုပ်ခံစားချက်တွေ ခင်ဗျားရေးပါဆိုတောင်မှ
ကျုပ်ဘယ်တော့မှ မရေးတော့ဘူး ဗျ။
ခင်ဗျားက မင်းသားဇာတ်ရုပ်နဲ့ ပိုသင့်တော်ပါတယ်
အထာရဿ ၁၈ပါးလုံးကျွမ်းကျင်လို့
ကျုပ်ကတော့ လူကြမ်းကြီးပဲလုပ်ပါတော့
မယ် ချစ်တာတစ်ခုထဲ သင်ခဲ့မိလို့
ဒါပေမယ့်
ကျုပ် ဒဿတော့မဟုတ်ပါဘူး
ရာမမင်းသားလဲမဖြစ်ချင်ခဲ့ပါဘူး
လူမသိသူမသိ လက္ခဏာဖြစ်ခဲ့ရင် ကျုပ်
ကျေနပ်ပါပြီ..
#မကြာမကြာအတိတ်ကိုကျွန်တော်ပြန်တမ်းတရန်
#Thanks_for_post_2020

Tuesday, November 15, 2016

ပျော်ရွှင်မှု


Credit : https://goo.gl/images/LHCs2p



Happy ကျွန်တော်ပြောခဲ့ဘူးပါတယ်..

What is life?

Live for happy.

ပျော်ရွှင်မှုလို့ ရေးထားပေမယ့် ကျွန်တော်တကယ့် လက်ရှိအချိန်မှာ ဝမ်းနည်းနေပါတယ် ဗျာ..

မခံစားတော့ပါဘူး အချစ်ဆိုတာကို ဒီထက်ပိုပြီးတော့ ဘဝမှာ တကြိမ်မှားဘူးတယ် နောင်တရဘူးတယ် ဒီတကြိမ်တော့ ကျွန်တော်မမှားခဲ့ပါဘူး နောင်တလဲ မရချင်ပါဘူး အဲ့အတွက့် ကျွန်တော်ခြေစုံရပ်လိုက်ပြီ..

အများကြီး မဟုတ်ပါဘူး အခုကပြီး ၃နာရီ ၄၃မိနစ်ကျော်လွန်ရင် ကျွန်တော်အရင်လို stable ဖြစ်သွားမှာပါ ဖြစ်သွားပါလို့လဲ ကျွန်တော်ဆုတောင်းပါတယ် ဗျာ..

12th Nov 2016 At 6:28 Pm

~

15th Nov 2016 At 6:28 Pm

AKZ,

Thanks for everything.

ဒီ Post ကိုတော့ ကျွန်တော် Draft ထဲ မထည့်တော့ပါဘူး ဗျာ

အတိတ်ဆိုတာကို ကျွန်တော် ပြန်လည်ခံစားလို့ ရတာပေါ့ဗျာ။

Friday, November 11, 2016

ဒုက္ခ



4 days
5 hours
some minutes..

ကျွန်တော်ရူးချင်နေပါပြီ..

သတိရလွန်းလို့ပါ အမှတ်မရှိတဲ့ အသဲက ဘယ်နှစ်ခါတောင် ကွဲချင်နေလဲ မသိချင်တော့ပါဘူး..

အချစ်တဲ့ စကားလုံးလေး နှစ်လုံးထဲ တည်ဆောက်ထားလို့သာ စကားလုံးများများနဲ့သာ တည်ဆောက်ထားရင်တော့ ကျွန်တော်တစ်ယောက် ကျွမ်းပြန်နေပါပြီ အခုလဲ ကျွမ်းမပြန်ယုံတမယ်ပါပဲ..

အလွမ်းတဲ့ ဘာမှမထူးပါဘူး စကားလုံးတည်ဆောက်ခဲ့တဲ့ ဆရာသမားတွေပဲ ဦးကုန်းချရမလား ချစ်တက် လွမ်းတတ်လွန်းတဲ့ ကိုယ့်ကိုကိုယ် ကော်ပြီးဆဲရမလား မတွေးတော့ပါဘူး..

သောက်မှတ်မရှိတဲ့ ရင်ဘက်က အချစ်ဆိုတာကို နောက်တစ်ကြိမ် ပေးဝင်တယ်..

သောက်ကျင့်မကောင်းတဲ့ နှလုံးသားက သူ့ကိုဗျာ တသဲထဲသဲနေမိတယ်..

တနေ့တနေ့ ကျွန်တော်ရေးမိတဲ့ စကားလုံးတွေကိုသာ စုထားမယ်ဆိုရင်..

ကမ္ဘာသူ ကမ္ဘာသားအားလုံး ချစ်တက်ကြပါစေ ချစ်နိုင်ကြပါစေ ကျွန်တော်တစ်ယောက်ထဲ ချစ်တက်နေရင် မတရားဘူးလေဗျာ..

Friday, November 4, 2016

ကျွန်တော်လူယုတ်မာ




ပြုံးယုံတင် မကပါဘူး

ကျွန်တော် ခပ်တိုးတိုးလေး

ရယ်နေလိုက်ပါတယ်..

ဆုမတောင်းချင်တော့ပါဘူး

နောင်ဘဝဆိုတာ

အဝေးကြီးကျန်သေးတာပဲ..


ကျေးဇူးတင်ပါတယ်

အဲ့ဒီစကားလုံးတော့

ပြောခဲ့ပါရစေ..


တချို့လူတွေက

ယုတ်မာတယ်

တချို့လူတွေက

လှည့်စားတယ်

အဲ့ထက်ယုတ်မာပက်စက်တဲ့လူ

ကျွန်တော်ကတော့

ရိုးအခဲ့ပါတယ်..။


၄၊၁၁၊၁၆။

Tuesday, November 1, 2016


အသက်၃၈နှစ်အရွယ် သူက အသက်၃၆နှစ်အရွယ် ကျွန်တော်ကို့ ချစ်မိတဲ့အခါ ဒုက္ခတော်တော်ရောက်ရပါတယ် ကျွန်တော်က မရင့်ကျတ်သေးတော့ ကျွန်တော်လုပ်သမျှ သူ့အတွက့်အနှောင့်အယှက် ဖြစ်စေပါတယ်..

   ကျွန်တော်ကလည်း ကျွန်တော်ပါပဲ အခုထိကိုမရင့်ကျတ်နိုင်သေးဘူး သူကလူကြီးဆန်ဆန် တည်တည်ငြိမ်ငြိမ် နေသလောက့်  ကျွန်တော်ကတော့ လုပ်ငန်းကိစ္စကလွဲရင် ပေါ့ပေါ့ပါးပါးပဲနေပါတယ် သူပြောသလိုဆိုရင်တော့ အလေးမထားဘူး ပေါ့ပေါ့နေတယ်ပေါ့ဗျာ..

   ကျွန်တော်နှစ်ယောက် ငယ်သူချင်းဆိုပေမယ့် သူငယ်ချင်းအတိုင်းအတာလောက့်သာ ရင်းနှီးခဲ့ရတာပါ အခုတော့ ကျွန်တော်တို့နှစ်ယောက် ချစ်သူဖြစ်တော့ ကွာဟချက်တွေ အများကြီးပါ အများဆုံးက ကျွန်တော့်ဘက်က လိုအပ်ချက်တွေပါ..

   သူမကြိုက်ဆုံးအလုပ်က ကျွန်တော်သူ့ကို ကစားသွားမှာ ကျွန်တော်ဘက်ကလည်း မကစားရက်ပါဘူး ကျွန်တော်ကိုယ်တိုင် ကစားခံရတဲ့သူဖြစ်ခဲ့တော့ အဲ့ဒီခံစားချက်ကို ကျွန်တော်အသိဆုံးပါပဲ..

   မနေ့က ကျွန်တော့်ဘက်က မှားသွားတယ် သူသံယဝင်စရာ လုပ်မိသွားတယ် ကျွန်တော့်ဘက်က ပြန်တောင်းပန်ပေမယ့် သူစိတ်ဆိုးသွားတယ် ဟူး မောပါတယ်ဗျာ..

   အချစ်ဆိုတာကျွန်တော့်အတွက့် အသက်အရွယ်နဲ့ မဆိုင်ဘူးထင်ပါတယ် ကျွန်တော်အသက် သက်တမ်းတဝက်ကျော်ပေမယ့် သူနဲ့ပတ်သက်ရင် ခံစားချက်တွေ အပွန်းအပဲ့မခံနိုင်သေးပါဘူး..

   သူနဲ့ပတ်သတ်ရင် ကျွန်တော်ရဲ့ ခံစားချက်တွေ မကုန်နိုင်ပါဘူး ကျွန်တော့်ဘက်က အမှားလုပ်မိတော့လဲ ကျွန်တော်သီးခံပေးပါတယ် ကျွန်တော်အလျော့ပေးတာ အချစ်ဆိုတဲ့ ခံစားခံကြာင့်ပါ..

Wednesday, October 12, 2016

အပြုံး

Credit : https://goo.gl/images/wfPRPl


အဲ့ဒီကဗျာလေးကို

ကျွန်တော်နှစ်သက်သွားတာ

မနေ့တစ်နေ့ကလေးတင်ပါ..

နှစ်သုံးဆယ်လုံးလုံး

ကျွန်တော် ကြံကြံ့ခံထားတဲ့တောင်ကုန်းကို

သူမ ပြုံးပြုံးကြီးသိမ်းပိုက်သွားတာ..


ဒီနေ့လည်း အဲ့ကဗျာလေးကို

ကျွန်တော်ရွတ်နေမိတယ်

နှစ်အတော်ကြာ

ကျွန်တော်မေ့ထားခဲ့တဲ့ ရင်ဘက်ကြီးကို

ချစ်သူက ဖွဖွလေးလှုပ်နိုးသွားတာ..


ဖန်သားပြင်ပေါ်မှာမမြင်ရတဲ့

သူ့အပြုံးဟာ

ကျွန်တော်အတွက့် အေးချမ်းလိုက်တာ..


ဘာမှမတည်မြဲတဲ့လောကကြီးမှာ

အချစ်ဆိုတာကရော မတည်မြဲပါဘူး

မတည်မြဲခြင်းကြားမှာနေထိုင်ရင်း

ချစ်သူကို ကျွန်တော်ငေးကြည့်ချင်သူပါ..။

Thursday, October 6, 2016

ပြစ်ဒဏ်


သူက ကျွန်တော့်ကို 

နားလည်မပေးနိုင်ခဲ့တာ မဟုတ်ခဲ့ပါဘူး

လောကသင်ရိုးမကျေခဲ့တဲ့ ကျွန်တော်သာ 

သူနားလည်နိုင်အောင် မကြိုးစားခဲ့မိတာပါ..


ဝဋ်လည်တယ်လို့ပဲ

သဘောထားလိုက်ပါတယ်

တစ်ဦးတစ်ယောက်ကို အနိုင်ယူခဲ့သမျှ

တစ်ခြားတစ်ယောက်ကို အရှုံးပေးခဲ့ပါတယ်..


တစ်ချိန်က နာကျင်ရင် 

ရွှေဘုန်းလူကဗျာတွေနဲ့ 

ဖြေသိမ့်ခဲ့ပေမယ့်

အခုတော့ နာကျင်ရင်

အကြည်တော်ဝတ္တုတွေနဲ့ 

ကုစားလိုက်ပါတယ်..


အနုပညာဆန်တယ်လို့

မခိုင်းနှိုင်းရဲပါဘူး

ကျွန်တော့်စိတ်ဓာတ်က

ပျော့ညံ့လွန်းလို့ပါ..


ရင်ဘက်ကို ဟောင်းလောင်းဖွင့်လည်း

ထွက်ကျလာစရာ စကားလုံးမရှိတော့ပါဘူး

အရှင်လတ်လတ် လွမ်းပြရအောင်လည်း

ချစ်သူဆိုတာ ဘုရားမပေးခဲ့တဲ့ 

ကျွန်တော်အတွက့် ပြစ်ဒဏ်ပါ..


မျိုးကြီးရဲ့

ဆန့်ကျင်ဘက်နဲ့ ကတ္တီပါလမ်းခွဲက

ကျွန်တော်ဆိုတဲ့ လူအတွက် အခုချိန်မှာ

အရမ်းချို မြနေသလိုပါပဲ..။

Tuesday, October 4, 2016

သူမ


ဘုရားစူး

ရွက်ကြမ်းရည်ကျို

သူမအတွက့်

အမေမွေးပြီး

ဘုရားပေးခဲ့တဲ့အလှ..


ဘာသားနဲထုထု

မိန်းမဆိုတာ

လှချင်တဲ့စိတ်အတွက့်

တစ်ကိုယ်လုံး သေခဲ့ဘူးသူ..


ရူးခဲ့သမျှသာအရာထင်ရင်

မယ်စင်္ကြာဝဠာက

ဦးညွတ်အရှုံးပေးရမှာ..


ပုံပြင်လေးအဆုံးမှာတော့

ချစ်သူရဲ့ စိတ်ကူးထဲမှာတောင်

သူမ မလှပနိုင်ခဲ့ပါဘူး..


ဘုရားမကြားမှာစိုးရိမ်လို့

အကျယ်ကြီး ဆုတောင်းလိုက်ပါတယ်

နောက့်ဘဝသာရှိခဲ့ရင်

လှလှလေး မွေးပေးပါအမေ..။

Friday, September 30, 2016

ရှင်သန်ခြင်း


လူ့ဘဝဆိုတာကို ကျွန်တော်လွယ်လွယ်လေး တွေးခဲ့မိသူပါ လက်တွေ့မှာတော့ လူ့ဘဝဆိုတာကြီးက ခက်ခဲကြမ်းတမ်းလွန်းလှပါတယ်..

        ကျွန်တော် ၃ရက်လောက် လောကကြီးနဲ့ အဆက်အသွယ်ပြတ်သွားတယ် ခဏခဏနေမကောင်းဖြစ်ပေမယ့် အခုလောက်မခံစားခဲ့ရဘူး လူကတစ်ကိုယ်လုံးပူလောင်နေပြီး ကိုယ်ခန္ဓာက လက်ဝှေ့ရုံကအားကစားအိတ်လို နေရာမလပ်နာကျင်နေတယ်..


        ခဏလေးနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားရင်တောင် အဲ့ဒီ့အခိုက်အတန့်ကို နတ်စည်းစိမ်အလား ထင်မိခဲ့ပါတယ်..


        တစ်နှစ်မှာ ရက်သပ္ပတ်တစ်ပတ်လောက်သာ အားထုတ်မိတဲ့ သမထလည်း အဲ့ဒီအချိန်မှာ မကယ်နိုင်ပါဘူး ကျွန်တော်ခံစားရတာတွေ အဆုံးသတ်သွားအောင် အရှင်လတ်လတ် အသက်ထွက်ချင်မိတယ်..


        မိသားစု မကြာသေးခင်ကမှ ကျွန်တော်စွန့်ပစ်လိုက်တဲ့ စကားစုက အခုချိန်မှာတော့ ကျွန်တော်အတွက့် အိုအေစစ် စစ်စစ်ကြီးဖြစ်သွားရတာ..


        ချစ်သူ အဲ့စကားလုံးကို ကျွန်တော့်သွေးသားထဲကနေ ဖောက်ထုတ်လိုက်ပါပြီ သူ့အတွက့် ကျွန်တော်ဟာ အိုအေစစ် မဟုတ်နိုင်သလို ကျွန်တော်အတွက့် သူဟာလည်း အဖြည့်ခံလူသား မဖြစ်သင့်ပါဘူး..


         လွန်ခဲ့တဲ့ရက်သပ္ပတ်က ကျွန်တော့်ရင်ခုန်သံဟာ အခုချိန်မှာတော့ တကယ့်ကို တိုးတိတ်သွားပါပြီ..


        ဘဝမှာ ချစ်သူစစ်စစ်နဲ့ ရန်သူစစ်စစ် ရှိရင်ပြည်စုံပါပြီတဲ့..


        ရန်သူစင်စစ်က ကျွန်တော့်ကိုထားခဲ့ပြီး၊ ကျွန်တော်ကတော့ ချစ်သူစင်စစ်ကို ထားခဲ့လိုက်ပါပြီ..


        ဘဝဆိုတာလည်း ခက်ခဲကြမ်းတမ်းလွန်းသလို အချစ်ဆိုတာလည်း ကျွန်တော်အတွက့် ဆူးခင်းလမ်းလိုပါပဲ အခုတော့ ကျွန်တော့်ဘဝ အရာရာ ပြည့်စုံသွားပါပြီ..။

Friday, September 23, 2016

မချိုသော


ဒီတစ်ခါတော့ ကျွန်တော်အသည်းကွဲသွားတာ မဟုတ်ပါဘူး အသည်းခွဲလိုက်တာပါ..


        ကျွန်တော်မဖြည့်စည်းပေးနိုင်တဲ့ ဘဝတစ်ခုကို စွန့်လွှတ်လိုက်တာ ကျွန်တော်မမှားခဲ့ဘူးထင်ပါတယ် ကျွန်တော်တို့နှစ်ယောက် မဆုံစည်းသင့်တဲ့အချိန်မှာ ပြန်ဆုံရတာ ကံကြမ္မာရဲ့ကြည်စယ်ခြင်းလားဆိုတာ မတွေးတော့ပါဘူး..


        ဘဝကခါးတယ်လို့ ကျွန်တော်မပြောရက်ပါဘူး ကျွန်တော်ကိုယ်တိုင်ကမချိုဘူးသူပါ..

   

        အချစ်တဲ့ လှလိုက်တဲ့စကားတစ်ရပ် ကျွန်တော့ဘဝထဲကိုတော့ လှလှပပဝင်လာပြီး စုတ်စုတ်ပြတ်ပြတ် ထွက်သွားရတဲ့ မျက်နှာမွဲခံစားမှုပါ..


        ချစ်တယ် အဲ့ဒီ့စကားလုံးကို လက်လွပ်စပါယ် ကျွန်တော်မပြောရဲတော့တာ ကြာပါပြီ အဖြူရောင်ကို အရောင်မဆိုးရက်တော့ပါဘူး ခင်ဗျားတို့အတွက့် အချစ်ဆိုတာ အညှီအဟောက်ပါချင်ပါမယ် ကျွန်တော်လိုချင်တာက မေတ္တာတရားပါ..


        ရင်ဘက်ချင်းတူတာတောင် လက်တွဲဖြုတ်ခဲ့နိုင်သူအဖြစ် ဘယ်ဘဝမှ မကြုံချင်တော့ပါဘူးဗျာ..


        သူ့ကို ကစားနေလားလို့ မေးတက်တဲ့ချစ်သူရဲ့နှုတ်ဆက်စကားက ကျွန်တော့်အတွက် မချိုပါဘူး..


စိတ်ချ လုံးဝမပက်သက်စေရပါဘူး
ကိုယ်အဆင့်ကအပျော်တမ်းအဆင့်ဆိုတာနားလည်ပီးသားပါ မိန်းမတွေကဒီလိုပါဘဲ
ဒီစာကနောက်ဆုံးဖြစ်ပါလိမ့်မယ်

နာခံရမှာပေါ့ဗျာ ကျွန်တော့်ချစ်သူစကားပဲ ကျွန်တော်လိုက်နာရမှပေါ့


ဒီတစ်ခါတော့ ကျွန်တော်အသည်းကွဲသွားတာ မဟုတ်ပါဘူး အသည်းခွဲလိုက်တာပါ ရင်ဘက်ထဲကနေ အသံသဲ့သဲ့ကြားလိုက်ပေမယ့် ကျွန်တော်ပြုံးနေလိုက်ပါတယ် အချစ်ဆိုတာ ကျွန်တော်အတွက့် အရောင်စွန်းထင်းခံလို့မရတဲ့ အဖြူရောင်ခံစားမှုသပ်သပ်ပါ..။

Wednesday, September 21, 2016

လူဗာလာနံ



     

အိပ်ယာကနေ ကျွန်တော်နိုးလာတော့  နေ့လည်၁၂နာရီထိုးတော့မယ် လူကအိပ်ရေးဝပေမယ့် စိတ်တွေနောက့်ကျိနေတယ် ကြာပါပြီ ကျွန်တော်စိတ်ညစ်နေတာ  မျက်နှာလည်း မသစ်ပဲ အိပ်ယာထဲမှာ Internet ဖွင့်ပြီး Blog ကို  ပြင်ချက်တာတွေပြင်လိုက်တာ  နေ့လည်၂နာရီထိုးသွားတယ်..

       

         အဲ့အချိန်ထိ မျက်နှာမသစ်ရသေးဘူး  ပြီးတော့ 18+ တွေဖွင့်ကြည်လိုက်တယ် ညစ်နေတဲ့စိတ်က ပိုမွန်းကြပ်သွားပြီး  ဒေါသတွေထွက်လာတယ် အိပ်ယာသိမ်းပြီး ပထမဆုံးအကြိမ် မှန်ကြည့်ပြီးငိုမိတယ်..


        အသက်ကြီးလာတော့ လိုချင်တပ်မက်မှုတွေကို ရွံရှာလာတယ် ကျွန်တော့်ကိုယ်ကျွန်တော် ဆုံးမလိုက်တယ် အချစ် ဘဝ မိသားစု အကုန်လုံးကို ထားခဲ့လိုက်ပါတယ် ကျန်ရှိနေတဲ့ဘဝအတွက့် ကျွန်တော်ဆိုတဲ့ လူတစ်ယောက်အတွက်ပဲ ရှင်သန်လိုက်ပါတယ်.. 


        လိုချင်တာတွေများလာတော့  ကျွန်တော့်ဘဝ မာန အတ္တ အသိညာဏ် အကုန်လုံးပါပဲ စွန်းထင်းကုန်တယ် ကတိမတည်တဲ့ လူတစ်ယောက်စီကနေ ကျွန်တော်ကတိမတောင်းတော့ပါဘူး  လောဘနည်းပြီး အရိုးသားဆုံးရှင်သန်သွားဖို့ပဲ ကျွန်တော်ကြိုးစားတော့မယ်..


        မျက်နှာသစ်ပြီးတော့ ပုကန်ဆေးစင်ထဲက ပုကန်တွေဆေးရင်း သီချင်းနားထောင်တယ် ရန်နိုင်ရဲ့ ဂစ်တာကာဗာသီချင်းတွေပါ ကျွန်တော် အနှစ်သက်ဆုံးက ဂစ်တာသံပါ ကျွန်တော်အရမ်းကြိုက်ပေမယ့် ဂစ်တာတီးဖို့ တစ်ခါမှမကြိုးစားခဲ့ပါဘူး သူများတွေ ဂစ်တာကာဗာသီချင်းတွေတင်ရင် အကုန်လုံး ကျွန်တော်ကူးထားမိတယ် ဂစ်တာသံက ကျွန်တော်အတွက့် စိတ်ငြိမ်ဆေးတစ်ခွက်ပါ..


        နောက်ဖေးမီးဖိုချောင်ကို ကျွန်တော့်ကမ္ဘာလုပ်ရင်း မီးဖိုချောင်ရှင်းလိုက်တာ အမှိုက်ထုပ်၄ထုပ်ရတယ် အိပ်ယာနိုးထဲကနေ ကော်ဖီ၂ခွက်နဲ့ နှစ်ပါးသွားလိုက်တာ ညနေစောင်းသွားတယ် ရေချိုး အမှိုက်သွားပြစ်ပြီး ငါးမုန့်ကြော်တစ်ထုပ်နဲ့ အိပ်ယာပေါ်ပြန်ရောက်လာတယ်..


          Blog ရေးရင်းနဲ့ ညအိပ်ယာဝင်ခါနီး ဓာရဏပရိတ်ရွတ်ဖို့ ဦးနှောက်က သတိပေးနေတယ် ကျွန်တော်အတွက့် ရှင်သန်ပေမယ့် ခံစားချက်မဲ့တော့လူအဖြစ်နဲ့တော့ ကျွန်တော်မနေနိုင်ပါဘူး ထိရှလွယ်တဲ့ ရင်ဘက်အစား ကတ္တူတစ်ထပ်ဖုံးထားတဲ့ ရင်ဘက်ကို အစားထိုးလိုက်တာပါ လူ့ဘဝရဖို့ ခက်ခဲတာထက် လူအဖြစ်နေထိုင်ဖို့ ကျွန်တော်အတွက့် ပိုခက်ခဲပါတယ်..။

Monday, September 19, 2016

ကျွန်တော် ၂၀၁၀ထဲက ကျွန်တော့်နာမည်နဲ့ Blog စရေးဖြစ်ပါတယ် ၂၀၁၁မှာတော့ ရေးချင်တာရေးဖို့ နောက်ထပ် Blog တစ်ခုထပ်ရေးဖြစ်တယ် ၂၀၁၂၊ ၂၀၁၃၊ ၂၀၁၄ မှာ ကျွန်တော်မရေးဖြစ်သလောက့်နီးပါး အဆက်အသွယ်ပြတ်သွားတယ်..

၂၀၁၆မှာ ကျွန်တော်ပြန်ရေးဖြစ်တော့ Blog က သက်တမ်းကုန်ခါနီးပြီ

အဲ့ဒါနဲ့ပဲ ကျွန်တော့်နှလုံးသားရပ်ဝန်းနာမည်နဲ့ဒီနေ့စရေးဖြစ်တယ်..

သူများတွေက Blog ရေးတာ ပညာရှင်အဆင့်ပါ ကျွန်တော်ကတော့ မူလတန်းအဆင့်ပါ ခံစားချက်သပ်သပ်ရေးတာပါ ကျွန်တော့်ရေးတဲ့စာဖတ်ပြီး အပျင်းပြေတယ်ဆိုရင် ကျွန်တော်ကျေးဇူးတင်ပါတယ်ဗျာ..။